• Follow Us on

Home အစ္စရေးတိုက်ခိုက်မှုကြောင့် ဟားမတ်စ်အဖွဲ့ထိပ်တန်းခေါင်းဆောင်သေဆုံးသွားတဲ့အတွက် စေ့စပ်ညှိနှိုင်းရေး ရှုပ်ထွေးလာကြောင်း ကာတာဝန်ကြီးချုပ်ပြော

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟားမတ်စ်အဖွဲ့ထိပ်တန်းခေါင်းဆောင်သေဆုံးသွားတဲ့အတွက် စေ့စပ်ညှိနှိုင်းရေး ရှုပ်ထွေးလာကြောင်း ကာတာဝန်ကြီးချုပ်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈

 

လက်ဘနွန်နိုင်ငံ ဘေရွတ်မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် ဟားမတ်စ်အဖွဲ့ထိပ်တန်းခေါင်းဆောင် ဆာလက် အ လာရူးရီသေဆုံးသွားတဲ့အတွက် ဓားစာခံအရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ ကြိုးပမ်းရာမှာ အလွန်ရှုတ်ထွေးလာ စေကြောင်း ကာတာဝန်ကြီးချုပ် ရှိတ်ခ်မိုဟာမက်ဘင် အဗ္ဗဒူလာမန် အယ်သာနီက အဖမ်းခံထားရတဲ့ အမေရိ ကန်နဲ့ အစ္စရေးဓားစာခံခြောက်ဦးရဲ့ မိသားစုတွေကို ပြောကြားလိုက်ပါတယ်။

 

အစ္စရေးဓားစာခံတွေရဲ့ မိသားစုဝင်ေွကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ပထမဦးဆုံးအကြိမ် ခေါ်ယူတွေ့ဆုံနေစဉ်အ တွင်းမှာ ကာတာဝန်ကြီးချုပ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြားမှာ သွယ်ဝိုက်ပြီး စေ့စပ်ညှိနှိုင်းနိုင်အောင် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာတာနိုင်ငံဟာ ဂါဇာဒေသမှာ စစ်ပွဲခဏရပ်နားပြီး ပါလက်စတိုင်းအကျဉ်းသားတွေကို ထပ်မံစေလွှတ်ပေးရင်း ဖမ်းဆီးခံဓားစာခံ ၄၀ ထက်မနည်း ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး သဘောတူညီချက် အ သစ်ရရှိအောင် ဆက်လက်ကြိုးပမ်းနေပါတယ်။

 

ဒါပေမဲ့ လတ်တလောအဖြစ်အပျက်တေါက စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ဟန့်တားပိတ်ဆို့ထားပါတယ်။

 

အစ္စရေးတပ်တွေ ဂါဇာဒေသက ပြန်လည်ဆုတ်ခွာရေးအပါအဝင် သဘောတူညီချက်အသစ်တစ်ရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဟားမတ်စ်အဖွဲ့ကတောင်းဆိုခဲ့ပေမဲ့ အစ္စရေးက အဲဒီအဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသမှာ ဟားမတ်စ်အဖွဲ့ ဒုတိယခေါင်းဆောင် ဆာလက်အလာရူးရီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် တင်းမာမှုတွေကို ပိုမိုမြင့်တက်လာပါတယ်။

 

ဆာလက်အလာရူးရီ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးနိုင်ငံကြား စေ့စပ်ဆွေးနွေးမှုတွေကို ထိခိုက်စေခဲ့ကြောင်း တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၇ ရက်နေ့) ဒိုဟာမြို့မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာတာဝန်ကြီးချုပ်က အတည်ပြုပြောကြားပါတယ်။

 

ကာတာနိုင်ငံအနေနဲ့ စေ့စပ်ညှိနှိုင်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာတာဝန်ကြီးချုပ် ရှိတ်ခ် မိုဟာမက်က ပြောပါတယ်။

 

Ref: Israel’s assassination of senior Hamas official in Beirut complicates deal efforts, Qatar’s PM told captive families: report

 

#PeopleMedia


Share this post