အစ္စရေးနယ်စပ်က ဂီတပွဲတော်ကျင်းပနေတဲ့နေရာတစ်ခုမှာ အရပ်သား ၂၅၀ ဝန်းကျင်ကို ဟားမတ်စ်အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း အစ္စရေး NGO တစ်ခုက စေတနာ့ဝန်ထမ်းတစ်ဦးပြော

PUBLISHED - October 10, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၀
ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံကို အောက်တိုဘာလ ၇ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာမှာ ဂါဇာကမ်းမြောင် ဒေသနဲ့ ထိစပ်နေတဲ့ အစ္စရေးပိုင်နက်ထဲက နေရာတစ်ခုမှာကျင်းပနေတဲ့ ဂီတပွဲတော်တစ်ခုကို တက်ရောက်လာ တဲ့ အရပ်သား ၂၅၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့က စေတနာ့ဝန်ထမ်းတစ်ဦးက တနင်္လာနေ့က ပြောကားလိုက်ပါတယ်။
“အဲဒီဂီတပွဲကျင်းပနေတဲ့နေရာမှာပဲ လူပေါင်း ၂၀၀-၂၅၀ လောက်ရဲ့အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။” လို့ အလောင်းတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ NGO တစ်ခုဖြစ်တဲ့ ဇာကာ (Zaka) အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် မိုတီဘတ်ဂျင်က ပြောပါတယ်။
ဟားမတ်စ်စစ်သွေးကြွအဖွဲ့တွေ နယ်စပ်ဒေသကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ဂါဇာကမ်းမြောင်ဒေသအနီး တစ်ဝိုက် အစ္စရေးနယ်မြေထဲက တွေ့တဲ့သူတွေကို ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးတောင်ပိုင်းမှာ လူဦးရေ ၇၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
“ကျွန်တော် ဇကာအဖွဲ့မှာ စေတနာ့ဝန်ထမ်းလုပ်လာတာ ၂၈ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့နှစ်နှစ်က ဘာသာရေးအခမ်းအ နားတစ်ခုကျင်းပနေတုန်း မီရွန်အခြေချစန်းနေရာမှာ လူအုပ်ကြီးတိုးတဲ့ကြားမှာ အလုပ်လုပ်ခဲ့ရပြီးနောက် ကျွန် တော့်ဘဝတော့ သွားပြီလို့ ထင်လိုက်မိတာ။” လို့ ဘတ်ဂျင်က ပြောပါတယ်။
“အဲဒီတုန်းက တစ်နေရာတည်းမှာ အလောင်း ၄၅ လောင်းတွေ့တော့ ကျွန်တော်အနားယူချင်ခဲ့တယ်။ ကမ္ဘာ ပျက်မတတ်ကျွန်တော်ထင်ခဲ့မိတယ်။ ဒါပေမဲ့ အခုတွေ့တဲ့ အခြေအနေက ပိုပြီးဆိုးရွားတဲ့အခြေအနေဖြစ်ပါ တယ်။” လို့ ၎င်းက AFP သတင်းဌာနကို ပြောပါတယ်။
ဘတ်ဂျင်ဟာ အစ္စရေးတောင်ပိုင်းကို ပြန်သွားခါနီးမှာ AFP သတင်းဌာနနဲ့ ဖုန်းပြောနေတာဖြစ်ပါတယ်။
၎င်း အလုပ်လုပ်နေတဲ့ ဇာကာအဖွ့ဲဟာ ဂျူးဥပဒေနဲ့အညီ အလောင်းတွေကောက်ယူပေးနေတဲ့ ဘာသာရေး NGO အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
“သူတို့ (ဟားမတ်စ်တွေ) ဟာ မယုံနိုင်လောက်တဲ့နည်းလမ်းနဲ့ လူတွေကို သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။” လို့ စနေနေ့က အဲဒီဂီတပွဲတော်ကျင်းပနေစဉ်အတွင်း ကစ်ဘ်ဘတ်ဇ်ရိမ်းအနီးမှာ ၎င်းမြင်ခဲ့ရတာကို ဘတ်ဂျင်ကပြန်ပြောပြခဲ့ပါတယ်။
Ref: 250 Dead at Site of Music Festival Attacked by Hamas: Israeli NGO
#PeopleMedia