• Follow Us on
Latest News

Home အစ္စရေးနိုင်ငံကို တိုက်ခိုက်နေတာတွေ ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အီရန်ပြော

အစ္စရေးနိုင်ငံကို တိုက်ခိုက်နေတာတွေ ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အီရန်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂

 

ဒေသတွင်းစစ်ပွဲကြီးတစ်ခုဖြစ်ပွားလာမှာ စိုးရိမ်နေစဉ် အီရန်ရဲ့ ရန်လိုတိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမှာဖြစ် ကြောင်း အစ္စရေးနဲ့ အမေရိကန်က ပြောကြားနေစဉ် နောက်ထပ်ကျူးကျော်လာမှာကို ဟန့်တားတဲ့အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ အစ္စရေးနိုင်ငံအပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂ ရက်နေ့) အစောပိုင်းက ပြောကြားလိုက်ပါတယ်။

 

အင်္ဂါနေ့က တိုက်ခိုက်မှုအတွက် အီရန်နိုင်ငံ နောက်ဆက်တွဲဆိုးကျိုးတွေကြုံတွေ့ရအောင် တုံ့ပြန်ရာမှာ ကာလ ရှည်မဟာမိတ်ဖြစ်တဲ့ အစ္စရေးနိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောပါ တယ်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားသလို ဥရောပသမဂ္ဂကလည်း အပစ်အခတ် ချက်ချင်းရပ်ဖို့ တောင်းဆိုထားပါတယ်။

 

“အစ္စရေးက နောက်ထပ်လက်တုံ့ပြန်ဖို့ မစီစဉ်ဘူးဆိုရင် ကျွန်တော်တို့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်မှာဖြစ်ပါ တယ်။ အစ္စရေးက ဆက်လက်တိုက်ခိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ ပိုအားကောင်းပြင်းထန် လာမှာဖြစ်ပါတယ်။” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အေရတ်ချီက ဗုဒ္ဓဟူးနေ့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

အစ္စရေးကတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဟစ်ဘိုလာတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ လက်ဘနွန်နိုင်ငံတောင်ပိုင်း ဘေရွတ်မြို့က ပစ်မှတ်တွေကို သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

အီရန်နိုင်ငံဟာ အင်္ဂါနေ့က အစ္စရေးနိုင်ငံထဲကို ပဲ့ထိန်းဒုံးကျည် အစင်း ၁၈၀ ကျော်ပစ်ခတ်ခဲ့တဲ့အတွက် ဂျေရု ဆလမ်နဲ့ ဂျော်ဒန်မြစ်ဝှမ်းဒေသရှိ အစ္စရေးပြည်သူတွေကို ဗုံးခိုကျင်းတွေထဲမှာ ဝင်နေဖို့ သတိပေးထားပါတယ်။

 

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ လူတစ်ဦးသေဆုံးခဲ့တာကလွဲလို့ အစ္စရေးနိုင်ငံမှာ တခြား သေဆုံး / ဒဏ်ရာရသတင်း တွေ ထွက်ပေါ်လာခြင်းမရှိပါဘူး။ အီရန်နိုင်ငံကတော့ ၎င်းတို့တိုက်ခိုက်မှုဟာ ခုခံစစ်ဖြစ်ပြီး အစ္စရေးစစ်တပ်ကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောပါတယ်။

 

အစ္စရေးနိုင်ငံက စစ်သွေးကြွခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှုနဲ့ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟစ်ဘို လာတွေကို လက်ဘနွန်နိုင်ငံထဲအထိ ဝင်ရောက်တိုက်ခိုက်မှု၊ ဂါဇာဒေသထဲကို ဝင်ရောက်တိုက်ခိုက်မှုတို့ အ တွက် ၎င်းတို့က လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

 

အီရန်ဒုံးကျည်တွေကို အစ္စရေးနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်ညွန့်ပေါင်း ကာကွယ်ရေးအဖွဲ့က ကြားဖြတ် ပစ်ချခဲ့ကြောင်း အစ္စရေး ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟဂ္ဂရီက ပြောပါတယ်။

 

“အီရန်ဟာ အခုညမှာ အမှားအယွင်းကြီးကြီးတစ်ခုကို လုပ်ခဲ့တာမို့လို့ အဲဒီအမှားအယွင်းအတါက် ပြန်ပေးဆပ်ရ ပါလိမ့်မယ်။” လို့ အစ္စရေးဝန်ကြီးချုပ် နတန်ယာဟုက ပြောပါတယ်။

 

အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ တစ်နှစ်နီးပါး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လာရာကနေ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရာ လက်ဘနွန်နိုင်ငံထဲမှာ လူဦးရေ ၁,၉၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၉,၀၀၀ ကျော် ဒဏ် ရာရရှိခဲ့ကြောင်း လက်ဘနွန်အစိုးရက အင်္ဂါနေ့က ပြောပါတယ်။

 

Ref: Iran Says It Has Finished Attack on Israel amid Fears of Spreading Conflict

 

#PeopleMedia


Share this post