• Follow Us on

Home အစ္စရေးနိုင်ငံကို ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ဒုံးကျည် ၉ မျိုး ပိုင်ဆိုင်ထားကြောင်း အီရန်ပြော

အစ္စရေးနိုင်ငံကို ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ဒုံးကျည် ၉ မျိုး ပိုင်ဆိုင်ထားကြောင်း အီရန်ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၈

 

အီရန်နဲ့ အစ္စရေး စစ်ဖြစ်လာခဲ့ရင် အစ္စရေးနယ်မြေတွေကို တိုက်ခိုက်ဖို့အတွက် အီရန်နိုင်ငံမှာ ဒုံးကျည်အမျိုးအ စား ၉ မျိုးရှိကြောင်း အီရန်သတင်းဌာန ISNA က ပြောကြားလိုက်ပါတယ်။

 

အီရန်နိုင်ငံမှာ ဆီးဂျေးဒုံးကျည်၊ ခို်င်ဘာဒုံးကျည်၊ အီးမတ်ဒုံးကျည်၊ ရှာဟဘ်-၃ ဒုံးကျည်၊ ဂါဒါဒုံးကျည်၊ ပေ့ဗ်ဒုံး ကျည်၊ ဖာတာ-၂ ဒုံးကျည်၊ ခိုင်ဘာရှီကန်ဒုံးကျည်နဲ့ ဟက်ကာဆမ်ဒုံးကျည် စတဲ့ဒုံးကျည်အမျိုးအစား ၉ မျိုး ပိုင် ဆိုင်ထားပါတယ်။

 

အဲဒီဒုံးကျည်တွေဟာ Mach 5 ကနေ Mach 14 (အသံရဲ့ ၅ ဆကနေ ၁၄ ဆအထိ) အမြန်နှုန်းရှိတဲ့ ဒုံးကျည် တွေဖြစ်ပြီး တစ်နာရီကို ၃,၈၃၆ မိုင်ကနေ ၁၀,၇၄၁ မိုင်အထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက အီရန်နိုင်ငံကို တိုက်ခိုက်ဖို့ ကာလရှည်ကတည်းက တိုက်တွန်းခဲ့ ပေမဲ့ လူဦးရေ ၈၈ သန်းကျော်ရှိတဲ့ အီရန်နိုင်ငံမှာ စွမ်းရည်ရှိတဲ့ လက်နက်တွေပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

 

ဧပြီလ ၁ ရက်နေ့မှာ အစ္စရေးက ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို လေ ကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ အီရန်စစ်ခေါင်းဆောင်နှစ်ဦးအပါအဝင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။

 

ဒါ့အပြင် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားလူမျိုး ၄ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးကျော် ဒဏ်ရာ ရခဲ့ကြောင်းလည်း ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ပြီး ရန်လိုတဲ့သူတွေကို အပြစ်ပေးဖို့အတွက် အီရန်နိုင်ငံမှာ လုပ်ပိုင်ခွင့်ရှိ ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုအတွက် အစ္စရေးနိုင်ငံဟာ တန်ဖိုးကြီးကြီး ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့လည်း အီရန်သမ္မတ အီဘရဟမ်ရိုင်ဆီကလည်း ပြောပါတယ်။ “ကမ္ဘာပေါ်မှာ အစ္စရေးသံရုံးမှန်သမျှ လုံခြုံမှုရှိမှာ မဟုတ်တော့ဘူး။” လို့ အီရန်စစ်အကြံပေး ဗိုလ်ချုပ်ကြီး ရာဟမ် ဆာဖာဗီကလည်း တနင်္ဂနွေနေ့က ပြောပါတယ်။

 

Ref: Iran warns it Has Nine Types of Missiles Able to Strike Israeli Territory

 

#PeopleMedia


Share this post