• Follow Us on

Home အစ္စရေးနိုင်ငံက ယခုနှစ်အတွက် ထိုင်းလုပ်သား ၁၃,၀၀၀ ထပ်မံခေါ်ယူမည်

အစ္စရေးနိုင်ငံက ယခုနှစ်အတွက် ထိုင်းလုပ်သား ၁၃,၀၀၀ ထပ်မံခေါ်ယူမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

 

အခုနှစ် အစ္စရေးလယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ထိုင်းလုပ်သား ၁၃,၀၀၀ ထပ်မံ လျှောက်ထားနိုင်ကြောင်း အစ္စရေး လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး Avi Dichter က ပြောကြားလိုက်ပါတယ်။

 

အလုပ်သမားဝန်ကြီး ဖိဖတ်ရတ်ချာကစ်ပရာကန်နဲ့ အလုပ်သမားဦးစီးဌာန (DoE) ညွှန်ကြားရေးမှူးချုပ် ဆမ်ချိုင်းမိုရာ ကက်ဆရီဝန်တို့ပါဝင်တဲ့ ထိုင်းအဆင့်မြင့်အရာရှိတွေဟာ ဂျေရုမလမ်မြို့မှာ မစ္စတာ Dichter နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

 

ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ Beit Hilkia မြို့ကို အင်္ဂါနေ့က ရောက်ရှိသွားခဲ့ရာ မစ္စတာ Dichter က လာရောက်ကြိုဆိုခဲ့ ကြောင်း မစ္စတာဖိဖတ်က ပြောပါတယ်။

 

အဲဒီနောက် ထိုင်းကိုယ်စားလှယ်တွေဟာ ရေနဲ့ သဲမြေ အခြေခံ hydroponics နည်းပညာအသုံးပြု စိုက်ပျိုးထားတဲ့ Leafresh စိုက်ခင်းကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

 

ခရီးစဉ်အတွင်း ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ခေတ်မီနည်းစနစ်တွေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်နေတဲ့ ထိုင်းလုပ် သား ၁၅ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

 

အဲဒီထိုင်းလုပ်သား ၁၅ ဦးဟာ ရေအရည်အသွေးနဲ့ အပူချိန် စောင့်ကြည့်လေ့လာထိန်းချုပ်ရေးအတွက် ကွန်ပျူတာ ထိန်း ချုပ်ရေးစနစ်အသုံးပြုပြီး သီးပင်စားပင်တွေ စိုက်ပျိုးနေတဲ့လုပ်ငန်းမှာ ခေတ်သစ်စိုက်ပျိုးရေး နည်းပညာ (smart farming technology) ကို လေ့လာသင်ယူထားသူတွေ ဖြစ်ပါတယ်။

 

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တွေ လှည့်လည်လေ့လာကြည့်ရှုပြီးနောက် ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ မစ္စတာ Dichter နဲ့ ဆွေးနွေးခဲ့ရာ အခုနှစ် အစ္စရေးလယ်ယာလုပ်ငန်းအတွက် ထိုင်းလုပ်သား ၁၃၀၀၀ ကို တိုးမြှင့်ခေါ်ယူသွား မှာဖြစ်ကြောင်း မစ္စတာ Dichter က ပြောပါတယ်။

 

မစ္စတာဖိဖတ်ကလည်း ထိုင်းနိုင်ငံအနေနဲ့ အစ္စရေးစိုက်ပျိုးရေးလုပ်ငန်းခွင်အတွက် လိုအပ်တဲ့လုပ်သားတွေ ထပ်မံ ထောက်ပံ့ပေးဖို့ အသင့်ရှိနေကြောင်း ပြောပါတယ်။

 

ထိုင်းလုပ်သားတွေအနေနဲ့ သင့်တော်တဲ့လုပ်ငန်းရရှိဖု့ိနဲ့ ၎င်းတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ လစာမြင့်မြင့် မားမားရရှိ ရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ သက်မွေးဝမ်းကျောင်းကဏ္ဍမှာ လုပ်သားတွေရဲ့ လိုအပ်ချက်တွေကို အစ္စရေး နိုင်ငံက ပြောကြားပေးဖို့ မစ္စတာဖိဖတ်က ပြောပါတယ်။

 

အခုလို ဆောင်ရွက်ရင် နိုင်ငံသားတွေ နိုင်ငံထဲက တရားမဝင်ခိုးထွက်သွားပြီး တရားမဝင်လုပ်သားတွေအဖြစ် အလုပ် လုပ်ကိုင်နေရတဲ့ဘဝကိုလည်း ကာကွယ်ဟန့်တားပြီးသားဖြစ်သွားကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းဝန်ကြီးရဲ့ပြောဆိုချက်ကို အစ္စရေးနိုင်ငံဘက်က သဘောတူညီခဲ့ပြီး အစ္စရေးအာဏာပိုင်တွေ အထူးသဖြင့် အစ္စရေး လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ဒီလုပ်ငန်းစဉ်တွေကို ကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးဘက်က ပြောကြောင်း မစ္စတာဖိဖတ်က ပြောပါတယ်။

 

အဲဒီနောက် ထိုုင်းကိုယ်စားလှယ်အဖွဲ့ဟာ ဆိုလာစွမ်းအင်နဲ့ ခေတ်မီစိုက်ပျိုးရေးစနစ်ကို ပေါင်းစပ်အသုံးပြုနေတဲ့ စိုက်ပျိုး ရေးလုပ်ငန်းခွင် (agrivoltaics farm) တစ်ခုကို သွားရောက်ခဲ့ပါတယ်။

 

အဆိုပါစိုက်ပျိုးရေးလုပ်ငန်းကို ထိုင်းလုပ်သားတွေအပါအဝင် လုပ်သား ၇၄ ဦးနဲ့ လည်ပတ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

အဲဒီစိုက်ပျိုးရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ ထိုင်းလုပ်သားတွေဟာ အချိန်ပိုလုပ်ခ မပါဘဲ တစ်လကို ဘတ်ငွေ ၆၀,၀၀၀ ဝန်းကျင်ရရှိပြီး အဲဒီအထဲက တစ်လကို ဘတ်ငွေ ၃၀,၀၀၀-၄၀,၀၀၀ ဝန်းကျင်ကို ထိုင်းနိုင်ငံက မိသားစုတွေထံ လစဉ်ပြန်ပို့နိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Israel offers 13,000 more jobs to Thais

 

#PeopleMedia


Share this post