• Follow Us on
Latest News

Home အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများနေရပ်ပြန်လိုပါက မြန်မာသံရုံးသို့ဆက်သွယ်နိုင်

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများနေရပ်ပြန်လိုပါက မြန်မာသံရုံးသို့ဆက်သွယ်နိုင်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉

 

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက မြန်မာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း မြန်မာသံရုံး တဲလ်အဗီးမြို့မှ ထုတ်ပြန်ထားသည်။

 

အစ္စရေးနိုင်ငံတွင်း အောက်တိုဘာ ၇ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမတ်စ်အကြမ်း ဖက်အဖွဲ့၏ ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများကြောင့် လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပြည်ပ နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရရှိခြင်း သတ်ဖြတ်ခံရခြင်းများ ရှိနေကြောင်း ကြားသိရပြီး ဟားမတ်စ် အကြမ်း ဖက်အဖွဲ့သည် ပြည်ပနိုင်ငံအချို့မှ နိုင်ငံသားများကို ဓားစာခံအဖြစ် ပြန်ပေးဆွဲထားခြင်းများ ဖြစ်ပွား လျက်ရှိနေ ကြောင်း မြန်မာသံရုံး တဲလ်အဗီးမြို့၏ ထုတ်ပြန်ထားသည်။

 

အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့နေ ရခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် နေရပ်ပြန်လိုသူများ ရှိပါက မြန်မာသံရုံး တဲလ်အဗီးမြို့သို့ ဆက်သွယ်နိုင် ကြောင်း၊ ဆက်သွယ်၍ရသည့် ဖုန်းနံပါတ်များမှာ ရုံးဖန်ုး (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၄၄၆၄၊ Hot Line-၀၅၈ ၇၈၉၉၁၇၇, ၀၅၈ ၄၀၈၁၃၄၇ သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် အစ္စရေးနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသော အခြေအနေအရ အစ္စရေးနိုင်ငံ Home Front Command၏ မစ်ဆိုင်းလ်အချက်ပေးသုံများနှင့် လိုက်နာရမည့် လမ်းညွှန်ချက်များအတိုင်း အချိန်နှင့် တပြေးညီ သိရှိလိုက်နာ ဆောင်ရွက်ရန် မြန်မာသံရုံး တဲလ်အဗီးမြို့မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post