အစ္စရေးမှာ အဆင့်မြင့် THAAD ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဖြန့်ချထားပြီးဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ကြေညာ

PUBLISHED - October 22, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၂
အစ္စရေးကို အီရန်တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေစဉ်အတွင်း လက်ရှိအချိန် မှာ အဆင့်မြင့် THAAD ဒုံးကျည်ကာကွယ်ရေးစနစ် အစ္စရေးနိုင်ငံကို ရောက်ရှိနေပြီဖြစ်ကြောင်း ပင်တဂွန်စစ် ဌာနချုပ်အကြီးအကဲ လွိုက်သြစတင်က ပြောကြားလိုက်ပါတယ်။
အခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အီရန်နိုင်ငံက ပြီးခဲ့တဲ့လ အစောပိုင်းက အစ္စရေးကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုကခိုက်ခဲ့တာကို အစ္စရေးက ပြန်လည်တုံ့ပြန်ဖို့ ပြင်ဆင်နေစဉ်အတွင်း အခုလို အမေရိကန်ရဲ့ THAAD (Terminal High Altitude Area Defense) ဒုံးကျည်ကာကွယ်ရေးစနစ်ကို တပ်ဖြန့်ချထားလိုက်တာဖြစ်ပါ တယ်။
“THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို တပ်ဖြန့်ချထားလိုက်ပြီဖြစ်ပါတယ်။” လို့ သြစတင်က သတင်းထောက် တွေကို ပြောကြားခဲ့ကြောင်း တနင်္လာနေ့ (အောက်တိုဘာ ၂၁ ရက်နေ့) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီလက်နက်စနစ် စစ်ဆင်ရေးတာဝန် ထမ်းဆောင်မှာလား မထမ်းဆောင်ဘူးလားဆိုတာကို ကျွန်တော်တို့ ပြော ကြားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလက်နက်စနစ်တစ်ခုလုံး ချက်ချင်း တာဝန်ထမ်းဆောင်နိုင်အောင် ဆောင် ရွက်နိုင်တဲ့အရည်အချင်း ကျွန်တော်တို့ဆီမှာရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အစ္စရေးကို အစ္စရေးမှာ တပ်ဖြန့်ချသွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာန ချုပ်က အောက်တိုဘာလ ၁၃ ရက်နေ့က ကြေညာခဲ့ပါတယ်။
THAAD ဒုံးကျည်အစိတ်အပိုင်းတွေနဲ့အတူ ရှေ့ပြေးအမေရိကန်တပ်ဖွဲ့ဝင်တွေ အစ္စရေးနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပြီး နောက်ထပ် လက်နက်တွေနဲ့ တပ်ဖွဲ့ဝင်တွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ပတ်ရွိုင်ဒါက ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။
အီရန်နိုင်ငံကပစ်ခတ်တိုက်ခိုက်လာမယ့် ဘယ်လိုပဲ့ထိန်းဒုံးကျည်ရန်ကမဆို အစ္စရေးနိုင်ငံနဲ့ အစ္စရေးနိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တွေကို ကာကွယ်ပေးသွားမှာဖြစ်တယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကတိကဝတ်ကို အခုလို တပ်ဖြန့်ချထားမှုက သက်သေပြလိုက်တာပဲဖြစ်ကြောင်း ရွိုင်ဒါက ပြောပါတယ်။
အီရန်နိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း အစ္စရေးကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီလမှာတိုက်ခိုက်ခဲ့တဲ့ ပထမအကြိမ်က ဒမတ်စကပ်မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုဟာ အစ္စရေးလက်ချက်လို့ ပြောဆိုခဲ့ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလက ဒုတိယအကြိမ်တိုက်ခိုက်မှုက တော့ အရှေ့အလယ်ပိုင်းဒေသက စစ်သွေးကြွအုပ်စု ခေါင်းဆောင်တွေကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့တာ ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကို အမေရိကန်စစ်သင်္ဘောတွေနဲ့ ဂျက်တိုက်လေယာဉ်တွေက အကာအကွယ်ပေးခဲ့ ပေမဲ့ အခုလို အမေရိကန်အစိုးရက THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အစ္စရေးမြေပြင်မှာ တိုက်ရိုက် တပ် ဖြန့်ချထားလာတာဟာ တိုက်ရိုက်ထိခိုက်လာနိုင်တဲ့နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ THAAD ဒုံးကျည်ကာကွယ် ရေးစနစ်ကို တပ်ဖွဲ့ဝင် ၉၅ ယောက်က ကိုင်တွယ်ပစ်ခတ်ရတာဖြစ်ပါတယ်။
THAAD ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို လောင်ချာ ၈ စင်းပါဝင်တဲ့ ထရပ်ကား ၆ စင်းနဲ့ ဖွဲ့စည်းထားပြီး ရေဒါစနစ်တစ်ခု၊ ပစ်ခတ်မှုထိန်းသိမ်းရေးအစိတ်အပိုင်းတစ်ခုပါဝင်ပါတယ်။
Ref: Advanced US Missile System ‘in Place’ in Israel: Pentagon
#PeopleMedia