• Follow Us on

Home အစ္စရေးမှာ အလုပ်လုပ်ချင်တဲ့ ထိုင်းလုပ်သား ၃၀,၀၀၀ အနက် ၅,၀၀၀ ရွေးချယ်ခံရ

အစ္စရေးမှာ အလုပ်လုပ်ချင်တဲ့ ထိုင်းလုပ်သား ၃၀,၀၀၀ အနက် ၅,၀၀၀ ရွေးချယ်ခံရ

Share this post

နိုင်ငံတကာ၊ မေ ၁၁

 

အစ္စရေးနိုင်ငံ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်ဖို့ ထိုင်းလုပ်သား ၃၀၀၀၀ ကျော် ကြိးစားလျှောက် ထားခဲ့ပေမဲ့ လုပ်သား ၅၀၀၀ သာ အလုပ်ရရှိခဲ့ကြောင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DoE) က ပြောကြားလိုက်ပါတယ်။

 

ပြည်ပနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေနေတဲ့ ထိုင်းလုပ်သားတွေဟာ အစ္စရေးနိုင်ငံကို စိတ်ဝင်စားနေဆဲပဲ ဖြစ်ပြီး ထိုင်းလုပ်သား ၃၀၁၈၆ ဦးက အစ္စရေးမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတယ်လို့ ပြောကြောင်း DoE ညွှန်ကြားရေး မှူးချုပ် ဆမ်ချိုင်းမိုရာကုတ်ဆရီဝန်က ပြောပါတယ်။

 

သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ဆန်းစစ်လေ့လာမှုတွေဆောင်ရွက်ခဲ့သလို ထိုင်းလုပ်သားတွေ ဘေးကင်း လုံခြုံရေးနဲ့ပတ်သက်ပြီး အစ္စရေးသံရုံးက အာမခံပြောကြားပြီးတဲ့နောက် အစ္စရေးကို ထိုင်း လုပ်သားတွေစေလွှတ်တာကို ဆိုင်းငံထားမှုကို DoE က သောကြာနေ့ (မေလ ၁၀ ရက်နေ့) က ပြန် လည်ရုပ်သိမ်းလိုက်ပါတယ်။

 

ထိုင်းလုပ်သားတွေကို ဘေးကင်းလုံခြုံတဲ့နယ်မြေတွေမှာသာ အလုပ်ခန့်ထားမှာဖြစ်ပြီး အန္တရာယ်တစ်ခုခု ကျ ရောက်လာတဲ့အခါ ဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းရေးအစီအစဉ်အပါအဝင် အရေးပေါ်တုံ့ပြန်မှုတွေ ကိုပါ စီစဉ်ထားကြောင်း အစ္စရေးသံရုံးက အာမခံချက်ပေးခဲ့တယ်လို့ မစ္စတာဆမ်ချိုင်းက ပြောပါတယ်။

 

အခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းလုပ် သား ၅၀၀၀ ကို ရွေးချယ်ထားကြောင်း အစ္စရေး လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ရေးရာအာဏာပိုင်အဖွဲ့ (PIBA) က ပြောပါတယ်။

 

ပထမဦးဆုံးသွားမယ့် လုပ်သား ၁၂၀၀ ဟာ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုအပြီး ပြီးခဲ့ တဲ့နှစ် အောက်တိုဘာ-နိုဝင်ဘာလမှာ ကန့်သတ်ရပ်ဆိုင်းထားတဲ့အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့ကို ထိုင်းနိုင်ငံက မထွက်ခွာမီ အရေးပေါ်အခြေအနေမှာ ဘယ်လိုနေထိုင်ရမှာဆိုတာ သင်တန်းတွေပေးပြီး သင်ကြားသွား မှာဖြစ်တယ်လို့ ဆို ပါတယ်။

 

အစ္စရေးနိုင်ငံ မြောက်ပိုင်းနယ်စပ်နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အကြမ်းဖက်မှုတွေဟာ ဆက်လက်တည်ရှိ နေဆဲဖြစ်တဲ့အတွက် ထိုင်းလုပ်သားတွေအနေနဲ့ အစ္စရေးအာဏာပိုင်တွေထုတ်ပြန်တဲ့ ဘေးကင်းလုံခြုံမှု ဆိုင်ရာလုပ် ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ တဲလ်ဗစ်မှာရှိတဲ့ ထိုင်းသံရုံးက အကြံပေး ထားပါတယ်။

 

ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေအနီးတစ်ဝိုက်မှာနေထိုင်တဲ့ ထိုင်းလုပ်သားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မလုံ ခြုံဘူးထင်လို့ ရွှေ့ပြောင်းချင်တယ်ဆိုရင် အကူအညီတောင်းခံနိုင်ရေးအတွက် သံရုံးကိုဆက်သွယ်ဖို့ တိုက်တွန်း ထားပါတယ်။

 

မိမိနေထိုင်ရာနေရာမှာ အရေးပေါ်စားနပ်ရိက္ခာတွေ စုဆောင်းထားဖို့လည်း ထိုင်းလုပ်သားတွေကို အကြံပေးထားပါတယ်။

 

ဟားမတ်စ်တွေက အစ္စရေးကို မတိုက်ခိုက်ခင် အစ္စရေးနိုင်ငံမှာ ထိုင်းလုပ်သား ၂၉၉၀၀ အလုပ်လုပ်နေ ကြောင်း ဖေဖော်ဝါရီလက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီအချိန်ကစပြီး ထိုင်းလုပ်သား ၉၆၉၇ ဦး ထိုင်းနိုင်ငံကို ပြန်လာခဲ့ရာ အစ္စရေးနိုင်ငံမှာ လုပ်သား ၂၀၂၀၃ ဦး ဆက်လက်အလုပ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

 

ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် ထိုင်းလုပ်သား ၃၉ ဦးသေဆုံးခဲ့ပြီး ဖမ်းထားတဲ့ဓားစာခံ ၂၃ ဦး ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ ဟားမတ်စ်တွေလက်ထဲမှာကျန်ရှိနေတဲ့ ထိုင်းဓားစာခံ ၈ ဦးရဲ့ ကံကြမ္မာက တော့ ဘယ်လိုရှိတယ်ဆိုတာ မသိရသေးပါဘူး။

 

Ref: 30,000 Thai workers vie for quota of 5,000 jobs in Israel

 

#PeopleMedia


Share this post