အစ္စရေးရဲ့ Iron Dome နဲ့ အပြိုင် တူရကီက Steel Dome ဒုံးခွင်းဒုံးစနစ် တည်ဆောက်မည်
PUBLISHED - August 13, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၃
အစ္စရေးရဲ့ နာမည်ကျော် Iron Dome နဲ့ အပြိုင်ဆောင်ရွက်မယ့် အဆင့်ဆင့်ပြုလုပ်ထားတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုကို ဒီဇိုင်းရေးဆွဲတည်ဆောက်မယ့် စီမံကိန်းလုပ်ငန်းကို တူရကီနိုင်ငံက စတင်ဆောင် ရွက်လိုပြီဖြစ်ပါတယ်။
Steel Dome လို့ အမည်ပေးထားတဲ့ အဲဒီဒုံးခွင်းဒုံးစနစ်ဟာ AI နည်းပညာကို အသုံးပြုပြီး အမြင့်ပေမျိုးစုံ/ အ ကွာအဝေးမျိုးစုံကလာတဲ့ ခြိမ်းခြောက်မှုတွေကို ခြေရာခံဖော်ထုတ်ပြီး ပစ်ချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစနစ်ဟာ ရာသီမရွေး လုံခြုံအောင်ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောကွန်ရက်ထဲကို အာရုံခံကိရိယာ (ဆင်ဆာ) တွေနဲ့ လက်နက်စနစ်တွေအားလုံးကို ပေါင်းစပ်ထည့်သွင်းပြီး အသုံးပြုနိုင်ကြောင်း ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးဥက္ကဋ္ဌရုံး (SSB) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Steel Dome လေကြောင်းရန်ကာကွယ်ရေးစနစ်/ ဒုံးခွင်းဒုံးစနစ်ထဲမှာ RADNET ရေဒါလင့် စီမံခန့်ခွဲမှုစနစ်နဲ့ ချိတ်ဆက်ထားတဲ့ တူရကီနိုင်ငံထုတ် HiSAR ဒုံးကျည်၊ SiPER ဒုံးကျည်နဲ့ GURZ ဒုံးကျည်တွေကို ထည့်သွင်း ဖွဲ့စည်းထားပါတယ်။
အထပ်အဆင့်ဆင့်ပြုလုပ်ထားတဲ့ ဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ T-link လို့ လူသိများတဲ့ တူရကီ ထုတ် ဂြိုဟ်တုတစ်လုံးနဲ့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။
အခုစီမံကိန်းကို Aselsan လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ၊ Rocketsan လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ၊ SAGE ကုမ္ပဏီ၊ Mechanical and Chemical Industry Corporation တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ် ပါတယ်။
အစ္စရေးနဲ့ Iron Dome ဒုံးခွင်းဒုံးစနစ်နဲ့ နှိုင်းယှဉ်ရင် တူရကီရဲ့ Steel Dome လေကြောင်းရန်ကာကွယ်ရေးစနစ် မှာ အလွန်နီးကပ်တဲ့တာတိုပစ်ဒုံးကျည် (very short range) ၊ တာတိုပစ်ဒုံးကျည် (short range)၊ တာလတ် ပစ်ဒုံးကျည် (medium range) နဲ့ တာဝေးပစ်ဒုံးကျည် (long range) တို့ကို အဆင့်လိုက်ကာကွယ်သွားမယ့် စနစ်ကို တည်ဆောက်ထားတာဖြစ်ပါတယ်။
တာတိုပစ်ဒုံးကျည်တွေနဲ့ တာလတ်ပစ်ဒုံးကျည်တွေ အပါအဝင် Steel Dome ဒုံးခွင်းဒုံးစနစ်မှာ ပါဝင်တဲ့လက် နက်တွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းအများအပြားဟာ တူရကီတပ်မတော်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ တွေမှာ ရရှိနိုင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။
Steel Dome ဒုံးခွင်းဒုံးစနစ်ရဲ့ ပထမအဆင့်ဟာ ၁၀ ကီလိုမီတာ (၆ မိုင်) အကွာအဝေးနဲ့ အမြင့် ၅ ကီလိုမီတာ (၃ မိုင်) အကွာအဝေးကလာတဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်မှာဖြစ်ကြောင်း အစ္စတန်ဘူလ်အခြစိုက် Daily Sabah သတင်းဌာနက ပြောပါတယ်။
Steel Dome ဒုံးခွင်းဒုံးစနစ်ရဲ့ တာဝေးပစ်ဒုံးကျည်ကာကွယ်ရေးအဆင့်မှာ ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာအ ဝေးနဲ့ အမြင့် ကီလိုမီတာ ၁၅ ကနေ ၃၀ (၉ မိုင်ကနေ ၁၈ မိုင်) အတွင်း ပျံသန်းလာတဲ့ ဒုံးကျည်တွေကို ပစ်ချ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Steel Dome ဒုံးခွင်းဒုံးစနစ်ထဲမှာ ကီလိုမီတာ ၄၀၀ (၂၄၈ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ ရုရှားနိုင်ငံထုတ် S-400 ဒုံးကျည်စနစ်ကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။ အစ္စရေးရဲ့ Iron Dome ဒုံးခွင်းဒုံးစနစ်ကတော့ တာတို၊ တာလတ်၊ တာဝေး အဆင့်သုံးဆင့်ကို ကာကွယ်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ စနစ်ဖြစ်ပါတယ်။
Ref: Turkey to Counter Israel’s Iron Dome with ‘Steel Dome’ Air Defense System
#PeopleMedia