• Follow Us on

Home အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ ဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူ ၄၅ ဦးသေဆုံး

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ ဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူ ၄၅ ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ မေ ၂၈

 

အစ္စရေးစစ်တပ်က ဟားမတ်စ်အကြမ်းဖက်သမားတွေကို တိုက်ခိုက်တာဖြစ်ကြောင်းပြောပေမဲ့ ဂါဇာကမ်းမြောင် ဒေသရာဇာမြို့မှာရှိတဲ့ဒုက္ခသည်စခန်းက တဲတစ်ခုကို အစ္စရေးလေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ပါလက် စတိုင်းပြည်သူ ၄၅ ဦး သေဆုံးသွားကြောင်း Kashmir Observer သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

 

“ပါလက်စတိုင်းပြည်သူ ၂၄၉ ဦး ဒဏ်ရာရသွားပါတယ်။” လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“မီးကျွမ်းနေတဲ့ အလောင်းတွေနဲ့ ခြေပြတ်လက်ပြတ်တွေကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဒဏ်ရာရတဲ့ က လေး တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဖြတ်တောက်ကုသနေတာတွေလည်း ကျွန်တော်တို့တွေ့ ခဲ့ရပါ တယ်။” လို့ အရပ်သားကာကွယ်ရေးအဖွဲ့က ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်အယ်လ်မတ်ခေယာ က AFP ကို ပြောပါတယ်။

 

ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုတွေက ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ၎င်းကပြောပါ တယ်။

 

“လောင်စာဆီပြတ်နေတယ်။ လမ်းတွေက ပျက်စီးနေတော့ အခုလို ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့နေရာကို အ ရပ်ဘက်ကာကွယ်ရေးကားတွေ ဝင်ထွက်သွားလာဖို့ ခက်ခဲနေပါတယ်။ မီးငြှိမ်းဖို့ ရေလည်း ပြတ်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တစ်ခါတုန်းက အစ္စရေးက ဘေးကင်းလုံခြုံတဲ့အရပ်တစ်ခုဖြစ်ကြောင်း အခိုင်အမာပြောခဲ့တဲ့ လူနေထူထပ်တဲ့ အဲ ဒီဒေသကို စစ်ဆင်ရေးဆောင်ရွက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂက ထိပ်တန်းတရားရုံးက သော ကြာ နေ့ (မေလ ၂၄ ရက်နေ့) က ပြောကြားခဲ့ပေမဲ့ အစ္စရေးနိုင်ငံကတော့ ရာဖာမြို့မှာ စစ်ဆင်ရေးတွေ ဆက် လက်ဆောင်ရွက်နေပါတယ်။

 

လွန်ခဲ့တဲ့နှစ်ပတ်ကျော်က အစ္စရေးမြေပြင်တပ်ဖွဲ့တွေ ရာဇာအရှေ့ပိုင်းကို ထိုးစစ်ဆင်လာပြီးနောက် လူဦးရေ ထောင်ပေါင်းများစွာခိုလှုံနေတဲ့ တဲလ်အယ်ဆူလ်တန်နယ်မြေမှာ အခုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

သေဆုံးသူ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သင်ကြီးရွယ်အိုတွေဖြစ်တဲ့အပြင် လူ အများအပြား မီးလောင်ပြင်ထဲမှာ ပိတ်မိနေပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့အတွက် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်သေးကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

 

ရာဖာမြို့မှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီရဲ့ ဆေးရုံမှာ လူနာတွေ အဆက်မပြတ်ဝင်ရောက်လာနေသ လို တခြားဆေးရုံတွေမှာလည်း လူနာအများအပြား လက်ခံထားရတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ပြော ပါတယ်။

 

ရာဖာမြို့က အခုတိုက်ခိုက်မှုဟာ “အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဖြစ်ပြီး အစ္စရေးကို လက်နက်နဲ့ ငွေကြေး ထောက်ပံ့နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တာဝန်ရှိကြောင်း ထိပ်တန်းဟားမတ်ခေါင်းဆောင် ဆာမီအဘူ ဇူဟရီက ပြောပါတယ်။

 

အစ္စရေးစစ်တပ်ကတော့ ၎င်းတို့ လေကြောင်းက တိုက်ခိုက်ခဲ့တာ ရာဖာမြို့ရှိ ဟားမတ်စ်အခြေစိုက်နေရာတစ် ခုဖြစ်ပြီး တိကျတဲ့ထောက်လှမ်းရေးသတင်းအရ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။

 

Ref: Israeli Attack On Rafah Tent Camp Kills 45, Prompts Global Outcry

 

#PeopleMedia


Share this post