• Follow Us on

Home အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါဝင်တဲ့ ပါလက်စတိုင်း ၃၃ ဦး သေဆုံး

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါဝင်တဲ့ ပါလက်စတိုင်း ၃၃ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇွန် ၈

 

ကုလသမဂ္ဂကကြီးကြပ်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတစ်ခုကို ကြာသပတေးနေ့ (ဇွန်လ ၆ ရက်နေ့) က အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် လူပေါင်း ၃၃ ဦး သေဆုံးသွားခဲ့ပါတယ်။

 

ဂါဇာဒေသက စစ်ဘေးရှောင် ပါလက်စတိုင်းမိသားစုတွေခိုလှုံနေတဲ့ အဆိုပါစာသင်ကျောင်းဟာ ဟားမတ်စ် တွေအသုံးပြုနေတဲ့နေရာတစ်ခုလို့ အစ္စရေးကပြောခဲ့ပေမဲ့ အထောက်အထားမပြနိုင်ဘူးလို့ဆိုပါတယ်။

 

နတ်ဆီရတ်ဒုက္ခသည်စခန်းက အဲဒီစာသင်ကျောင်းမှာ အရပ်သားတွေရှိနေတာကို သတိမပြုမိဘူးလို့ အစ္စရေး စစ်တပ်က ပြောပြီး နောက်ပိုင်းမှာ အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်သမား ၉ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြော ပါတယ်။

 

သေဆုံးသွားသူတွေထဲက အမျိုးသမီး ၃ ဦးနဲ့ ကလေး ၉ ဦးကို အနီးမှာရှိတဲ့ ဒဲယ်အယ်လ်ဘာလာ ဆေးရုံကို သယ်ဆောင်သွားတာ တွေ့ရကြောင်း AP သတင်းထောက်တွေက ပြောပါတယ်။

 

ဂါဇာဒေသက အဆိုပါ ဆေးရုံကတော့ အခုသီတင်းပတ် အစ္စရေးတွေ ထိုးစစ်အသစ်ပြန်စကတည်းက လူနာ တင်ကားတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်တွေကို ချေမှုန်းတိုက်ခိုက်ရာမှာ အရပ်သားတွေ အသေအပျောက်မများအောင် နိုင်ငံတကာက အစ္စရေးကို တောက်လျှောက်ဖိအားပေးနေပါတယ်။

 

ဂါဇာဒေသမှာ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အမှုထဲကို ပူးပေါင်းပါဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂကို စပိန်နိုင်ငံက တောင်းဆိုသွားမှာဖြစ်ကြောင်း စပိန်နိုင်ငံခြားရေး ဝန်ကြီးက ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

အစ္စရေးကတော့ အဆိုပါ စွပ်စွဲချကို ငြင်းဆိုထားပါတယ်။

 

အစ္စရေးရဲ့ ဝေဟင်/ မြေပြင် ထိုးစစ်တွေကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး ၃၆၀၀၀ ကျော် သေဆုံး သွားပြီဖြစ်ကြောင်း ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ပါလက်စတိုင်းလူမျိုးတွေဟာ စစ်ပွဲကို ရင်ဆိုင်နေရတဲ့အပြင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအခြေခံအထောက် အပံ့တွေကို ဖြတ်တောက်ခံထားရတဲ့အတွက် အငတ်ဘေးကိုပါ ရင်ဆိုင်နေရပါတယ်။

 

ဂါဇာဒေသမှာ ဇူလိုင်လလယ်လောက်ကျရင် လူဦးရေ ၁ သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အမြင့်ဆုံး ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောပါတယ်။

 

Ref: Israeli strike kills 33 in a Gaza school filled with displaced families

 

#PeopleMedia


Share this post