အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာ စစ်ရေးထိပ်တန်းခေါင်းဆောင်တစ်ဦးသေဆုံး
PUBLISHED - September 21, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၁
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆင်ခြေဖုံးရပ်ကွက်ကို အစ္စရေးက သောကြာနေ့ (စက်တင်ဘာ ၂၀ ရက်နေ့) က လေကြောင်းက တိုက်ခိုက်ခိုက်ခဲ့ရာ ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးသွားပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း တခြား အဆင့်မြင့်ခေါင်းဆောင်တွေနဲ့အတူ ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင် အီဘရာဟမ်အေကီလ်သေဆုံးသွားခဲ့ကြောင်း အစ္စရေးစစ်တပ်နဲ့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။
ဟစ်ဘိုလာဘက်ကလည်း အီဘရာဟမ်အေကီလ်သေဆုံးသွားခဲ့ကြောင်း ကြေညာခဲ့ပေမဲ့ အသေးစိတ်ထုတ်ပြန် ခဲ့ခြင်းမရှိပါဘူး။
“ဒီကနေ့အချိန်မှာ မြင့်မြတ်တဲ့ ဂျီဟတ်ဝါဒီခေါင်းဆောင် အီဘရာဟမ်အေကီလ်ဟာ ကြီးကျယ်မြင့်မြတ်တဲ့ အာ ဇာနည်ညီနောင်တွေ သွားရာလမ်းအတိုင်း ထွက်ခွာသွားခဲ့ပါပြီ။ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေကြားထဲမှာ အလ္လာရှင်မြတ်ကောင်းချီးပေးခံရတဲ့ ဂျီဟတ်ဝါဒီသူရဲကောင်းဘဝကို ခံယူသွားပါပြီ။” လို့ ဟစ်ဘိုလာအဖွဲ့က သောကြာနေ့က ကြေညာခဲ့ပါတယ်။
ဟစ်ဘိုလာအဖွဲ့ လက်ရွေးစင်ရက်ဒ်ဝန်တပ်ဖွဲ့ရဲ့ အဖွဲ့ဝင် ၇ ဦးနဲ့အတူ အေကီလ်ရဲ့အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသတွင်း MTV ရုပ်သံလိုင်းကလည်း ကြေညာခဲ့ပါတယ်။
ရက်ဒ်ဝန်လက်ရွေးစင်တပ်ဖွဲ့က ကွပ်ကွဲရေးကော်မတီတစ်ဖွဲ့လုံး အဆောက်အဦတစ်ခုအတွင်း အစည်းအဝေး လုပ်နေစဉ်အတွင်း အစ္စရေးတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း MTV ရုပ်သံလိုင်းက ပြောပါတယ်။
အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေကတော့ အပျက်အစီးပုံတွေအောက်မှာ အလောင်းတွေနဲ့ ဒဏ်ရာရထားသူ တွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
သောကြာနေ့က အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာ ၁၄ ဦး သေဆုံးပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဘက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Ref: Hezbollah Confirms Senior Commander Killed In Israeli Airstrike
#PeopleMedia