အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ ၄၉၂ ဦး သေဆုံး
PUBLISHED - September 24, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၄
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဘိုလာစစ်သွေးကြွတွေ အခြေပြုထားတဲ့နေရာတွေကို တနင်္လာ နေ့ (စက်တင်ဘာ ၂၃ ရက်) က လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉၂ ဦး သေဆုံးသွားပြီး လူဦးရေထောင်ပေါင်းများစွာ ဘေးကင်းရာ ထွက်ပြေး သွားကြကြောင်း လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဟားမတ်စ်တိုက်ခိုက်မှုစတင်ကတည်းက အစ္စရေးနဲ့ ဟစ်ဘိုလာတို့ဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်သွေးကြွတွေ လက်နက်တွေသိုလှောင်ထားတဲ့နေရာတစ် ဝိုက်ကနေ လက်ဘနွန်ပြည်သူတွေ ရှောင်ရှားနေကြဖို့ အစ္စရေးနိုင်ငံက သတိပေးထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက လက်ဘနွန်ပြည်သူတွေကို မိန့်ခွန်းပြောထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ကို လက်ဘနွန်ပြည်သူတွေထံ ပေးပို့ခဲ့ပါတယ်။
“အစ္စရေးစစ်ပွဲဟာ ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး။ ဟစ်ဘိုလာတွေနဲ့ ဖြစ်နေတာပါ။ အဲဒီဟစ်ဘိုလာတွေဟာ ခင်ဗျား တို့ကို လူသားဒိုင်းအဖြစ် အသုံးပြုလာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်နေပါပြီ။” လို့ ၎င်းက ပြောပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာတော့ လူတွေ၊ ပစ္စည်းတွေ ပြည့်ကျပ်သိပ်နေတဲ့ ကုန်ကားတွေ၊ ဗင်ကားတွေနဲ့ ထရပ်ကားတွေ သွားလာနေတာကို တွေ့ရပါတယ်။
“အရေးကြီးတဲ့စာရွက်စာတမ်းတွေ အကုန်လုံးယူလာပြီး ကျွန်တော်တို့ ထွက်ပြေးလာကြတာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်အားလုံး တိုက်ပွဲတွေ ဖြစ်နေတာပါ။ ကြောက်စရာပါဗျာ။” လို့ ကလေးငယ် ၃ ယောက်၊ တခြား ဆွေမျိုးသားချင်းတွေနဲ့အတူ ထွက်ပြေးလာတဲ့ အဘက်အဖူက ပြောပါတယ်။
တချို့လူတွေကလည်း ခြေကျင်ထွက်ပြေးလာကြပြီး တချို့လူတွေကတော့ အထုပ်အပိုးတွေကို သယ်ဆောင် လာကြပါတယ်။
အစ္စရေးစစ်တပ်ကတော့ ၎င်းတို့အနေနဲ့ လက်ဘနွန်နိုင်ငံ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ ဟစ်ဘို လာတွေရဲ့ လောင်ချာတွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေနဲ့ အကြမ်းဖက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
အစ္စရေးလေတပ်ဟာ လက်ဘနွန်တောင်ပိုင်းနဲ့ ဘေကာ တောင်ကြားမှာရှိတဲ့ ဟစ်ဘိုလာ ပစ်မှတ် ၁၆၀၀ ဝန်း ကျင်ကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၃၅ ဦးအပါအဝင် ၄၉၅ ဦး သေဆုံးသွားပြီးယ ၁၆၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
၁၉၇၅-၁၉၉၀ ပြည်တွင်းစစ် စတင်ကတည်းက နေ့စဉ်သေဆုံးမှုမှာ အခုအချိန် သေဆုံးမှုဟာ အမြင့်ဆုံးသေဆုံး မှုဖြစ်ကြောင်း လက်ဘနွန်အရာရှိတစ်ဦးက ပြောပါတယ်။
Ref: Israeli airstrikes kill at least 492, Lebanon says, as civilians flee
#PeopleMedia