အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဘေရွတ်က ပါလက်စတိုင်းခေါင်းဆောင် ၃ ဦးသေဆုံး
PUBLISHED - September 30, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀
အစ္စရေးစစ်တပ်က အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေကို အရှိန်မြှင့်တိုက်ခိုက်နေစဉ်အတွင်း ဘေ ရွတ်မြို့ကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ၎င်းတို့အဖွဲ့က ခေါင်းဆောင်သုံးဦး သေဆုံး သွားကြောင်း ပါလက်စတိုင်း စစ်သွေးကြွအုပ်စုတစ်စုက တနင်္လာနေ့ (စက်တင်ဘာ ၃၀ ရက်နေ့) က ပြောကြား လိုက်ပါတယ်။
ဘေရွတ်မြို့ ကိုလာဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ခေါင်းဆောင် ၃ ဦး သေဆုံးသွားကြောင်း ပါလက်စတိုင်းလွတ်မြောက်ရေးလူထုတပ်ဦး (PFLP – The Popular Front for the Liberation of Palestine) က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ ဘေရွတ်မြို့ ကိုလာဒေသမှာရှိတဲ့ အဆောက်အဦတစ်ခုရဲ့ အပေါ်ထပ်ကို ထိမှန်ခဲ့ တာဖြစ်ကြောင်း ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။
အစ္စရေးဟာ လက်ဘနွန်က ဟစ်ဘိုလာအဖွဲ့နဲ့ ယီမင်က ဟူသီသူပုန်အဖွဲ့တွေကို အရှိန်မြှင့်တိုက်ခိုက်နေတဲ့အ တွက် အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေကို ဆိုက်ရောက်လာပြီး အီရန်နဲ့ အစ္စရေးရဲ့ အဓိကမဟာမိတ်အမေရိကန်ပြည်ထောင်စုပါ စစ်ပွဲထဲပါလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
ပါလက်စတိုင်းလွတ်မြောက်ရေးလူထုတပ်ဦး (PFLP) ဟာ အစ္စရေးကို တိုက်ခိုက်နေတဲ့ နောက်ထပ် စစ်သွေးကြွ အုပ်စုတစ်ခုဖြစ်ပါတယ်။ အစ္စရေးဟာ အစောပိုင်းက ဟစ်ဘိုလာခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ (စက်တင် ဘာ ၂၉ ရက်နေ့) မှာ ယီမင်နိုင်ငံက ဟူသီသူပုန်တွေနဲ့ လက်ဘနွန်နိုင်ငံတစ်ဝန်းက ဟစ်ဘိုလာ စစ်သွေးကြွ စခန်းအများအပြားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
ဟူသီသူပုန်တွေက ဒုံးကျည်တွေနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလေတပ်က ယီမင်နိုင်ငံ ဟူဒေဒါဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ရာ ၄ ဦးထက်မနည်းသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
လက်ဘနွန်နိုင်ငံတစ်ဝန်း တနင်္ဂနွေနေ့က အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူဦးရေ ၁၅၀ ထက်မနည်းသေဆုံးခဲ့ ကြောင်း လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံမှာ လူဦးရေ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး ၆၀၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပေမဲ့ အရပ်သားဘယ်နှစ် ယောက်/ စစ်သွေးကြွ ဘယ်နှယောက်ဆိုတာ ခွဲခြားပြောဆိုခြင်းမရှိပါဘူး။
နိုင်ငံလူဦးရေရဲ့ ငါးပုံတစ်ပုံဖြစ်တဲ့ လူဦးရေ တစ်သန်းကတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း လက်ဘ နွန်အစိုးရက ပြောပါတယ်။
နှစ်ပတ်အတွင်း အစ္စရေးလေတပ်ရဲ့ အရှိန်မြှင့်တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာခေါင်းဆောင် ဆေယက်ဟက် ဆန် နက်ရှ်ရာလာအပါအဝင် ဟစ်ဘိုလာခေါင်းဆောင်တွေ တစ်သီတစ်တန်းကြီး သေဆုံးခဲ့ပါတယ်။
အစ္စရေးကတော့ ဟစ်ဘိုလာတွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ၎င်းတို့နိုင် ငံမြောက်ပိုင်းက ပြည်သူတွေရဲ့ ဒေသ လုံခြုံဖို့အတွက် ဆက်လက်တိုက်ခိုက်သွားမှာဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။
Ref: Three Palestinian leaders killed in Israel strike in Beirut
#PeopleMedia