• Follow Us on
Latest News

Home အစ္စရေးဝန်ကြီးချုပ်နတန်ယာဟု ဂါဇာဒေသတိုက်ပွဲဝင်စစ်သည်တွေထံ သွားရောက်စစ်ဆေးအားပေး

အစ္စရေးဝန်ကြီးချုပ်နတန်ယာဟု ဂါဇာဒေသတိုက်ပွဲဝင်စစ်သည်တွေထံ သွားရောက်စစ်ဆေးအားပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆

 

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုဟာ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ အစ္စရေးစစ်သည်တွေ ထံကို တနင်္လာနေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့) က သွားရောက် စစ်ဆေးအားပေးခဲ့ပြီး ဟားမတ်စ်တွေကို ရှင်း လင်း သုတ်သင်မယ့်တိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

အခုခရီးစဉ်ဟာ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဝန်ကြီးချုပ်နတန်ယာဟုရဲ့ ဒုတိယမြောက် ခရီးစဉ်ဖြစ်ပါတယ်။

 

နတန်ယာဟုဟာ စစ်ပွဲအရှိန်လျှော့ချဖို့ အမေရိကန်ရဲ့ဖိအားပေးမှုကို ခံနေရပေမဲ့ အစ္စရေးနိုင်ငံအနေနဲ့ လာမယ့် ရက်တွေမှာ စစ်ရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ၎င်းက တနင်္လာနေ့က ပြောပါတယ်။

 

တိုက်ပွဲအရှိန် ပိုမိုမြင့်တက်လာစဉ်အတွင်း တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၂၄ ရက်နေ့) က ဂါဇာအလယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

တနင်္ဂနွေနေ့က အယ်လ်မာဟာဇီမြို့ကို အစ္စရေးလေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သား ၇၀ သေဆုံး ခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁၂၀၀ သေဆုံးခဲ့သ လို ဂါဇာကမ်းမြောင်ဒေသမှာလည်း အစ္စရေးတွေရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၂၀,၆၀၀ ဦး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အရပ်သားအသေအပျောက်များလာပြီး အရပ်သားတွေ ဘေးဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတဲ့အတွက် အပစ်အခတ် ရပ်စဲဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေပေမဲ့ အစ္စရေးနိုင်ငံက ၎င်းတို့ရည်မှန်းချက် မအောင်မြင်သေးသ ရွေ့ ဟားမတ်စ်တွေကို ဆက်လက်တိုက်ခိုက်ဦးမှာဖြစ်ကြေင်း ပြောပါတယ်။

 

“ကျွန်တော်တို့ ရပ်တန့်မှာ မဟုတ်ပါဘူး။ ဆက်လက်တိုက်ခိုက်သွားမှာပါ။ လာမယ့်ရက်တွေမှာ ပိုပြီး အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ဒီစစ်ပွဲဟာ ကာလရှည်တိုက်ခိုက်ရမယ့်စစ်ပွဲပါ။ အဆုံးသတ်ဖို့ မနီးစပ်သေးပါ ဘူး။” လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ လီကွတ်ပါတီရဲ့ထုတ်ပြန်ချက်ထဲမှာ နတန်ယာဟုက ပြောပါတယ်။

 

အစ္စရေးတပ်တွေဟာ ဂါဇာအလယ်ပိုင်းကို ပိုမိုထိုးဖောက်ဝင်ရောက်လာသလို ဂါဇာကမ်းမြောင်ဒေသ မြောက် ပိုင်းနဲ့ တောင်ပိုင်းကိုလည်း အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။

 

လက်ရှိအချိန်မှာ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ပါလက်စတိုင်းစစ်ဘေးရှောင်ပြည်သူ တွေနဲ့ ပြည့်နှက်နေပါတယ်။

 

Ref: Prime Minister Benjamin Netanyahu visits Israeli troops fighting in Gaza Strip

 

#PeopleMedia


Share this post