• Follow Us on
Latest News

Home အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုကို “ဂါဇာသားသတ်သမား” လို့ တူရကီသမ္မတအာဒိုဂန်ပြော

အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုကို “ဂါဇာသားသတ်သမား” လို့ တူရကီသမ္မတအာဒိုဂန်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀

 

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုဟာ “ဂါဇာသားသတ်သမား” ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဂျူးမုန်းတီးရေးသ မားတွေ ပျံ့နှံ့လာအောင်ဆောင်ရွက်နေတဲ့သူဖြစ်တယ်လို့ တူရကီသမ္မတယီဆက်တေယစ်အာဒိုဂန်က ဗုဒ္ဓဟူး နေ့ (နိုဝင်ဘာလ ၂၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အောက်တိုဘာလ ၇ ရက်န့က ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ဆောင် ရွက်ချက်တွေကြောင့် ဂါဇာဒေသရဲ့ အသေအပျောက်/အပျက်အစီးတွေနဲ့ပတ်သက်ပြီး အာဒိုဂန်ဟာ အစ္စရေးကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

 

အာဒိုဂန်က အစ္စရေးကို “အကြမ်းဖက်နိုင်ငံတစ်နိုင်ငံ” အဖြစ်ပြောဆိုပြီး ဟားမတ်စ်အဖွဲ့ကိုတော့ “လွတ်မြောက် ရေးအဖွဲ့” လို့ ခေါ်ပါတယ်။

 

“နတန်ယာဟုဟာ သမိုင်းမှာ သူ့နာမည်ကို ဂါဇာသားသတ်သမားအဖြစ် ရေးထိုးလိုက်ပါပြီ။ သူဟာ ဂါဇာဒေသ မှာ လူသတ်မှုတွေကျူးလွန်ခဲ့တာကြောင့် ဂျူုးဆန့်ကျင်ရေးဝါဒီတွေကို ထောက်ပံ့ခြင်းအားဖြင့် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဂျူးလူမျိုးတွေရဲ့လုံခြုံရေးအတွက် အန္တရာယ်ရှိအောင်လုပ်နေသူဖြစ်ပါတယ်။” လို့ အာဒိုဂန်က တစ်နိုင်ငံလုံး ကို ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

အာဒိုဂန်ရဲ့ ပြင်းထန်စွာဝေဖန်ပြောဆိုမှုတွေဟာ တူရကီနဲ့ အစ္စရေးရဲ့ ပြန်လည်အစပျိုးနေဆဲဖြစ်တဲ့ သံတမန် ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေနိုင်တယ်လို့ဆိုပါတယ်။

 

ကာလရှည်ကြာဆက်ဆံရေးပျက်ပြားခဲ့ပြီးနောက် တူရကီနဲ့ အစ္စရေးနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ကမှ သံတမန် ဆက် ဆံရေးပြန်လည်ထူထောင်ခဲ့ပြီး နှစ်နိုင်ငံ သံအမတ်တွေ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

 

နှစ်နိုင်ငံစလုံးဟာ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စွမ်းအင်စီမံချက်အသစ်တွေ ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း ဆွေးနွေးနေတဲ့ နိုင်ငံတေါဖြစ်ပါတယ်။

 

ဂါဇာစစ်ပွဲဖြစ်လာတဲ့အချိန်မှာ အစ္စရေးနိုင်ငံဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ တူရကီနိုင်ငံနဲ့ တခြားဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ သံတမန်တွေအားလုံးကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

 

တူရကီနိုင်ငံကလည်း အစ္စရေးနိုင်ငံ တဲလာဗီစ်မှာရှိတဲ့ ၎င်းတို့ရဲ့သံတမန်တွေကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

 

စေ့စပ်ညှိနှိုင်းပေးနေတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကတော့ အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကာလ ကို ထပ်မံတိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

လက်ရှိအချိန်အထိ ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၀၂ ဦး ပြန်လည်စေလွှတ်ပေးလိုက်ပြီဖြစ်ပြီး အစ္စရေးဘက်က လည်း ပါလက်စတိုင်းအကျဉ်းသား ၂၁၀ လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

 

စစ်ပွဲကြောင့် အစ္စရေးဘက်မှာ ၁၂၀၀ ဝန်းကျင်သေဆုံးပြီး ဂါဇာကမ်းမြောင်ဒေသမှာ ၁၅၀၀၀ နီးပါး သေဆုံး သွားပြီဖြစ်ကြောင်း သိရပါတယ်။

 

Ref: Turkey’s Erdogan calls Netanyahu ‘butcher of Gaza

 

#PeopleMedia


Share this post