အစ္စရေးသက်ကြီးရွယ်အိုအမျိုးသမီးနှစ်ဦးကို ဟားမတ်စ်ပြန်လွှတ်ပေး၊ ဂါဇာဒေသ သေဆုံးမှု ၅၀၀၀ ကျော်သွား ပြီဖြစ်

PUBLISHED - October 24, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၄
ဟားမတ်စ်စစ်သွေးကြွအဖွဲ့က နျူးရစ်ကူးပါးနဲ့ ယုခဗက်လစ်ရှစ်အမည်ရှိ အစ္စရေးသက်ကြီးရွယ်အို အမျိုးသမီး ဓားစာခံနှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း တနင်္လာနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) က ကြေညာလိုက် ရာ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့က အဲဒီသတင်းကို အတည်ပြုလိုက်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကြောင်းတရားတွေကြောင့် အခုလိုပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း ဟား မတ်စ်အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ (အောက်တိုဘာလ ၂၀ ရက်နေ့) မှာ အမေရိကန်ဓားစာခံအမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ပေး လိုက်ပြီးနောက် အခုအောက်တိုဘာလ ၂၃ ရက်နေ့မှာ အစ္စရေးအမျိုးသမီးနှစ်ဦးကို ထပ်မံလွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားစဉ်ကတည်းက အခုအချိန်အထိ ပါလက်စ တိုင်းလူမျိုး ၅၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပြီး ၁၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေအရေးဆွေးနွေးညှိနှိုင်းဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်ရေးအ တွက် အချိန်ယူဆောင်ရွက်ရမှာမို့ အစ္စရေးရဲ့ ဂါဇာဒေသ မြေပြင်ထိုးစစ်ကို ဆိုင်းငံ့ထားဖို့ အမေရိကန်အစိုးရက အစ္စရေးကို အကြံပေးထားပါတယ်။
အစ္စရေးလေတပ်ဟာ ဂါဇာကမ်းမြောင်ဒေသကို ဆက်လက်အရှိန်မြှင့်ဗုံးကြဲတိုက်ခိုက်နေပြီး အဲဒီဒေသက ပါ လက်စတိုင်းတွေကို ဂါဇာတောင်ပိုင်းကိုထွက်ခွာသွားဖို့ အမိန့်ပေးထားပေမဲ့ ပါလက်စတိုင်းတချို့ဟာ အိုးအိမ် စွန့်ခွာထွက်ပြေးဖို့ ချီတုံချတုံဖြစ်နေကြပါတယ်။
ပြီးခဲ့တဲ့ရုံးပိတ်ရက်က ရာဖာနယ်စပ်မြို့ကိုဖြတ်သန်းပြီး ပထမဦးဆုံးယာဉ်တန်းဝင်ရောက်လာပြီးနောက် အကူအ ညီယာဉ်တန်းတွေကို ဆက်လက်ဝင်ရောက်ခွင့်ပြုဖို့ အမေရိကန်နဲ့ အစ္စရေးတို့ ညှိနှိုင်းသဘောတူညီခဲ့ကြပါ တယ်။
ကျန်းမာရေးအရာရှိတွေကတော့ အကူအညီတွေ အများအပြားလိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပဋိပက္ခပိုမိုကျယ်ပြန့်လာမှာကို ကာကွယ်ဟန့်တားတဲ့အနေနဲ့ အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှာ စစ်အင်အားတွေ တိုးမြှင့်ချထားနေပါတယ်။
လက်ဘနွန်နယ်စပ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အစ္စရေးတင့်ကားတစ်စီးက အီဂျစ်နယ်စပ်မှာ မှားယွင်းပစ် ခတ်မှုဖြစ်စဉ်ကြောင့် နယ်စပ်ဒေသတင်းမာမှုတွေ မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
Ref: Hamas releases 2 more hostages; Gaza health ministry says death toll tops 5,000
#PeopleMedia