အစ္စရေးသေဆုံးသူဦးရေ ၁၀၀၀ ကျော်သွားပြီဖြစ်၊ အစ္စရေးတပ်ဖွဲ့ဝင်များ အစ္စရေးတောင်ပိုင်းမှာ အကြမ်းဖက် သမားများကို ဆက်လက်ချေမှုန်း
PUBLISHED - October 11, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁
ပါလက်စတိုင်းအကြမ်းဖက်အုပ်စုဖြစ်တဲ့ ဟားမစ်စ်စစ်သွေးကြွအုပ်စုက အစ္စရေးနိုင်ငံကို စနေနေ့ (အောက်တို ဘာလ ၇ ရက်နေ့) က ဝင်ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးနိုင်ငံထဲမှာ သေဆုံးသူဦးရေ ၁၀၀၀ ကျော်လွန် သွားပြီဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူ ၃၀၀၀ နီးပါးရှိပြီး ဓားစာခံအဖြစ် ဂါဇာကမ်းမြောင်ဘက်ကို ခေါ်ဆောင်သွားတဲ့ လူ ၁၅၀ ဝန်းကျင်ရဲ့ကံကြမ္မာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဆိုပါတယ်။
အစောပိုင်းက တိုက်ခိုက်မှုကြောင့် ၂၉၀၁ ဦး ဒဏ်ရာရခဲ့ပြီး လူ ၅၀၀ ကျော် ဆေးရုံတက်ရောက်ကုသနေရဆဲ ဖြစ်ကာ ၂၆ ဦးမှာ အလွန်စိုးရိမ်ရပြီး ၃၄၀ ဦးကတော့ စိုးရိမ်ဖွယ်ရာအခြေအနေရှိနေကြောင်း အစ္စရေးကျန်းမာ ရေးဝန်ကြီးက ပြောပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ (အင်္ဂါနေ့) က အစ္စရေးနိုင်ငံတစ်ဝန်း ဈာပနအခမ်းအနားတွေ တစ်ခုပြီး တစ်ခု ကျင်းပနေရသလို အစ္စရေးတောင်ပိုင်းမှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်သမားတွေ ဆက်လက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂါနေ့ညပိုင်းမှာ အစ္စရေးလေတပ်က ဂါဇာကမ်းမြောင်ဒေသ အက်တ်တတ်ဖ်ဖာမြို့က ဟားမတ်စ်တွေရဲ့ပစ် မှတ် ၇၀ ကျော်နဲ့ ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အုပ်စုက အသုံးပြုနေတဲ့ စစ်ရေးအဆောက်အဦတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်းကို စိန်ပြောင်းဗုံးသီးတွေ အများအပြားကျရောက်ပေါက်ကွဲခဲ့ပြီးနောက် အင်္ဂါနေ့အစော ပိုင်းမှာ ဆီးရီးယားနိုင်ငံနဲ့ လက်ဘနွန်နိုင်ငံထဲကိုလည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
အနောက်ဘက် ဂါလီလီတောင်ကုန်းမှာရှိတဲ့ လက်ဘနွန်ဘက်က ပစ်ခတ်လိုက်တဲ့ ရော့ကက် ၁၅ စင်း ဝင် ရောက်လာခဲ့ရာမှာ ရော့ကက် ၄ စင်းကို သံမဏိဒုံးခွင်းဒုံးစနစ်က ပစ်ချနိုင်ခဲ့ပြီး ကျန်တဲ့ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့ပေမဲ့ အထိအခိုက် အသေအပျောက်မရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
နောက်ပိုင်းမှာ ဟားမတ်စ်အဖွဲ့က ၎င်းတို့ ရော့ကက်တွေပစ်ခတ်ခဲ့ကြောင်း ပြောဆိုခဲ့သလို ဟစ်ဘိုလာအဖွဲ့က လည်း တင့်ဖျက်ဒုံးကျည်တစ်စင်းပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အင်္ဂါနေ့ နှောင်းပိုင်းမှာ ဂိုလန်ကုန်းမြင့်မှာရှိတဲ့ ဆီးရီးယားဘက်က စိန်ပြောင်းတွေအများအပြားပစ်ခတ်ခဲ့ရာမှာ အစ္စရေးနိုင်ငံထဲကို ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်မှုမရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်က ပြောပါတယ်။ ဆီးရီးယားနိုင်ငံထဲက အဲဒီစိန်ပြောင်းပစ်ခတ်တဲ့နေရာကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက အမြောက်တွေနဲ့ တန်ပြန်ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
အင်္ဂါနေ့တစ်နေ့လုံး အစ္စရေးတိုက်လေယာဉ်တွေဟာ ဂါဇာကမ်းမြောင်ဒေသကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက် ခိုက်ခဲ့ပါတယ်။
အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ လူဦးရေ ၇၀၀ ကျော် သေဆုံးသွားပြီဖြစ် ကြောင်း ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဟားမတ်စ်အဖွဲ့တွေ ထိန်းချုပ်ဆောင်ရွက်နေတဲ့နေရာမှန်သမျှ စိစိညက်ညက်ကြေအောင် ချေမှုန်းတိုက်ခိုက် သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက တနင်္လာနေ့ညပိုင်းက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ ဟိုလိုကက်ဖြစ်စဉ်ပြီးကတည်းက ဒီလောက်ရက်စက်ကြမ်းကြုပ်မှုမျိုးကို ဘယ် တုန်းကမှ မတွေ့ခဲ့ဖူးပါဘူး။” လို့ အင်္ဂါနေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ စကားပြောစဉ် ဝန်ကြီးချုပ် နတန် ယာဟုက ပြောပါတယ်။
“သူတို့ ကလေးသူငယ်အများအပြားကို သတ်ဖြတ်ခဲ့ကြတယ်။ စစ်သားတွေကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြ တယ်။ ဂီတပွဲတော်ကိုလာတဲ့ လူငယ်တွေကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့ကြတယ်။ လူတိုင်းတစ်ယောက် မကျန်သတ်ပစ်ခဲ့ကြတယ်။” လို့ နတန်ယာဟုက ပြောပါတယ်။
“သူတို့ဟာ အိုင်အက်စ်အကြမ်းဖက်သမားတွေထက်တောင် ပိုပြီးဆိုးရွားသူတွေဖြစ်တယ်။ ကျွန်တော်တို့ သူတို့ နဲ့ထိုက်တန်သလို ကိုင်တွယ်ဆက်ဆံရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Death toll from Hamas onslaught passes 1,000; IDF kills terrorists in southern Israel
#PeopleMedia