• Follow Us on

Home အစ္စရေးဟာ ကမ္ဘာ့ထောက်ခံမှုတွေ ဆုံးရှုံးတော့မှာဖြစ်လို့ အစိုးရအဖွဲ့အပြောင်းအလဲလုပ်ဖို့ လိုအပ်ကြောင်း နတန်ယာဟုကို ဂျိုးဘိုင်ဒန် သတိပေး

အစ္စရေးဟာ ကမ္ဘာ့ထောက်ခံမှုတွေ ဆုံးရှုံးတော့မှာဖြစ်လို့ အစိုးရအဖွဲ့အပြောင်းအလဲလုပ်ဖို့ လိုအပ်ကြောင်း နတန်ယာဟုကို ဂျိုးဘိုင်ဒန် သတိပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃

 

ဝန်ကြီးချုပ်နတန်ယာဟုဟာ ခေါင်းမာသူဖြစ်ပြီး လတ်တလောရလဒ်ကိုမကြည့်ဘဲ ရေရှည်အကျိုးကိုကြည့်ဖို့လို အပ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ်ကို အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၂ ရက်နေ့) က အပြင်းထန်ဆုံးဝေဖန်လိုက်ပါတယ်။

 

အင်္ဂါနေ့က ဝါရှင်တန်ဒီစီမှာကျင်းပခဲ့တဲ့ အလွတ်သဘောစည်းရုံးလှုံ့ဆော်ပွဲတစ်ခုမှာ ဘိုင်ဒန်က အခုလိုဝေဖန် လိုက်တာဖြစ်ပြီး “နတန်ယာဟုဟာ ရေရှည်ဖြေရှင်းနည်းကို နှောင့်ယှက်ဟန့်တားနေတယ်” လို့ ပြောပါတယ်။

 

“နတန်ဟာဟုဟာ ပြောင်းလဲဖို့လိုပါတယ်။ အစ္စရေးမှာရှိတဲ့ လက်ရှိအစိုးရကလည်း နတန်ယာဟု အဲဒီလိုအ ပြောင်းလဲလုပ်ဖို့ ခက်ခဲအောင်လုပ်နေတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

အမျိုးသားလုံခြုံရေးဝန်ကြီး အီတမာဘန်းဂဗီးယားတို့လို အစ္စရေးအစိုးရအဖွဲ့ထဲက လကျ်ာစွန်းဝါဒီတွေဟာ ပါ လက်စတိုင်းတွေနဲ့ နှစ်နိုင်ငံဖြေရှင်းနည်းစနစ်ကို မလိုချင်ကြကြောင်း၊ အစ္စရေးအစိုးရအဖွဲ့ကိုလည်း အပြောင်းအ လဲလုပ်ဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတက ပြောပါတယ်။

 

“မိတ်ဆွေတို့ ဘန်းဂဗီးယားနဲ့ သူတို့စစ်လိုလားတဲ့အစိုးရအဖွဲ့ဝင်တွေကို ပြောခဲ့တာလား ကျွန်တော်ကောင်း ကောင်းမမှတ်မိတော့ဘူး။ အစ္စရေးလုံခြုံရေးဟာ အမေရိကန်ပြည်ထောင်စုအပေါ်မှာ မူတည်နေပါတယ်လို့ ကျွန် တော် လေးငါးကြိမ်ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုထက် ပိုနေပါတယ်။ အခုအချိန်မှာ ဥရောပသမဂ္ဂ၊ ဥရောပ၊ တစ်ကမ္ဘာလုံးက အများစုက ထောက်ခံဖို့ လိုနေပါပြီ။ ဒါပေမဲ့ အစ္စရေးက အဆင်အခြင်မဲ့ ဗုံးကြဲနေတဲ့အတွက် ကမ္ဘာ့ထောက်ခံမှုကို ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်အဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ မဆင်မခြင်ဗုံးကြဲ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လု့ိ အရပ်သားအများအပြား သေဆုံးခဲ့တဲ့အတွက် ဥရောပနဲ့ ကမ္ဘာတစ်ဝန်း မှာ အစ္စရေးကို ထောက်ခံမှုတွေ စတင်ကျဆင်းလာခဲ့ကြောင်း ဘိုင်ဒန်က သတိပေးလိုက်ပါတယ်။

 

အစ္စရေးအနေနဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအပြီး အမေရိကန်နိုင်ငံကပြုလုပ်ခဲ့တဲ့ အမှားတွေထဲက သင်ခန်း စာယူနိုင်ကြောင်း ဘိုင်ဒန်က ထပ်တလဲလဲ ပြောကြားပါတယ်။ တပြိုင်တည်းမှာပဲ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုဖြစ်စဉ်အတွက်လည်း ဟားမတ်စ်တွေက တာဝန်ခံရမှာဖြစ်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ကစပြီး အခုအချိန်အထိ အစ္စရေးဘက်က ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဓားစာခံ ၂၄၀ ဝန်းကျင်အဖမ်းခံခဲ့ရပြီး ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၁၈၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါ တယ်။

 

Ref: Biden warns Netanyahu that Israel is losing support worldwide and its government must ‘change’

 

#PeopleMedia


Share this post