အစ္စရေးအစိုးရအဖွဲ့ထဲက အလယ်အလတ်ဝါဒီဝန်ကြီး ဘန်းနီးဂန့် နုတ်ထွက်
PUBLISHED - June 10, 2024
နိုင်ငံတကာ၊ ဇွန် ၁၀
အစ္စရေးအလယ်အလတ်ဝါဒီဝန်ကြီး ဘန်းနီးဂန့်ဟာ တနင်္ဂနွေနေ့ (ဇွန်လ ၉ ရက်နေ့) က ဝန်ကြီးချုပ်ဘင်ဂျမင် န တန်ယာဟုအစိုးရအဖွဲ့ကနေ နုတ်ထွက်သွားပါတယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ နတန်ယာဟုဟာ ၎င်းတို့ကို တကယ့်အောင်ပွဲအစစ်အမှန်မရအောင် ဟန့်တား ထားကြောင်း ရုပ်သံသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂန့်က ပြောပါတယ်။
ဓားစာခံတွေ ဂါဇာဒေသမှာရှိနေတဲ့ဖြစ်ပြီး အစ္စရေးတပ်မတော်သားတွေ တိုက်ပွဲဝင်နေဆဲအချိန်မှာ အခုလို နုတ် ထွက်သွားရတာ အလွန်ဆိုးရွားနာကျင်ရတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဂန့်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုစတင်လိုက်ပြီး မကြာခင်အချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ကြီးဟောင်း ဘန်းနီးဂန့်ဟာ နတန်ယာဟုရဲ့ အစိုးရအဖွဲ့ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကို ယူဆောင်လာပြီး အစိုးရအဖွဲ့ရုံးခန်းထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လက်တွဲအလုပ်လုပ်ရတာကို ကျွန်တော် အလွန်ဂုဏ်ယူပါတယ်။ တခြားပုဂ္ဂိုလ်တွေကတော့ ယူအက်ဂါးလန့်နဲ့ ဝန်ကြီးချုပ်တို့နဲ့ ဆက်လက်အလုပ်လုပ်နေဦးမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာ သူ တို့သိပါတယ်။ လုပ်သင့်တဲ့အရာကို ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲလုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် အ ဆင်ပြေသွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။
ဂါဇာဒေသအတွက် စစ်ပွဲလွန်ကာလမဟာဗျူဟာတစ်ရပ်ကို ဇွန်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး ရှင်းရှင်းလင်း လင်း ထုတ်ပြန်ကြေညာဖို့ ဂန့်က နတန်ယာဟုကို ပြီးခဲ့တဲ့လက တင်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဂန့်ရဲ့တင်ပြချကို နတန်ယာဟုက ပယ်ချခဲ့ပါတယ်။
ဘန်းနီးဂန့်ရဲ့အလယ်အလတ်ပါတီ အစိုးရအဖွဲ့ထဲက နုတ်ထွက်သွားတာဟာ အစ္စရေးအစိုးရအတွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ရပ်မဖြစ်ပေမဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
အခုလို ဂန့်နုတ်ထွက်သွားတဲ့အတွက် သဘောထားတင်းမာတဲ့သူတွေနဲ့ ကျန်ခဲ့တဲ့ နတန်ယာဟုအစိုးရအဖွဲ့ဟာ အဆုံးမသတ်နိုင်တဲ့ဂါဇာစစ်ပွဲအပြင် လက်ဘနွန်ဟစ်ဘိုလာတွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပိုမိုအရှိန်မြင့်တက် လာမှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
စစ်ပွဲရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဟားမတ်စ်ချေမှုန်းရေးကို အောင်မြင်အောင် မဆောင်ရွက်နိုင်သလို ဓားစာခံ ၁၀၀ ကျော်ကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက် အဲဒီအခြေအနေကြောင့် အစ္စရေး-အမေရိကန် ဆက်ဆံရေး ပိုမိုအေးစက်လာဖွယ်ရာရှိသလို ပြည်တွင်းမှာလည်း လူထုဖိအားပေးမှု ပိုမိုမြင့်တက်လာနိုင်ပါ တယ်။
ဂန့်ရဲ့နုတ်ထွက်မှုနဲ့ ပတ်သက်ပြီး နတန်ယာဟုက “ဒီအချိန်ဟာ စစ်မြေပြင်ကို စွန့်ခွာသွားရမယ့်အချိန် လုံးဝ မဟုတ်ကြောင်း” လူမှုကွန်ရက်တစ်ခုပေါ်မှာ တင်ခဲ့ပါတယ်။
Ref: Israeli centrist minister Gantz quits Netanyahu government
#PeopleMedia