• Follow Us on

Home အစ္စရေးအထူးတပ်ဖွဲ့ဝင် ၉ ဦး ရှူဂျားယာမြို့မှာ ခြုံခိုတိုက်ခိုက်ခံရပြီး ကျဆုံး

အစ္စရေးအထူးတပ်ဖွဲ့ဝင် ၉ ဦး ရှူဂျားယာမြို့မှာ ခြုံခိုတိုက်ခိုက်ခံရပြီး ကျဆုံး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

 

ဟားမတ်စ်အကြမ်းဖက်အဖွဲ့ရဲ့အမာခံနယ်မြေလို့ သတ်မှတ်ထားတဲ့ ဂါဇာမြို့အနီး ရှူဂျားယာမြို့က အိမ်ခြံဝင်း တစ်ခုထဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညနေပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေဝင်ရောက်ရှင်းလင်းစဉ် ဟားမတ်စ်အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အစ္စရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

အောက်တိုဘာလနှောင်းပိုင်းကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်တွေ ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲ တွေထဲမှာ အခုတပ်ဖွဲ့ငယ်အချင်းချင်း ထိတွေ့မှုဖြစ်တဲ့တိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်ပုံရတယ်လို့ The Times of Israel က ပြောပါတယ်။

 

တပြိုင်တည်းမှာ အင်္ဂါနေ့ကဖြစ်ပွားခဲ့တဲ့ ဂါဇာမြောက်ပိုင်းက တိုက်ပွဲတစ်ခုမှာလည်း ဆယ်ယောက်မြောက် အစ္စရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

 

ရှူဂျားယာမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့သူတွေထဲမှာ ဗိုလ်မှူးကြီးတစ်ဦး၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး တစ်ဦးနဲ့ တပ်ကြပ်ကြီး သုံးဦးပါဝင်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်စတင်ကတည်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ ကျဆုံးခဲ့တဲ့ အစ္စရေး တပ်ဖွဲ့ဝင်တွေထဲမှာ အခုတိုက်ပွဲမှာကျဆုံးတဲ့ အသက် ၄၄ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ဘန်းဘေးဆတ်က ရာထူး/အဆင့် အမြင့်ဆုံး အရာရှိဖြစ်တယ်လို့ Times က ပြောပါတယ်။

 

ဒုတိယဗိုလ်မှူးကြီး ဘန်းဘေးဆတ်ဟာ မူလက အငြိမ်းစားယူဖို့ ပြင်ဆင်နေသူဖြစ်ပြီး အစ္စရေးတောင်ပိုင်းကို အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ အငြိမ်းစားယူမယ့် အ စီအစဉ်ကိုပယ်ဖျက်ပြီး ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 

အင်္ဂါနေ့ ဂါဇာမြောက်ပိုင်းက တိုက်ပွဲတစ်ခုမှာ ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးအင်ဂျင်နီ ယာတပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးလည်း ကျဆုံးခဲ့ပါတယ်။ စစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ဝင်ဦးရေ ၁၁၅ ဦး ရှိသွားပြီလို့ဆိုပါတယ်။

 

အစ္စရေးတပ်ဖွဲ့ဝင် ၄ ဦးဟာ စွန့်ပစ်ထားတဲ့ အိမ်ရာဝင်းတစ်ခုထဲကိုဝင်လာပြီး မြေအောင်လိုဏ်ခေါင်းကွန်ရက် တစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီအစ္စရေးတပ်ဖွဲ့ဝင်လေးဦး အဆောက်အအုံတစ်ခုအတွင်း ဝင်ရောက်စဉ်မှာ ဟားမတ်စ်စစ်သွေးကြတွေက လက်နက်ငယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စတင်ပစ်ခတ်သလို အသင့်ထောင်ထားတဲ့ မိုင်းကိုလည်း ဖောက်ခွဲခဲ့တဲ့ အတွက် လေးဦးစလုံး တပြိုင်တည်းကျဆုံးခဲ့ပါတယ်။

 

ကျဆုံးတပ်ဖွဲ့ဝင်တွေထံကို နောက်ထပ်အစ္စရေးတပ်ဖွဲ့ဝင် ငါးဦးရောက်လာပြီး အရေးပေါ် ဆက်သွယ်နေတုန်းမှာ ဟားမတ်စ်စစ်သွေးကြွတွေက လက်နက်ငယ်/လက်ပစ်ဗုံးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောက်လာတဲ့အချိန်မှာ ပထမတပ်ဖွဲ့ဝင်တွေရော နောက်ထပ်ရောက်လာတဲ့တပ်ဖွဲ့ဝင် တွေရော ကျဆုံးနေတာကို တွေ့လိုက်ရပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွဘက်ကတော့ ၎င်းတို့အဖွဲ့ဝင် ဘယ်နှဦးသေဆုံးတယ်ဆိုတာ ထုတ်ပြန်ကြေညာတာမရှိပါ ဘူး။

 

လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲ တတိယလထဲကိုရောက်ရှိလာတဲ့အချိန်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြောက် ပိုင်းမှာ အနီးကပ်တိုက်ပွဲငယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

 

Ref: Elite Israeli Air Force Special Forces Commandos Ambushed and Killed in Deadliest Day of War for IDF

 

#PeopleMedia


Share this post