အစ္စရေးအမြောက်တပ်ဖွဲ့များ အဆင့်မြင့် Skylark ဒရုန်းတွေ လက်ခံရရှိမည်

PUBLISHED - September 14, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄
အစ္စရေးနိုင်ငံ Elbit Systems နိုင်ငံတကာစစ်လက်နက်ပစ္စည်းအီလက်ထရောနစ်ကုမ္ပဏီက အစ္စရေးကာကွယ် ရေးတပ်ဖွဲ့ (IDF) အတွက် ဒေါင်လိုက်တက်/ဆင်းလုပ်နိုင်တဲ့ Skylark 1 အမည်ရှိ ဒရုန်းတွေကို ထောက်ပံ့သွား မှာဖြစ်ကြောင်း The Defense Post မှာ ရေးသားထားပါတယ်။
အစ္စရေးအမြောက်တပ်ဖွဲ့တွေက လက်နက်ကိုင်တွယ်ပစ်လွှတ်ရတဲ့ သက်တမ်းရင့် Skylark 1 ဒရုန်းတွေကို အစားထိုးဖို့ နည်းဗျူဟာမြောက် Skylark 1 ဒရုန်းအသစ်ကို လက်ခံရရှိမှာဖြစ်ပါတယ်။
အမြောက်တပ်ဖွဲ့ဝင်တွေဟာ မြေပြင်ကစစ်သည်တွေကို ဗီဒီယိုဖိုင်တွေထောက်ပံ့နိုင်ဖို့အတွက် Skylark ဒရုန်း တွေကို ကနဦးကတည်းက အသုံးပြုနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အခုပေးပို့သွားမယ့် ဒရုန်းအသစ်တွေဟာ အရင်လက်ဟောင်းဒရုန်းတွေထက် အကွာအဝေးနှစ်ဆ ကီလိုမီတာ ၄၀ (၂၅ မိုင်) ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။
ကီလိုဂရမ် ၂၀ (၄၄ ပေါင်) အလေးချိန်ရှိတဲ့ Skylark 1 ဒရုန်းဟာ တစ်နာရီကို ၁၂၀ ကီလိုမီတာ/၇၄ မိုင်နှုန်းနဲ့ အမြင့်ပေ ၁၅၀၀၀ (၄၅၀၀ မီတာ) ဝန်းကျင်ကနေ ပျံသန်းနိုင်ပါတယ်။ ဒီဒရုန်းကို မြေပြင်ကဖြစ်စေ၊ ယာဉ်တစ်ခုခုပေါ်ကဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ သင်္ဘောပေါ်ကဖြစ်စေ လွှတ်တင် နိုင်တယ်လို့ ဆိုပါတယ်။
“မိန်းဆားကစ်ပြားမှာ နည်းပညာအသစ်တွေမြှင့်တင်ပေါင်းစပ်ထားတာကြောင့် Skylark 1 ဒရုန်းအသစ်ဟာ နည်းဗျူဟာမြောက်စစ်ဆင်ရေးတွေကို တိုးချဲ့ဆောင်ရွက်နိုင်သလို ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက် လှမ်းရေး၊ ပစ်မှတ်ရှာဖွေရေးနဲ့ ကင်းထောက်စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်ဖို့အတွက် အမြန်ဆုံးတပ်ဖြန့် ချထားနိုင်ပါတယ်။” လို့ Elbit Systems ကုမ္ပဏီက ရှင်းပြပါတယ်။
Ref: Israeli Artillery Corps to Receive Upgraded Skylark Drones
#PeopleMedia