အစ္စရေး-ပါလက်စတိုင်း ပို့စ်တွေမှာ မှတ်ချက်ပေးမှုကို စတင်ကန့်သတ်လိုက်တဲ့ ဖေ့စ်ဘုတ်
PUBLISHED - October 19, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၉
ဖေ့စ်ဘုတ်ပိုင်ရှင် Meta ပလက်ဖောင်းက အစ္စရေး-ဟားမတ်စ်ပွဲအကြောင်း ပို့စ်တွေမှာ “မလိုလားအပ်တဲ့ မှတ်ချက်တွေကို” ကန့်သတ်ဖို့အတွက် ယာယီအစီအမံတွေကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။
Meta ပလက်ဖောင်းက အစ္စရေး-ဟားမတ်စ်ပွဲအကြောင်း ပို့စ်တွေမှာ မှတ်ချက်ပေးနိုင်မှုကို ကန့်သတ်လိုက်မှာ ဖြစ်ပြီး ပို့စ်တင်သူရဲ့ ဒေသအတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ဖော်လိုဝါတွေကသာ မှတ်ချက်ပေးနိုင်မယ်လို့ Meta က ပြောပါတယ်။
ဘယ်ဒေသတွေမှာ ကန့်သတ်မလဲဆိုတာကိုတော့ Meta ပြောရေးဆိုခွင့်ရှိသူက ဖွင့်ပြောဖို့ ငြင်းဆိုခဲ့ပြီး အသုံး ပြုသူအနေနဲ့ အချိန်မရွေး ဆက်တင်ကို ပြောင်းလဲအသုံးပြုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref; aljazeera
#PeopleMedia