• Follow Us on
Latest News

Home အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၅၀ ကျော်သေဆုံး

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၅၀ ကျော်သေဆုံး

Share this post

နိုင်ငံတကာ၊ မတ် ၁၈

လွန်ခဲ့တဲ့နှစ်လက အစ္စရေး-ဟားမတ် အပစ်အခတ်ရပ်စဲရေးစတင်ခဲ့ကတည်းက အပြင်းထန်ဆုံး တိုက်ခိုက်မှု အဖြစ် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းဦးရေ ၂၅၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာ ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုရဲ့ ဝန်ကြီးချုပ်ရုံးကတော့ အဆိုပါတိုက်ခိုက်မှုကို ဝန်ကြီးချုပ်က အမိန့်ပေးခဲ့ တာဖြစ်ကြောင်း ပြောပါတယ်။

 

အပစ်အခတ်ရပ်စဲရေးစတင်ခဲ့ကတည်းက အပြင်းထန်ဆုံးတိုက်ခိုက်မှုကို မတ်လ ၁၈ ရက်နေ့ (အင်္ဂါနေ့) မနက်ပိုင်း အစောပိုင်းမှာ  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

“မနက် ၂ နာရီခွဲအချိန်မှာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်အကြမ်းဖက်အုပ်စုနဲ့ သက်ဆိုင်တဲ့ အကြမ်းဖက်  ပစ်မှတ်တွေကို တိုးချဲ့တိုက်ခိုက်ခဲ့ကြောင်း” အစ္စရေးစစ်တပ်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

 

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် ပါလက်စတိုင်း လူမျိုး ၂၅၀ ကျော်သေ ဆုံးခဲ့ ကြောင်း ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပေမဲ့ သေဆုံးသူတွေထဲမှာ အရပ်သားနဲ့ ဟားမတ်စ်တိုက်ခိုက် ရေးသမားတွေ ဘယ်လိုပါဝင်တယ်ဆိုတာကိုတော့ ခွဲခြားဖော်ပြထားခြင်း မရှိပါဘူး။

 

တိုက်ခိုက်မှုအပြီး မကြာခင်မှာပဲ “အစ္စရေးအစိုးရဟာ ဂါဇာကမ်းမြောင်ဒေသအပေါ် ရန်လိုကျူးကျော်မှုတွေ တစ်ဖန် ပြန်လည်လုပ်ဆောင်လာပြီဖြစ်ကြောင်း” ဟားမတ်စ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

ဒေသတွင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်လာခဲ့ကြောင်း ဂါဇာဒေသခံတွေက ပြောပါတယ်။

 

အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ရည်ရွယ်ချက်နဲ့ စေ့စပ်ညှိနှိုင်းခဲ့ကြပေမဲ့လည်း အဖြေထွက်မလာတဲ့နော က် သီတင်းပတ်အနည်းငယ်အကြာမှာ အစ္စရေးဘက်က အခုလို တိုက်ခိုက်လာတာဖြစ်ပါတယ်။

 

တိုက်ခိုက်မှုတွေ မလုပ်ခင်မှာ အစ္စရေးအစိုးရက အိမ်ဖြူတော်ကို တိုင်ပင်ခဲ့တယ်လို့ အိမ်ဖြူတော်သ တင်းပြန်ကြားရေး အတွင်းဝန် ကာရိုလိုင်းလတ်ဗစ်က ပြောပါတယ်။

 

“သမ္မတကြီးထရမ့်ပြောတဲ့အတိုင်း အစ္စရေးကိုသာမက အမေရိကန်ပြည်ထောင်စုကိုပါ အကြမ်းဖက်ဖို့ ကြိုးစားနေတဲ့ ဟားမတ်စ်၊ ဟူသီ စတဲ့ အကြမ်းဖက်သမားတွေ တန်ဖိုးကြီးကြီးပေးရမှာကို တွေ့မြင်ရမှာပါ။” လို့ ကာရိုလိုင်းလတ်ဗစ်က တနင်္လာနေ့ညက Fox News သတင်းဌာနကို ပြောပါတယ်။

 

Ref: Israel Carries Out Deadly Strikes in Gaza: The New York Times

#PeopleMedia


Share this post