အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေး အဖြစ်အပျက်များ စံချိန်တင်မြင့်တက်ခဲ့
PUBLISHED - April 2, 2024
နိုင်ငံတကာ၊ ဧပြီ ၂
အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်ပွားနေချိန်မှာ အစ္စလာမ်ကြောက်စိတ်လွန်ကဲမှုနဲ့ ဘက်လိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ မူလဆင်/ ပါလက်စတိုင်း ခွဲခြားဆက်ဆံမှုနဲ့ တိုက်ခိုက်မှုတွေ စံချိန်တင်မြင့် တက်လာခဲ့တယ်လို့ အမေရိကန်-အစ္စလာမ်ဆက်ဆံရေးကောင်စီ (CAIR) က အင်္ဂါနေ့ (ဧပြီလ ၂ ရက်နေ့) က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သိရကြောင်း Reuters သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တိုင်တန်းမှုပေါင်း ၈,၀၆၁ လက်ခံရရှိခဲ့ရာ ယခင်နှစ်ထက် ၅၆% မြင့်တက်ခဲ့ခြင်းဖြစ်ပြီး CAIR စတင်မှတ်တမ်းယူခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အမြင့်ဆုံး တိုင်တန်းမှုဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်တန်းမှုတွေထဲက ဖြစ်စဉ် ၃,၆၀၀ ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း CAIR က ပြောပါတယ်။
အလားတူ အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ကတည်းက အစ္စလာမ်ကြောက်စိတ်လွန်ကဲမှု၊ ပါလက်စတိုင်း ဆန့် ကျင်မှုနဲ့ ဂျူးမုန်းတီးမှုတွေဟာ ကမ္ဘာတစ်ဝန်း မြင့်တက်လာခဲ့ကြောင်း လူ့အခွင့်အရေးရှေ့နေ့တွေကလည်း ပြောပါတယ်။
အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေထဲမှာ အောက်တိုဘာလအတွင်း အီလီနွိုက်ပြည်နယ်က အ သက် ၆ နှစ်အရွယ် ပါလက်စတိုင်း-အမေရိကန်ကလေးငယ် ဝါဒီးယားအယ်လ်ဖာရွန် ဓားနဲ့အထိုးခံရမှု၊ နိုဝင်ဘာ လအတွင်း ဗားမောင့်ပြည်နယ်မှာ ပါလက်စတိုင်းနွယ်ဖွား ကျောင်းသားသုံးဦး သေနတ်နဲ့အပစ်ခံရမှုနဲ့ ဖေဖော်ဝါ ရီလအတွင်း တက္ကဆက်ပြည်နယ်က ပါလက်စတိုင်း-အမေရိကန်အမျိုးသားတစ်ဦး ဓားနဲ့အထိုးခံရမှုတို့ပါဝင်ပါ တယ်။
၂၀၂၂ ခုနှစ်မှာ တိုင်တန်းမှုတွေလျော့ကျလာပြီးနောက် ၂၀၂၃ ခုနှစ်မှာ မူဆလင်မုန်းတီးရေး တစ်ကျော့ပြန် ပြန်လည်ပေါ်ထွက်လာတာဖြစ်ကြောင်း CAIR အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် ပထမကိုးလအတွင်းမှာ အဲဒီလိုဖြစ်စဉ်မျိုး တစ်လကို အကြိမ် ၅၀၀ ဝန်းကျင်ရှိပြီး နောက်ဆုံး စတုတ္ထသုံးလပတ်မှာ တစ်လကို ဖြစ်စဉ် ၁,၂၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။
“အစ္စလာမ်ကြောက်စိတ်လွန်ကဲမှု မြင့်တက်လာတဲ့ ဒီလှိုင်းရဲ့နောက်ကွယ်က အခြေခံတွန်းအားက ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးနဲ့ ပါလက်စတိုးတို့ရဲ့ အကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာမှုပဲဖြစ်ပါတယ်။” လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အများဆုံး တိုင်ကြားခဲ့တဲ့ဖြစ်စဉ်တွေကတော့ လူဝင်မှု ကြီးကြပ်ရေးနဲ့ နိုင်ငံရေးခိုလှုံခွင့်၊ အလုပ်ခန့်ထားရေး ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုအခြေခံရာဇဝတ်မှုများနဲ့ ပညာ ရေး ခွဲခြားဆက်ဆံခံရခြင်း တို့ဖြစ်ကြောင်း CAIR က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့စစ်ပွဲကြောင့် အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်းကျင် သေဆုံးခဲ့သလို အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းဦးရေ ၃၂၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။
စစ်ပွဲကြောင့် ပါလက်စတိုင်းလူဦးရေ ၂.၃ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို ဂါဇာဒေသမှာလည်း ပါလက်စတိုင်းတွေ အငတ်ဘေးနဲ့ ကြုံနေရပါတယ်။ ဒီစစ်ပွဲမှာ အစ္စရေးတွေက လူမျိုးတုံးသတ်ဖြတ်မှုကျူး လွန်နေတယ်လို့ စွပ်စွဲခံထားရပေမဲ့ အစ္စရေးဘက်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။
Ref: US anti-Muslim incidents hit record high in 2023 due to Israel-Gaza war
#PeopleMedia