• Follow Us on

Home အစ္စရေး-ဟားမတ်စ် စစ်ပွဲကနေ ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်ဖွယ်ရှိတဲ့ ထိခိုက်မှုတွေ လျော့ပါးသက်သာ စေအောင် ထိုင်းဝန်ကြီးချုပ် ကြိုးပမ်းဆောင်ရွက်နေ

အစ္စရေး-ဟားမတ်စ် စစ်ပွဲကနေ ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်ဖွယ်ရှိတဲ့ ထိခိုက်မှုတွေ လျော့ပါးသက်သာ စေအောင် ထိုင်းဝန်ကြီးချုပ် ကြိုးပမ်းဆောင်ရွက်နေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ၂၄

 

အစ္စရေး-ဟားမတ်စ် စစ်ပွဲကို အနီးကပ်စောင့်ကြည့်နေပြီး ထိုင်းနိုင်ငံအပေါ် အကျိုးသက်ရောက်လာနိုင်ဖွယ်ရှိတဲ့ အကြောင်းအရာတွေကို ဆန်းစစ်လေ့လာအကဲဖြတ်နေဖို့ ထိုင်းနိုင်ငံ စီးပွာရေးအဖွဲ့အစည်းတွေကို ထိုင်းဝန်ကြီး ချုပ်ဆရက်ထာထာဗီဆင်က ညွှန်ကြားထားပါတယ်။

 

အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (National Economic and Social Development Council- NESDC) အနေနဲ့ အဲဒီစစ်ပွဲကနေ ထိုင်းစီးပွားရေးအပေါ် အကျိုးသက်ရောက်လာနိုငတာတွေကို ဆန်း စစ်လေ့လာနေကြောင်း၊ အခုနှစ်အတွက် NESDC က ပြုလုပ်ခဲ့တဲ့ အန္တရာယ်ဆန်းစစ်လေ့လာမှုထဲမှာ ပထဝီနိုင် ငံရေးဆိုင်ရာအခြေအနေ မပါဝင်ကြောင်း NESDC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒနုချာဖီချာယနန်က ပြော ပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နဲ့ မြေသြဇာဈေးနှုန်းတွေ ထိုးတက်ခဲ့ပြီး ကမ္ဘာ့စီးပွား ရေးနဲ့ ထိုင်းစီးပွားရေးအပေါ် အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်။ လက်ရှိဖြစ်ပွား နေတဲ့ အစ္စရေး-ဟား မတ်စ်စစ်ပွဲဟာ ယူကရိန်းစစ်ပွဲလောက် ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်မှုမရှိပေမဲ့ အခြေခံအားဖြင့် ရေနံဈေးနှုန်းတွေ မြင့်တက် လာဖွယ်ရှိကြောင်း ကနဦးဆန်းစစ်လေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

အထူူးသတိပြုစောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ရပ်ကတော့ စစ်ပွဲအရှိန်မြင့်တက်လာနိုင်သလား၊ စစ်ပွဲ အ ရှိန်မြင့်တက်လာခဲ့ရင် ဘယ်အတိုင်းအတာအထိ မြင့်တက်လာနိုင်သလဲ၊ ဘယ်နိုင်ငံတွေက ဘယ်ဘက်ကနေ ဝင်ပါလာနိုင်သလဲဆိုတာတွေ ဖြစ်ပါတယ်။

 

စစ်ပွဲအရှိန် သိသိသာသာ မြင့်တက်လာခဲ့မယ်ဆိုရင် ကမ္ဘာ့စီးပွားရေးကို ကြီးကြီးမားမား ထိခိုက်လာနိုင်ပြီး စစ်ပွဲ အရှိန်မြင့်မလာဘူးဆိုရင် စီးပွားရေးဆိုင်ရာရိုက်ခတ်မှုက အကန့်အသတ်အတွင်းမှာသာရှိနေမှာဖြစ်ကြောင်း မစ္စ တာဒနုချာက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဟာ အစ္စရေးမှာဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့စီးပွားရေးအကျိုးသက်ရောက်မှုတွေကို ဆန်းစစ်လေ့လာဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တာဝန်ပေးထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျူလာပန်အမောင်း ဗီဗတ်က ပြောပါတယ်။

 

ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုင်ငံတကာစီးပွားရေးနဲ့ပတ်သက်ပြီး တိုက်ရိုက်စီရင်ပိုင်ခွင့်မရှိပေမဲ့ အစ္စရေး-ဟား မတ်စ်စစ်ပွဲကြောင့် ရေနံဈေးနှုန်းအပေါ်အကျိုးသက်ရောက်မှုအပါအဝင် ထိုင်းနိုင်ငံအပေါ် အကျိုးသက်ရောက် လာနိုင်မှုတွေကို လေ့လာဖို့ ဝန်ကြီးဌာနက ဘဏ္ဍာရေးမူဝါဒရုံး (Fiscal Policy Office -FPO) ကို တာဝန်ပေး ထားပါတယ်။

 

လက်ရှိအချိန်မှာ လေ့လာစရာအဓိကပြဿနာသုံးရပ်ရှိကြောင်း၊ စစ်ပွဲပိုမိုအရှိန်မြင့်လာနိုင်သလား၊ လက်ရှိဖြစ် ပွားနေတဲ့ပြဿနာဟာ ဒေသတွင်းပြဿနာတစ်ရပ်အဖြစ် အသွင်ပြောင်းသွားမလားဆိုတာနဲ့ ကမ္ဘာ့စွမ်းအင် ဈေး နှုန်းတည်ငြိမ်မှုအခြေအနေတို့ကို လေ့လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုင်းစီးပွားရေးဟာ တခြားနိုင်ငံစီးပွားရေးတွေနဲ့ နှိုင်းယှဉ်ရင် ထိခိုက်ပွန်းပဲ့လွယ်တဲ့အတွက် ဘယ်လိုအရှိန်မြင့် တက်မှုမျိုးမဆို ထိုင်းနိုင်ငံကို အတိုင်းအတာတစ်ခုအထိ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

 

စားသုံးမှုပမာဏမြင့်တက်လာစဉ်အတွင်း ငွေကြေးဆိုင်ရာမူဝါဒကော်မတီ (Monetary Policy Committee – MPC) က အတိုးနှုန်းကို နှစ်စဉ် ၂.၅၀% တိုးမြှင့်လိုက်သလို အမေရိကန်စီးပွားရေး ရုတ်တရက်တိုးတက်လာ တာက အတိုးနှုန်းမြင့်မားမှုကိုဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

 

အဲဒီလိုဖြစ်လာတာဟာ ထိုင်းဘတ်ငွေတန်ဖိုးကို ဝ.၃% အထိ လျော့ကျစေပြီး ထိုင်းစီးပွားရေး တဖြည်းဖြည်း ကျ ဆင်းနေတယ်လို့ ညွှန်ပြနေတာကြောင့် စစ်ပွဲအရှိန်မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက် ရောက်မှုကို အနီးကပ်စောင့်ကြည့်လေ့လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုင်းစတော့အိပ်ချိန်းဈေးနှုန်းကျဆင်းမှုနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ကြားဝင်ဆောင်ရွက်ခြင်းမရှိပေ မဲ့ အနီးကပ်စောင့်ကြည့်နေကြောင်း၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားက အတိုးနှုန်း မတူညီမှုဟာ ထိုင်းနိုင်ငံ အပေါ်အကျိုးသက်ရောက်မှုရှိပြီး စတော့ဈေးကွက်နဲ့ ငွေတိုက်စာချုပ်ဈေးကွက်ကနေ ရင်းနှီးမြှုပ်နံှမှုတွေ ပြန် လည်ထွက်ခွာသွားတာမျိုး ဖြစ်လာနိုင်ကြောင်း၊ အစ္စရေး-ဟားမတ်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့မတည်ငြိမ်မှုဟာ အဲဒီအခြေအနေကို ထပ်မံဆိုးရွားစေကြောင်း သိရပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ရေနံဈေးနှုန်းအခြေအနေဟာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကို အခြေခံထားတာမဟုတ်ပေမဲ့ ရေနံ သန့်စင်ချက်လုပ်မှုလုပ်ငန်းမှာ ကမ္ဘာ့ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် သိသိသာသာ မြင့်တက်လျက်ရှိ တယ်လို့ ဆိုပါတယ်။

 

စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရေနံနဲ့ လောင်စာဆီဈေးနှုန်းတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ထိုင်းပြည် သူတွေအနေနဲ့ ရေနံပြတ်လပ်သွားမှာကို စိုးရိမ်စရာမလိုကြောင်း၊ လက်ရှိထိုင်းနိုင်ငံမှာ အရန်ရေနံစိမ်း ရက်ပေါင်း ၇၀ အတွက်ရှိနေပြီးသားဖြစ်ပြီး ရက်ပေါင်း ၄၅ ရက်အတွက် လီတာပေါင်း ၃.၉၁ ဘီလျံနဲ့ ရက်ပေါင်း ၂၅ ရက်အ တွက် လီတာပေါင်း ၂.၁၈ ဘီလျံ ခွဲခြားထားကြောင်း စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပရာဆတ်ဆင် ဆတ်ပရာဆတ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ ရေနံစိမ်း ၅၇% ကို အရှေ့အလယ်ပိုင်းဒေသက မှာယူတင်သွင်းနေပြီး သဘာဝ ဓတ်ငွေ့ရည် ၃၃% ကို အရင်းအမြစ်အမျိုးမျိုးဆီကနေ ရယူနေပါတယ်။

 

တင်းမာမှုတွေ ဆက်လက်မြင့်တက်နေမယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသဟာ ကမ္ဘာတစ်ဝန်း အဓိက ရေနံ ထုတ်လုပ်တဲ့ဒေသဖြစ်သလို ရေနံတင်ပို့ရောင်းချတဲ့ဒေသဖြစ်ပြီး ရေနံတင်ပို့ရောင်းချမှုလမ်းကြောင်းကိုလည်း ထိန်းချုပ်ထားတဲ့အတွက် ကမ္ဘာ့လူထုကို ထိခိုက်လာနိုင်တယ်လု့ိ ဆိုပါတယ်။

 

Ref: PM seeks to mitigate potential economic impacts from Israel-Hamas conflict

 

#PeopleMedia


Share this post