အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း ဟစ်ဘိုလာခေါင်းဆောင် ဟားမတ်စ်နဲ့ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး
PUBLISHED - October 26, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆
လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်ဟာ ဟားမတ်စ်အဖွဲ့ထိပ်တန်းခေါင်းဆောင်၊ ပါလက်စတိုင်း အ စ္စလာမ်မစ်ဂျီဟတ်အဖွဲ့ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၂၅ ရက်နေ့) က ဘေရွတ် မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဂါဇာဒေသမှာ စစ်ဖြစ်ပွားနေတဲ့အချိန်မှာ အစ္စရေးဆန့်ကျင်တဲ့ ဒီအုပ်စုသုံးစုက ခေါင်းဆောင်တွေ တွေ့ဆုံဆွေး နွေးကြတာဖြစ်ပါတယ်။ တပြိုင်တည်းမှာပဲ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့က နိုင်ငံတကာလေဆိပ်ပြေးလမ်းပျက်စီးခဲ့ပြီး လေယာဉ်တက်/ဆင်းလုပ်လို့ မရတော့ကြောင်း ဆီးရီးယားအစိုးရပိုင်မီဒီယာတွေက ကြေညာခဲ့ပါတယ်။
လက်ဘနွန်မှာကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးအပြီးမှာတော့ အရှေ့အလယ်ပိုင်းဒေသရဲ့ အရေးကြီးတဲ့နောက် ထပ်အဆင့်မှာ လက်ရှိအဖွဲ့သုံးဖွဲ့နဲ့ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ တခြားစစ်သွေးကြွအုပ်စုတွေနဲ့ ပူးပေါင်းပြီး ပါဝင်သွားမှာဖြစ်ကြောင်း ဟစ်ဘိုလာခေါင်းဆောင် ဟက်ဆန်နာဇရာလက်ရှ်က ဟားမတ်စ်ခေါင်းဆောင် ဆာ လာအယ်လ်အရိုရီ၊ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ခေါင်းဆောင် ဇီးယတ်အယ်လ်နာခလက်ရှ်တို့နဲ့ သဘောတူညီခဲ့ ကြပါတယ်။
၎င်းတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ဂါဇာနဲ့ ပါလက်စတိုင်းဒေသက တော်လှန်ရေး စစ်မှန်တဲ့အောင်ပွဲရရှိဖို့နဲ့ ဂါဇာ ကမ်းမြောင်ဒေသနဲ့ အနောက်ဘက်ကမ်းခြေဒေသက အဖိနှိပ်ခံပြည်သူတွေကို အစ္စရေးနိုင်ငံက ရက်စက်ကြမ်း ကြုပ်စွာတိုက်ခိုက်နေတာတွေကို ဟန့်တားဖို့ဖြစ်ကြောင်း ဟစ်ဘိုလာပိုင် လက်ဘနွန်အစိုးရမီဒီယာက ထုတ် ပြန်ကြေညာခဲ့ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အခုတွေ့ဆုံဆွေးနွေးမှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အောက်တို ဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့စစ်ပွဲကြောင့် အစ္စရေးဘက်က လူဦးရေ ၁၄၀၀ ကျော်သေဆုံးခဲ့သလို ဂါ ဇာဒေသက ပါလက်စတိုင်းတွေလည်း လူဦးရေ ၅၇၀၀ ကျော် သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အသေအပျောက်စာရင်းတွေ ထပ်တိုးလာသလို ဟစ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတပ်တွေ အပြန်အလှန်ပစ်ခတ်နေကြတဲ့အတွက် လက်ဘနွန်-အစ္စရေးနယ်စပ်မှာလည်းတင်းမာမှုတွေ မြင့်တက်လျက်ရှိပါ တယ်။
နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ဟစ်ဘိုလာဘက်မှာရော အစ္စရေးဘက်မှာပါ ထိခိုက်ကျဆုံးမှုတွေရှိကြောင်း သိရပါတယ်။ ဟစ်ဘိုလာခေါင်းဆောင်တွေကတော့ သိမ်းပိုက်ခံနယ်မြေထဲကို အစ္စရေးတပ်တွေ မြေပြင်ထိုးစစ်ဆင်နွှဲမှာကို မလုပ်ဖို့ သတိပေးထားပါတယ်။
လက်ဘနွန်ဘက်က ဟစ်ဘိုလာတွေ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်လာခဲ့ရင် ၎င်းတို့အနေနဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း အစ္စရေးအရာရှိတွေက ပြောပါတယ်။
“သူတို့တွေ တွေးမထားတဲ့အထိ ပြင်းထန်တဲ့အင်အားအသုံးပြုပြီး ကျွန်တော်တို့ လက်တုံ့ပြန်သွားမှာဖြစ်တယ်။ အဲဒီအတွက်အကျိုးဆက်ကတော့ လက်ဘနွန်နိုင်ငံ ပျက်စီးကြေမွသွားမှာပဲဖြစ်ပါတယ်။” လို့ တနင်္ဂနွေနေ့က လက်ဘနွန်နယ်စပ်က တပ်ဖွဲ့ဝင်တွေထံ သွားရောက်စစ်ဆေးစဉ် အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုက ပြောကြား ခဲ့ပါတယ်။
ဟစ်ဘိုလာနဲ့ အစ္စရေးတို့ဟာ ၂၀၀၆ ခုနှစ်က စစ်မက်ဖြစ်ပွားခဲ့တဲ့အပြင် အစ္စရေးနိုင်ငံကို ရော့ကက်ပေါင်း ၁၅၀၀၀၀ ဝန်းကျင်နဲ့ချိန်ရွယ်ထားတဲ့ အီရန်ထောက်ပံံ့ထားတဲ့ဟစ်ဘိုလာတပ်ဖွဲ့ကို အစ္စရေးက စောင့်ကြည့် လျက်ရှိပါတယ်။
Ref: Hezbollah leader meets Hamas, Islamic Jihad leaders.
#PeopleMedia