• Follow Us on
Latest News

Home အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်းသေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံသားအလောင်းတွေထဲက ပထမအသုတ် ထိုင်းနိုင်ငံ ကို ပြန်လည်ရောက်ရှိလာ

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်းသေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံသားအလောင်းတွေထဲက ပထမအသုတ် ထိုင်းနိုင်ငံ ကို ပြန်လည်ရောက်ရှိလာ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၀

 

အစ္စရေးနိုင်ငံမှာ အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့ပြီးကတည်းက သေဆုံးခဲ့ တဲ့ ထိုင်းနိုင်ငံသားတွေထဲက ပထမဦးဆုံးအသုတ် အလောင်း ၈ လောင်းဟာ ဒီကနေ့ သောကြာနေ့ (အောက် တိုဘာလ ၂၀ ရက်နေ့) မနက်ပိုင်းမှာ ထိုင်းနိုင်ငံကိုရောက်ရှိလာပြီး သက်ဆိုင်ရာပြည်နယ်အသီးသီးကို ဆက် လက်ပို့ဆောင်လိုက်ကြောင်း Bangkok Post သတင်းဌာနမှာရေးသားဖော်ပြထားပါတယ်။

 

အတည်ပြုထားတဲ့ ထိုင်းနိုင်ငံသားအလောင်း ၈ လောင်းကို သယ်ဆောင်လာတဲ့ အစ္စရေးလေကြောင်းလိုင်းက El Al Flight LY083 ဘိုးရင်းလေယာဉ်ကြီးဟာ ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ပြည်နယ်၊ သုဝဏ္ဏဘူမိလေဆိပ်ကို မနက် ၉ နာရီ ၃၃ မိနစ်မှာ ဆိုက်ရောက်လာခဲ့ပါတယ်။

 

ဝမ်းနည်းခြင်းအထိမ်းအမှတ်အတွက် အလောင်းတွေပါတဲ့ခေါင်းတလားတွေကို လေဆိပ်အပြင်ဘက်က အ ကောက်ခွန်ကင်းလွတ်ဇုံရှေ့မှာ ခင်းကျင်းပြသခဲ့ပါတယ်။

 

အဲဒီနောက် သက်ဆိုင်ရာပြည်နယ်တွေကို ဆက်လက်ပေးပို့သွားဖို့အတွက် ခေါင်းတလားတွေကို ဈာပနအခမ်း အနားဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ ဆူရီယာကုမ္ပဏီကထောက်ပံ့ထားတဲ့ ဗန်ကားတွေပေါ်ကို တင်ဆောင်ထား လိုက်ပါတယ်။

 

အလောင်းနှစ်လောင်းကို ဉာဒါန်းဌာနီပြည်နယ်ကို ပေးပို့သွားမှာဖြစ်သလို နခုန်ရတ်ချာဆီမာပြည်နယ်၊ ခုန်ခီယန် ပြည်နယ်၊ ဘူရီယမ်ပြည်နယ်၊ ချိုင်းယာဖမ်ပြည်နယ်၊ ဆီဆာခက်ပြည်နယ်နဲ့ ဆူခိုထိုင်းပြည်နယ်တို့ကို အလောင်း တစ်လောင်းစီ ပေးပို့သွားမှာဖြစ်ပါတယ်။

 

သက်ဆိုင်ရာပြည်နယ်အသီးသီးမှာရှိတဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနက အရာရှိတွေဟာ သေဆုံးသွားတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ကျန်ရစ်သူမိဘဆွေမျိုးတွေအိမ်ကို သွားရောက်ပြီး သေဆုံးသွားသူတွေအတွက် ရရှိမယ့် လျော်ကြေး/ထောက်ပံ့ကြေးတွေအကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပိုင်ရိုတီချိုတီကာဆာထီယန်က ပြောပါတယ်။

 

ကနဦးအစီအစဉ်အရ သေဆုံးသူထိုင်းလုပ်သားရဲ့မိသားစုဝင်တွေ ဈာပနအခမ်းအနားကျင်းပနိုင်ဖို့အတွက် အ လုပ်သမားရေးရာဝန်ကြီးဌာနက မိသားစုတစ်စုကို ဘတ်ငွေ ၄၀၀၀၀ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး ဝန်ကြီး ဌာ နအနေနဲ့ သေဆုံးသူမိသားစုဝင်များ ထောက်ပံ့ကြေး/နစ်နာကြေးရရှိအောင် အစ္စရေးအာဏာပိုင်တွေနဲ့ ဆက်လက်ညိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

သေဆုံးသူရဲ့ ဇနီးမယားဟာ နောက်အိမ်ထောင်မပြုမချင်း တစ်လကို ဘတ်ငွေ ၄၀၀၀၀ လစဉ်ရရှိမှာဖြစ်သလို သေဆုံးသူရဲ့ကလေးတစ်ယောက်ကို အသက် ၁၈ နှစ်မပြည့်မချင်း တစ်လကို ဘတ်ငွေ ၈၀၀၀ ကနေ ၁၂၀၀၀ အထိ ထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အစ္စရေးနိုင်ငံထဲမှာ ပိတ်မိနေတဲ့ ထိုင်းလုပ်သားတွေအတွက် ရေနဲ့ ရိက္ခာခြောက်တွေပါဝင်တဲ့ စားနပ်ရိက္ခာထုပ် ၄၀၀၀ ဝန်းကျင်ကို အလုပ်သမားရေးရာဝန်ကြီးဌာနက ပေးပို့ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံထဲမှာ တရားဝင်ဖြစ်စေ တ ရားမဝင်ဖြစ်စေ ရောက်ရှိနေတဲ့ မည်သည့်ထိုင်းနိုင်ငံသားကိုမဆို တတ်နိုင်သမျှ မိခင်နိုင်ငံကို ပြန်လည်ခေါ် ဆောင်ပေးသွားမှာဖြစ်ကြောင်း မစ္စတာပိုင်ရိုတီက ပြောပါတယ်။

 

အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပေမဲ့ အလုပ်ရှင်တွေက အလုပ်ဆက်လုပ်ဖို့ အဓမ္မစေခိုင်းခံနေရတဲ့ ထိုင်းလုပ်သားတွေအတွက် ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေကနေ ကာကွယ်နိုင်ရေး ကြား ဝင်ဆောင်ရွက်ဖို့အတွက် အစ္စရေး နိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကအလုပ်သမားရေးရာအရာရှိကို ညွှန်ကြားထား ကြောင်း ပိုင်ရိုတီက ပြောပါတယ်။

 

Ref: Thai workers killed in Israel attack repatriated

 

#PeopleMedia


Share this post