• Follow Us on
Latest News

Home အစ္စရေး F-35 တွေအတွက် အပိုပစ္စည်းတင်ပို့မှုရပ်ဆိုင်းဖို့ နယ်သာလန်အစိုးရကို တရားရုံးအမိန့်ချမှတ်

အစ္စရေး F-35 တွေအတွက် အပိုပစ္စည်းတင်ပို့မှုရပ်ဆိုင်းဖို့ နယ်သာလန်အစိုးရကို တရားရုံးအမိန့်ချမှတ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

နယ်သာလန်နိုင်ငံက အစ္စရေးနိုင်ငံ F-35 ဂျက်တိုက်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေတင်ပို့နေတာကို ရပ်ဆိုင်းဖို့ နယ်သာလန်နိုင်ငံတရားရုံးတစ်ခုက တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့) က အမိန့်ချလိုက်ပါ တယ်။

 

အစ္စရေးတပ်ဖွဲ့က လေယာဉ်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပေဒကို ချိုးဖောက်တဲ့အထဲ မှာပါဝင်နေတာတွေ့ရတဲ့အတွက် ဂါဇာကမ်းမြောင်ဒေသတိုက်ပွဲမှာ အစ္စရေးက အသုံးပြုနေတဲ့ F-35 ဂျက်တိုက် လေယာဉ်ေွအတွက် အပိုပစ္စည်းတွေတင်ပို့နေတာကို ရပ်ဆိုင်းဖို့ ဒတ်ချ်တရားရုံးက အခုလိုအမိန့်ချလိုက်တာဖြစ် ပါတယ်။

 

အခုလို လေယာဉ်အပိုပစ္စည်းတွေပို့ဆောင်ပေးနေတာဟာ ဟားမတ်စ်အဖွဲ့နဲ့ ဖြစ်ပွားတဲ့စစ်ပွဲမှာ အစ္စရေးဘက်က ဥပေဒချိုးဖောက်နေတာကို ထောက်ပံ့ပေးနေတာဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ လူ့အခွင့်အရေးအုပ်စုတွေဘက်က သည်ဟိတ်မြို့မှာရှိတဲ့ အယူခံတရားရုံးက ရပ်တည်ခဲ့ပါတယ်။

 

“ဒ့ါကြောင့် အစ္စရေးနိုင်ငံက F-35 ဂျက်တိုက်လေယာဉ်တွေအတွက် နေက်ထပ်အပိုပစ္စည်းတွေတင်ပို့နေတာကို နယ်သာလန်အစိုးရအနေနဲ့ ၇ ရက်အတွင်း ရပ်ဆိုင်းဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။” လို့ တရားရုံးက ပြောပါတယ်။

 

“ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို အကြီးအကျယ်ချိုးဖောက်နေတဲ့ အန္တရာယ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။” လို့ တရားရုံးက ပြောပါတယ်။

 

အမေရိကန်ပိုင်တဲ့ F-35 ဂျက်တိုက်လေယာဉ်ရဲ့ အပိုပစ္စည်းတွေကို နယ်သာလန်နိုင်ငံက ဂိုဒေါင်တစ်ခုထဲမှာ သိမ်းဆည်းထားပြီး အဲဒီကမှတစ်ဆင့် အစ္စရေးနိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံ လေးငါးနိုင်ငံကို ပြည်ပပို့ကုန် သ ဘောတူညီချက်လမ်းကြောင်းကတစ်ဆင့် ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

 

လေယာဉ်အပိုပစ္စည်းတွေပို့ဆောင်ပေးတာဟာ နိုင်ငံရေးအရဆုံးဖြတ်ချက်ဖြစ်ပြီး တရားသူကြီးတွေက ဝင် ရောက်စွက်ဖက်သင့်တဲ့အရာမဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက သည်ဟိတ်မြို့က ခရိုင်တရား ရုံးက ပြောကြားခဲ့ပါတယ်။

 

“ဝန်ကြီးချုပ် ထည့်သွင်းစဉ်းစားရမယ့်အရာတွေက နိုင်ငံရေးနဲ့ မူဝါဒ သဘောသဘာဝတစ်ခုအရ အတိုင်းအတာ တစ်ခုအထိ ကြီးကြီးမားမား စဉ်းစားရမယ့်အရာတွေဖြစ်ပြီး တရားသူကြီးတွေက ဝန်ကြီးချုပ်ကို လွတ်လွတ်လပ် လပ်စဉ်းစားခွင့် ပေးသင့်ပါတယ်။” လို့ အဲဒီအချိန်က တရားရုံးက ပြောပါတယ်။

 

ဒါပေမဲ့ “လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့ အန္တရာယ်ကို ထင်ထင်ရှား ရှားတွေ့နေရပြီဆိုရင် နယ်သာလန်နိုင်ငံအနေနဲ့ စစ်ပစ္စည်းတွေ နိုင်ငံခြားတင်ပို့တာကို ရပ်ဆိုင်းထားရမှာဖြစ်ပါ တယ်။” လု့ိ ပြောဆိုရင်း အယူခံတရားရုံးက ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

 

“အစ္စရေးဟာ စစ်ဆင်ရေးဆောင်ရွက်နေချိန်မှာ အရပ်သားတွေ နောက်ဆက်တွဲထိခိုက်မှုတွေအတွက် လုံ လောက်တဲ့အစီအစဉ်တွေ ဆောင်ရွက်ထားခြင်း မရှိပါဘူး။” လို့ တရားရုံးက ပြောပါတယ်။

 

ဂါဇာဒေသမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ကလေးသူငယ်ထောင်ပေါင်းများစွာအပါအဝင် အရပ်သားသေဆုံး မှုဦးရေ အများအပြားထွက်ပေါ်လာခဲ့ကြောင်း တရားရုံးက ပြောပါတယ်။ ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က ၁၂၀၀ ဝန်းကျင် သေဆုံးခဲ့သလို အစ္စရေးရဲ့ လက်တုံ့ ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအများစုပါဝင်တဲ့ ပါလက်စတိုင်း ၂၈၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

 

Ref: Court Orders Netherlands to Stop F-35 Parts Delivery to Israel

 

#PeopleMedia


Share this post