• Follow Us on
Latest News

Home အစ္စရေး IDF တပ်ဖွဲ့ဝင်တွေ ဟားမတ်စ်စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ဒုံးပစ်စင်တွေနဲ့ လိုဏ်ခေါင်း တွေကို ဖျက်ဆီး

အစ္စရေး IDF တပ်ဖွဲ့ဝင်တွေ ဟားမတ်စ်စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ဒုံးပစ်စင်တွေနဲ့ လိုဏ်ခေါင်း တွေကို ဖျက်ဆီး

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃

 

ဂါဇာကမ်းမြောင်ဒေ မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားနေစဉ်အတွင်း အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ IDF က ဟားမတ်စ်စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလို အစ္စရေးကိုချိန်ရွယ်ထားတဲ့ ဒုံးပစ်စင် တွေကိုလည်း ဖျက်ဆီးခဲ့ပြီး ဂါဇာမြောက်ပိုင်းမှာရှိတဲ့ လိုဏ်ခေါင်းတွေကိုပါ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် က ပြောပါတယ်။

 

အစ္စရေးရဲ့ ဟာရယ်အရန်တပ်မဟာ တင့်ကားတွေနဲ့ တခြားလက်နက်တွေကိုအသုံးပြုပြီး ဟားမတ်စ်တွေရဲ့ အ ခြေခံအဆောက်အဦတွေကို ဖျက်ဆီးနေတဲ့ပုံကို Times of Israel သတင်းစာက စစ်သတင်းထောက် အီမန်နျူ ရယ်ဖာဘီယန်က X လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင်တစ်ဖိုင်တင်ထားပါတယ်။

 

အစ္စရေး IDF တပ်ဖွဲ့ဝင်တွေဖျက်ဆီးခဲ့တဲ့ အဲဒီအခြေခံအဆောက်အဦဟာ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဘေ့ဟာနူးနဲ့ ဂျဘားလီယာ မြို့နှစ်မြို့ကြားက နယ်မြေမှာတည်ရှိတာလို့ ဆိုပါတယ်။

 

“အစ္စရေး IDF တပ်ဖွဲ့ဝင်တွေဟာ အစ္စရေးကို ချိန်ရွယ်ထားတဲ့တာဝေးပစ်ဒုံးပစ်စင်တွေ၊ တင့်ဖျက်ဒုံးကျည်ပစ်စင် နေရာတွေ၊ လိုဏ်ခေါင်းတွေနဲ့ ကင်းထောက်စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ IDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။” လို့ ဖာဘီယန်က ပြောပါတယ်။

 

ဂါဇာမြောက်ပိုင်းက သူငယ်တန်းကျောင်းဝင်းတစ်ခုထဲမှာ ဟားမတ်စ်တွေဝှက်ထားတဲ့ လက်နက်တွေကိုလည်း အစ္စရေး IDF တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲတယ်လို့ဆိုပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်ချေမှုန်းရေးအစိတ် အပိုင်းတစ်ရပ်အဖြစ် အစ္စရေးတပ်တွေဟာ မကြာသေးခင်ကာလက မြေပြင်ထိုးစစ်ကို စတင်ခဲ့ပါတယ်။

 

မြေပြင်ထိုးစစ်မစခင်မှာ အစ္စရေးတပ်တွေဟာ လေကြောင်းကနေ ဂါဇာကမ်းမြောင်ဒေသကို အပြင်းအထန်ဗုံး ကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဂါဇာဒေသက အဆောက်အအုံများစွာပျက်စီးခဲ့ပါတယ်။

 

အစ္စရေးတွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၄၀၀၀ ကျော်အပါအဝင် ပါလက်စတိုင်းလူမျိုး ၁၁၀၀၀ ကျော်သေဆုံးသွားပြီဖြစ်ပြီး လူဦးရေသန်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန် ကြီးဌာနက ပြောပါတယ်။

 

စစ်ပွဲအတွင်း တစ်လအတွင်းတိုက်ခိုက်မှုတွေကြောင့် ကုလသမဂ္ဂဝန်ထမ်း ၁၀၀ ဝန်းကျင်သေဆုံးခဲ့ပြီဖြစ် ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

 

Ref: IDF Troops Raid Hamas Posts, Destroy Long-Range Weapons During Intense, Close-Quarter Gunfights Seen in Video

 

#PeopleMedia


Share this post