အစၥလာမ္မစ္စစ္ေသြးႂကြမ်ားက မိုဇမ္ဘစ္တြင္ လူ ၅၀ ေက်ာ္ကို ေခါင္းျဖတ္သတ္ျဖတ္

PUBLISHED - November 11, 2020
မာပူတို၊ ႏို၀င္ဘာ ၁၀
အစၥလာမ္မစ္စစ္ေသြးႂကြမ်ားက မိုဇမ္ဘစ္ႏိုင္ငံေျမာက္ပိုင္းတြင္ လူ ၅၀ ေက်ာ္ကိုေခါင္းျဖတ္သတ္ခဲ့သည္ဟု အစိုးရမီဒီယာကေဖာ္ျပသည္။
(ၾကမ္းတမ္းသည့္ျမင္ကြင္းမ်ားကို သ႐ုပ္ေဖာ္ေရးသားမႈမ်ားပါ၀င္ေၾကာင္း စာဖတ္သူမ်ားကို အသိေပးလိုပါသည္။)
စစ္ေသြးႂကြမ်ားက ႐ြာတ႐ြာမွရပ္ကြက္ေဘာလံုးကြင္းတခုကို ကြက္မ်က္ရာေနရာအျဖစ္ေျပာင္းလဲခဲ့ၿပီး လူမ်ားကို ေခါင္းျဖတ္သတ္ခဲ့သည့္အျပင္ အေလာင္းမ်ားကိုလည္း ခုတ္ထစ္ခဲ့ၾကသည္ဟု အျခားသတင္းမ်ားတြင္လည္းပါ၀င္သည္။
ေနာက္ထပ္တ႐ြာတြင္လည္း လူအမ်ားအျပားကို ေခါင္းျဖတ္ခဲ့ေၾကာင္း အစိုးရမီဒီယာကေဖာ္ျပသည္။
ယခုေခါင္းျဖတ္မႈမ်ားသည္ သဘာ၀ဓာတ္ေငြ႕ႂကြယ္၀သည့္ ကာဘိုဒယ္ဂါဒိုျပည္နယ္တြင္ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း စစ္ေသြးႂကြမ်ား၏စက္ဆုတ္ဖြယ္တိုက္ခိုက္မႈမ်ားအနက္ ေနာက္ဆံုးလုပ္ရပ္မ်ားျဖစ္သည္။
မြတ္ဆလင္အမ်ားစုေနသည့္ျပည္နယ္မွပဋိပကၡမ်ားအတြင္း လူ ၂၀၀၀ ခန္႔အထိေသဆံုးခဲ့ၿပီး ၄၃၀၀၀၀ ေက်ာ္အိုးအိမ္မဲ့ခဲ့သည္။
ထိုစစ္ေသြးႂကြမ်ားသည္ အိုင္အက္စ္ဟု သူတို႔ကိုယ္သူတို႔သတ္မွတ္ၾကေသာ အစၥလာမ္မစ္ႏိုင္ငံေတာ္အၾကမ္းဖက္အဖြဲ႔ႏွင့္ဆက္စပ္ေနၿပီး အာဖရိကတိုက္ေတာင္ပိုင္းတြင္ ထိုအဖြဲ႔ကို ေျခကုတ္ေပးထားႏိုင္သည္။
ဆင္းရဲမြဲေတမႈႏွင့္အလုပ္အကိုင္႐ွားပါးမႈတို႔ကို အျမတ္ထုတ္အသံုးခ်ၿပီး လူငယ္မ်ားကို သူတို႔အတြက္လူစုကာ ထိုေနရာတြင္ အစၥလာမ္မစ္အုပ္ခ်ဳပ္ေရးထူေထာင္ႏိုင္ရန္လုပ္ေဆာင္ေနသည္။
Ref : Militant Islamists ‘behead more than 50’ in Mozambique
#PeopleMedia
(unicode)
အစ္စလာမ်မစ်စစ်သွေးကြွများက မိုဇမ်ဘစ်တွင် လူ ၅၀ ကျော်ကို ခေါင်းဖြတ်သတ်ဖြတ်
………………………………………………
မာပူတို၊ နိုဝင်ဘာ ၁၀
အစ္စလာမ်မစ်စစ်သွေးကြွများက မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းတွင် လူ ၅၀ ကျော်ကိုခေါင်းဖြတ်သတ်ခဲ့သည်ဟု အစိုးရမီဒီယာကဖော်ပြသည်။
(ကြမ်းတမ်းသည့်မြင်ကွင်းများကို သရုပ်ဖော်ရေးသားမှုများပါဝင်ကြောင်း စာဖတ်သူများကို အသိပေးလိုပါသည်။)
စစ်သွေးကြွများက ရွာတရွာမှရပ်ကွက်ဘောလုံးကွင်းတခုကို ကွက်မျက်ရာနေရာအဖြစ်ပြောင်းလဲခဲ့ပြီး လူများကို ခေါင်းဖြတ်သတ်ခဲ့သည့်အပြင် အလောင်းများကိုလည်း ခုတ်ထစ်ခဲ့ကြသည်ဟု အခြားသတင်းများတွင်လည်းပါဝင်သည်။
နောက်ထပ်တရွာတွင်လည်း လူအများအပြားကို ခေါင်းဖြတ်ခဲ့ကြောင်း အစိုးရမီဒီယာကဖော်ပြသည်။
ယခုခေါင်းဖြတ်မှုများသည် သဘာဝဓာတ်ငွေ့ကြွယ်ဝသည့် ကာဘိုဒယ်ဂါဒိုပြည်နယ်တွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း စစ်သွေးကြွများ၏စက်ဆုတ်ဖွယ်တိုက်ခိုက်မှုများအနက် နောက်ဆုံးလုပ်ရပ်များဖြစ်သည်။
မွတ်ဆလင်အများစုနေသည့်ပြည်နယ်မှပဋိပက္ခများအတွင်း လူ ၂၀၀၀ ခန့်အထိသေဆုံးခဲ့ပြီး ၄၃၀၀၀၀ ကျော်အိုးအိမ်မဲ့ခဲ့သည်။
ထိုစစ်သွေးကြွများသည် အိုင်အက်စ်ဟု သူတို့ကိုယ်သူတို့သတ်မှတ်ကြသော အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်နေပြီး အာဖရိကတိုက်တောင်ပိုင်းတွင် ထိုအဖွဲ့ကို ခြေကုတ်ပေးထားနိုင်သည်။
ဆင်းရဲမွဲတေမှုနှင့်အလုပ်အကိုင်ရှားပါးမှုတို့ကို အမြတ်ထုတ်အသုံးချပြီး လူငယ်များကို သူတို့အတွက်လူစုကာ ထိုနေရာတွင် အစ္စလာမ်မစ်အုပ်ချုပ်ရေးထူထောင်နိုင်ရန်လုပ်ဆောင်နေသည်။
Ref : Militant Islamists ‘behead more than 50’ in Mozambique
#PeopleMedia