အစ္စရေးက ဂိုလန်ကုန်းမြင့်ဒေသနားရှိ ဆီးရီးယား စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ သည့် ဗီဒီယိုဖိုင် ထုတ်ပြန်
PUBLISHED - June 5, 2019
အစ္စရေးစစ်တပ်ပာာ ဂိုလန်ကုန်းမြင့်ဒေသနားရှိ ဆီးရီးယား စစ်ဘက်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မူပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင်ကို ထုတ်ဖော်ပြသခဲ့ကြောင်း RT သတင်းဌာနက ဇွန် ၃ ရက်မှာ ရေးသားခဲ့ပါတယ်။
ဆီးရီးယာဘက်ခြမ်း ဂိုလန်ကုန်းမြင့်ဒေသနားကနေ အစ္စရေးဘက်ကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အစ္စရေး စစ်တပ်ပာာ လက်တုံ့ပြန်တဲ့အနေဖြင့် စစ်လေယာဉ်များဖြင့် တနင်္ဂနွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ယင်းတိုက်ခိုက်မူကြောင့် ဆီးရီးယား စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင် ငံပိုင် မီဒီယာက ကြေညာခဲ့ပါတယ်။အစ္စရေးပာာ ၁၉၆၇မှာ ဆီးရီးယားပိုင် ဂိုလန် ကုန်းမြင့်ကို သိမ်းပိုက်ထားတာပါ။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာပာုက မိမိတို့ဒေသတွင်းကို မည်သည့်ပစ်ခတ်မူမဆို သည်းခံနေမည်မပာုတ်ဘဲ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ပစ်ခတ်မူ မည်သူလုပ်ဆောင် သည်ကို မသိရသေးသော်လည်း ဆီးရီးယားပိုင်နက်မှလာသောကြောင့် ဆီးရီးယားစစ် တပ်မှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
https://www.facebook.com/1120229281493723/videos/372338223391192/