အစ္စရေးနိုင်ငံက အမှားအယွင်း အနည်းငယ်လုပ်ယုံမျှဖြင့် မြို့ကြီးနှစ်မြို့ကို တစ်စစီ ဖျက်ဆီးပစ်မည်ဟု အီရန်ဗိုလ်ချုပ်ပြော

PUBLISHED - January 29, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အစ္စရေးနိုင်ငံက အမှားအယွင်း အနည်းငယ်လုပ်ယုံမျှဖြင့် အီရန်နိုင်ငံက ဟိုင်ဖာနှင့် တဲလ်အဗစ်မြို့တော်များကို ပျက်စီးအောင်ပြုလုပ်မည်ဟု အီရန် အကြီးတန်းစစ်ဘက် တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာခါမေနီ၏ ပြောစကားကို လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဘိုဖာဇယ်ရှီကာချီက ထောက်ခံလိုက်ခြင်းဖြစ်သည်။
“အီရန်နိုင်ငံအပေါ် အစ္စရေးနိုင်ငံက အမှားအယွင်း အနည်းငယ်လေးလုပ်တာနဲ့ ကျွန်တော်တို့ အစ္စရေးနိုင်ငံက ဒုံးကျည်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ယုံသာမက ဟိုင်ဖာနဲ့ တဲလ်အဗစ်မြို့ကို အချိန်တိုအတွင်း ဖျက်ဆီး နိုင်စွမ်းရှိပါတယ်” ဟု ၎င်းက ပြောသည်။
အစ္စရေးဗိုလ်ချုပ်ကြီး အဗစ်ကိုချာဗီ၏ မကြာသေးမီက ပြောကြားခဲ့သော ခြိမ်းခြောက်မှုများက စိတ်ဓာတ် စစ်ဆင်ရေးဆိုသည်ကို ၎င်းက ပယ်ချခဲ့သည်။
“အီရန်နိုင်ငံရဲ့အင်အားကို အစ္စရေးနိုင်ငံက သတိမထားမိသေးပါဘူး။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေမှာ အီရန်တပ်မတော်က ထိပ်တန်းအဆင့် စစ်လက်နက်တွေ ထုတ်ဖော်ပြသခဲ့ပါတယ်” ဟု သူက ဆိုသည်။
အီရန်တပ်မတော်က စွမ်းပကားမြင့် စစ်လက်နက်များ ပိုင်ဆိုင်ထားခြင်းကြောင့် အချိန်တိုအတွင်း တဲလ် အဗစ်မြို့ကို ဖျက်ဆီးပစ်နိုင်သည်ဟု ၎င်းက ပြောသည်။
ကိုးကား – မားနယူးစ်
Ref; Iran to Raze Tel Aviv, Haifa to Ground If Israel Makes Mistake: Cmdr.
#PeopleMedia
(unicode)
……………………………………………………………….
Ref; Iran to Raze Tel Aviv, Haifa to Ground If Israel Makes Mistake: Cmdr.
#PeopleMedia