အစၥေရးမွ ပစ္ခတ္ေသာ ခ႐ုမစ္ဇိုင္း ၄ စင္းတြင္ ၁ စင္းကို ဆီးရီးယားေလ ကာစနစ္ပစ္ခ်

PUBLISHED - December 23, 2019
ဆီးရီးယားေလေၾကာင္းကာကြယ္ေရးစနစ္ဟာ တနဂၤေႏြေန႔က အစၥေရးမစ္ဇိုင္းေတြကို ပစ္ခတ္ခဲ့ၿပီး မစ္ဇိုင္း ၁ စင္းကို ဒါမက္စကတ္ၿမိဳ႕ အျပင္ဘက္မွာ ပစ္ခ်ႏုိင္ခဲ့တယ္လို႔ ဆီးရီးယားသတင္းေအဂ်င္စီ Sana က ေဖာ္ျပ ခဲ့ပါတယ္။
အခုသတင္းနဲ႔ပတ္သက္ၿပီး AFP သတင္းဌာနက အစၥေရးစစ္တပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူကို ေမးျမန္းခဲ့ရာမွာ ေတာ့ ႏိုင္ငံျခားသတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အေပၚမွာ သံုးသပ္ခ်က္မေပးဘူးလို႔ ေျဖၾကားခဲ့ပါတယ္။
ခ႐ုမစ္ဇိုင္း ၄ စင္းဟာ လက္ဘႏြန္ေ၀ဟင္ပိုင္နက္ကို ျဖတ္ေက်ာ္ၿပီး ဆီးရီးယားကို ေရာက္ရွိခဲ့တာလို႔ သိရပါ တယ္။
ဆီးရီးယားစစ္တပ္က ခ႐ုမစ္ဇိုင္း ၄ စင္းမွာ ၁ စင္းကို ပစ္ခ်ႏုိင္ခဲ့တယ္လို႔ အတည္ျပဳခဲ့ေပမယ့္ အေသးစိတ္ကို ေျဖၾကားခဲ့ျခင္းမရွိပါဘူး။
Ref; middleeasteye
(Unicode)
အစ္စရေးမှ ပစ်ခတ်သော ခရုမစ်ဇိုင်း ၄ စင်းတွင် ၁ စင်းကို ဆီးရီးယားလေ ကာစနစ်ပစ်ချ
…………………………………………………………
ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်ဟာ တနင်္ဂနွေနေ့က အစ္စရေးမစ်ဇိုင်းတွေကို ပစ်ခတ်ခဲ့ပြီး မစ်ဇိုင်း ၁ စင်းကို ဒါမက်စကတ်မြို့ အပြင်ဘက်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယားသတင်းအေဂျင်စီ Sana က ဖော်ပြ ခဲ့ပါတယ်။
အခုသတင်းနဲ့ပတ်သက်ပြီး AFP သတင်းဌာနက အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းခဲ့ရာမှာ တော့ နိုင်ငံခြားသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အပေါ်မှာ သုံးသပ်ချက်မပေးဘူးလို့ ဖြေကြားခဲ့ပါတယ်။
ခရုမစ်ဇိုင်း ၄ စင်းဟာ လက်ဘနွန်ဝေဟင်ပိုင်နက်ကို ဖြတ်ကျော်ပြီး ဆီးရီးယားကို ရောက်ရှိခဲ့တာလို့ သိရပါ တယ်။
ဆီးရီးယားစစ်တပ်က ခရုမစ်ဇိုင်း ၄ စင်းမှာ ၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ အတည်ပြုခဲ့ပေမယ့် အသေးစိတ်ကို ဖြေကြားခဲ့ခြင်းမရှိပါဘူး။
Ref; middleeasteye
#PeopleMedia