အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု၏ အက်င့္ပ်က္ခ်စားမႈ အမႈစစ္ေဆးျခင္းကို မတ္လ ၁၇ ရက္တြင္ စတင္မည္

PUBLISHED - February 20, 2020
ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၁၉
အစၥေရးႏိုင္ငံက တစ္ႏွစ္အတြင္း တတိယ အႀကိမ္ေျမာက္ ေရြးေကာက္ပြဲက်င္းၿပီး သီတင္းႏွစ္ပတ္အၾကာ မတ္လ ၁၇ ရက္တြင္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု၏ အက်င့္ပ်က္ခ်စားမႈ အမႈစစ္ေဆးျခင္း စတင္ မည္ဟု တရားေရးဝန္ႀကီးဌာနက ေျပာၾကားလိုက္သည္။
ရာဇဝတ္မႈတစ္ခုျဖင့္ တရားစြဲဆိုခံရသည့္ ပထမဆုံးေသာ တာဝန္ထမ္းေဆာင္ဆဲ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက သူ့အေပၚ စြဲခ်က္တင္ထားသည့္ အက်င့္ပ်က္ခ်စားမႈသုံးခုတြင္ မည္သည့္အမွားအယြင္း မွ် ျပဳလုပ္ခဲ့ျခင္းမရွိေၾကာင္း ျငင္းဆန္ခဲ့သည္။
တရားရင္ဆိုင္မႈႏွင့္ပတ္သက္၍ လက္ယာယိမ္း လီကြပ္ပါတီကို ဦး ေဆာင္သည့္ ေနတန္ယာဟုမွာ ၿပီးခဲ့သည့္ႏွစ္ ဧၿပီႏွင့္စက္တင္ဘာလမ်ားအတြင္း ေရြးေကာက္ပြဲမ်ား ျပဳလုပ္ခဲ့ၿပီး ယခုႏွစ္ မတ္လ ၂ ရက္တြင္က်င္းပမည့္ ေရြးေကာက္ပြဲ၌ ႏိုင္ငံေရးလႈပ္ရွားမႈအတြက္ တိုက္ပြဲဝင္ေနရသည္။
ေဂ်႐ုဆလင္ ခ႐ိုင္တရား႐ုံးမွ တရားသူႀကီး ရီကက္ဗ္ခရက္မင္းဖက္မင္း၊ မိုေရွးဘာအမ္းႏွင့္ အိုဒက္ရွာ ဟမ္တို႔ ပါဝင္ေသာ အမႈစစ္ေဆးေရးအဖြဲ႕ကို ေၾကညာခဲ့ၿပီးျဖစ္သည္။ ျပးခဲ့ေသာ ရက္သတၱပတ္သုံးခုက တရား႐ုံး သို႔တင္ခဲ့သည့္ စြဲခ်က္မ်ားတြင္ လာဘ္ေပးလာဘ္ယူမႈ၊ ယုံၾကည္မႈခ်ိဳးေဖာက္မႈႏွင့္ လိမ္လည္မႈတို႔ ပါဝင္သည္။
အသက္ ၇၀ ႏွစ္အရြယ္ရွိ ေနတန္ယာဟုသည္ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားထံမွ ေဆးျပင္းလိပ္မ်ား၊ ခ်န္ ပိန္မ်ားအပါအဝင္ အေမရိကန္ေဒၚလာ ၂၆၄,၀၀၀ တန္ေၾကးရွိ လက္ေဆာင္ပစၥည္းမ်ား မွားယြင္းစြာ လက္ခံရရွိခဲ့ ေၾကာင္း နာမည္ေက်ာ္ သတင္းဝဘ္ဆိုဒ္တစ္ခုတြင္ သတင္းမ်ားေဖာ္ျပရန္ လုပ္ထုံးလုပ္နည္းကိုေက်ာ္လြန္၍ အခြင့္ အေရးေပးမႈမ်ား ျပလုပ္ခဲ့ေၾကာင္း စြပ္စြဲခံခဲ့ရသည္။
လာဘ္ေပးလာဘ္ယူမႈႏွင့္ လိမ္လည္မႈ၊ ယုံၾကည္မႈခ်ိဳးေဖာက္ျခင္းအတြက္ အမ်ားဆုံးျပစ္ဒဏ္ သုံးႏွစ္ ထည့္တြက္ပါက ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုအေနျဖင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခံရႏိုင္သည္။
#InternationalNews #MPI #peoplemedia
ကိုးကား–စီဂ်ီတီ အင္န္
Ref; Israeli PM Netanyahu’s graft trial to open on March 17: Justice Ministry
(unicode)
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ အကျင့်ပျက်ချစားမှု အမှုစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်တွင် စတင်မည်
………………………………………………………………………………..
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
အစ္စရေးနိုင်ငံက တစ်နှစ်အတွင်း တတိယ အကြိမ်မြောက် ရွေးကောက်ပွဲကျင်းပြီး သီတင်းနှစ်ပတ်အကြာ မတ်လ ၁၇ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အကျင့်ပျက်ချစားမှု အမှုစစ်ဆေးခြင်း စတင် မည်ဟု တရားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ရာဇဝတ်မှုတစ်ခုဖြင့် တရားစွဲဆိုခံရသည့် ပထမဆုံးသော တာဝန်ထမ်းဆောင်ဆဲ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သူ့အပေါ် စွဲချက်တင်ထားသည့် အကျင့်ပျက်ချစားမှုသုံးခုတွင် မည်သည့်အမှားအယွင်း မျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။
တရားရင်ဆိုင်မှုနှင့်ပတ်သက်၍ လက်ယာယိမ်း လီကွပ်ပါတီကို ဦး ဆောင်သည့် နေတန်ယာဟုမှာ ပြီးခဲ့သည့်နှစ် ဧပြီနှင့်စက်တင်ဘာလများအတွင်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး ယခုနှစ် မတ်လ ၂ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးလှုပ်ရှားမှုအတွက် တိုက်ပွဲဝင်နေရသည်။
ဂျေရုဆလင် ခရိုင်တရားရုံးမှ တရားသူကြီး ရီကက်ဗ်ခရက်မင်းဖက်မင်း၊ မိုရှေးဘာအမ်းနှင့် အိုဒက်ရှာ ဟမ်တို့ ပါဝင်သော အမှုစစ်ဆေးရေးအဖွဲ့ကို ကြေညာခဲ့ပြီးဖြစ်သည်။ ပြးခဲ့သော ရက်သတ္တပတ်သုံးခုက တရားရုံး သို့တင်ခဲ့သည့် စွဲချက်များတွင် လာဘ်ပေးလာဘ်ယူမှု၊ ယုံကြည်မှုချိုးဖောက်မှုနှင့် လိမ်လည်မှုတို့ ပါဝင်သည်။
အသက် ၇၀ နှစ်အရွယ်ရှိ နေတန်ယာဟုသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများထံမှ ဆေးပြင်းလိပ်များ၊ ချန် ပိန်များအပါအဝင် အမေရိကန်ဒေါ်လာ ၂၆၄,၀၀၀ တန်ကြေးရှိ လက်ဆောင်ပစ္စည်းများ မှားယွင်းစွာ လက်ခံရရှိခဲ့ ကြောင်း နာမည်ကျော် သတင်းဝဘ်ဆိုဒ်တစ်ခုတွင် သတင်းများဖော်ပြရန် လုပ်ထုံးလုပ်နည်းကိုကျော်လွန်၍ အခွင့် အရေးပေးမှုများ ပြလုပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။
လာဘ်ပေးလာဘ်ယူမှုနှင့် လိမ်လည်မှု၊ ယုံကြည်မှုချိုးဖောက်ခြင်းအတွက် အများဆုံးပြစ်ဒဏ် သုံးနှစ် ထည့်တွက်ပါက ဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရနိုင်သည်။
#InternationalNews #MPI #peoplemedia
ကိုးကား–စီဂျီတီ အင်န်
Ref; Israeli PM Netanyahu’s graft trial to open on March 17: Justice Ministry