အစၥေရးႏွင့္ အေမရိကန္ ပူးတြဲ ေလတပ္ေလ့က်င့္မႈ ျပဳလုပ္

PUBLISHED - August 4, 2020
၂၀၂၀၊ ၾသဂုတ္ ၄
အစၥေရးေလတပ္က အေမရိကန္ေလတပ္ ဗဟိုကြပ္ကဲမႈဌာနႏွင့္အတူ ယခုႏွစ္အတြင္း ဒုတိယအႀကိမ္ ေျမာက္ ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ရပ္ လုပ္ေဆာင္ခဲ့ေၾကာင္း အစၥေရးႏိုင္ငံက ေျပာၾကားသည္။
“Enduring Lightning 2” ဟု ေခၚဆိုေသာ ပူးတြဲ ေလတပ္ဆိုင္ရာေလ့က်င့္မႈကို ျသဂုတ္လ ၂ ရက္က အစၥေရးႏိုင္ငံေတာင္ပိုင္းတြင္ ျပဳလုပ္ခဲ့သည္။
စစ္ေရးေလ့က်င့္မႈကို အစၥေရး က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ျပဳလုပ္ခဲ့ၿပီး စီစဉ္ ျခင္းႏွင့္ ေဆာင္ရြက္ခ်က္ျပန္လည္အစီရင္ခံျခင္းကို အြန္လိုင္းမွတစ္ဆင့္ ျပဳလုပ္ခဲ့ေၾကာင္း အစၥေရးတပ္မေတာ္က ေျပာၾကားသည္။
အေမရိကန္ႏွင့္ အစၥေရးေလတပ္ဖြဲ႕မ်ားက ေလ့က်င့္မႈႏွင့္ အျပန္အလွန္သင္ၾကားမႈ အပါအဝင္ နီးကပ္ေသာ ပူးေပါင္းေဆာင္ရြက္မႈရွိသည္။
ဇူလိုင္လအတြင္း ဆီးရီးယားႏိုင္ငံ၌ အစၥေရးႏိုင္ငံ၏ ေလေၾကာင္းတိုက္ခိုက္မႈအတြင္း အီရန္ႏိုင္ငံက ပံ့ပိုး ေပးထားေသာ လက္ဘႏြန္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ ဟက္ဇ္ဘိုလာမွ တိုက္ခိုက္ေရးသမားတစ္ဦး ေသ ဆုံးမႈေၾကာင့္ အစၥေရးနယ္စပ္တစ္ေလ်ာက္ လက္ဘႏြန္၊ ဆီးရီးယားတို႔ႏွင့္ တင္းမာမႈမ်ားျဖစ္ပြား ေနစဥ္ ေလတပ္ဆိုင္ရာ ေလ့က်င့္မႈျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
ကိုးကား ။ ။ ဆင္ဟြာ
Ref; Israeli, U.S. air forces hold joint exercise
#PeopleMedia
(Unicode)
အစ္စရေးနှင့် အမေရိကန် ပူးတွဲ လေတပ်လေ့ကျင့်မှု ပြုလုပ်
……………………………………………………….
၂၀၂၀၊ ဩဂုတ် ၄
အစ္စရေးလေတပ်က အမေရိကန်လေတပ် ဗဟိုကွပ်ကဲမှုဌာနနှင့်အတူ ယခုနှစ်အတွင်း ဒုတိယအကြိမ် မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ပြောကြားသည်။
“Enduring Lightning 2” ဟု ခေါ်ဆိုသော ပူးတွဲ လေတပ်ဆိုင်ရာလေ့ကျင့်မှုကို သြဂုတ်လ ၂ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
စစ်ရေးလေ့ကျင့်မှုကို အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး စီစဉ် ခြင်းနှင့် ဆောင်ရွက်ချက်ပြန်လည်အစီရင်ခံခြင်းကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။
အမေရိကန်နှင့် အစ္စရေးလေတပ်ဖွဲ့များက လေ့ကျင့်မှုနှင့် အပြန်အလှန်သင်ကြားမှု အပါအဝင် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုရှိသည်။
ဇူလိုင်လအတွင်း ဆီးရီးယားနိုင်ငံ၌ အစ္စရေးနိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံက ပံ့ပိုး ပေးထားသော လက်ဘနွန်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ဟက်ဇ်ဘိုလာမှ တိုက်ခိုက်ရေးသမားတစ်ဦး သေ ဆုံးမှုကြောင့် အစ္စရေးနယ်စပ်တစ်လျောက် လက်ဘနွန်၊ ဆီးရီးယားတို့နှင့် တင်းမာမှုများဖြစ်ပွား နေစဉ် လေတပ်ဆိုင်ရာ လေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကိုးကား ။ ။ ဆင်ဟွာ
Ref; Israeli, U.S. air forces hold joint exercise
#PeopleMedia