• Follow Us on
Latest News

Home အစၥေရး-ယူေအအီးသံတမန္ဆက္သြယ္ေရးစတင္သျဖင့္ အေမရိကန္လက္ နက္မ်ား ယူေအအီးေရာက္လာႏိုင္ဟုခန္႔မွန္းေန

အစၥေရး-ယူေအအီးသံတမန္ဆက္သြယ္ေရးစတင္သျဖင့္ အေမရိကန္လက္ နက္မ်ား ယူေအအီးေရာက္လာႏိုင္ဟုခန္႔မွန္းေန

Share this post

ဝါ႐ွင္တန္၊ ၾသဂုတ္ ၁၅

အစၥေရးႏွင့္အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(ယူေအအီး)တို႔ၾကား သံတမန္ဆက္ဆံေရးပံုမွန္ျပဳလုပ္ရန္ သေဘာတူလို က္ျခင္းသည္ ပင္လယ္ေကြ႕အာရပ္ႏိုင္ငံသို႔ အေမရိကန္လက္နက္မ်ားေရာင္းခ်ႏိုင္ရန္ လမ္းဖြင့္ေပးလိုက္ျခင္းဟု ကၽြမ္းက်င္သူမ်ားက ခန္႔မွန္းေနၾကသည္။

ၾကာသပေတးေန႔တြင္ ပံုမွန္သံတမန္ဆက္သြယ္ေရးတည္ေထာင္ၿပီဟု အစၥေရးႏွင့္ ယူေအအီးတို႔ကေၾကညာခဲ့သည္။

အီဂ်စ္ႏွင့္ေဂ်ာ္ဒန္အၿပီး ယူေအအီးသည္ အေမရိကန္လက္နက္ေရာင္းခ်မႈကို အထူးခံစားခြင့္ရထားသည့္ အစၥေ ရးႏွင့္သံတမန္ဆက္ဆံေရး႐ွိလာသည့္ တတိယေျမာက္အာရပ္ႏိုင္ငံျဖစ္လာသည္။

National Public ေရဒီယိုႏွင့္ေသာၾကာေန႔ကေတြ႕ဆံုေမးျမန္းမႈတြင္ အစၥေရးႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ ေဒးဗစ္ ဖ႐ိုင္းမန္းက ယူေအအီးႏွင့္အစၥေရးၾကားမိတ္ဖက္ဆက္ဆံေရး႐ွိလာေလေလ အေမရိကန္၏ေဒသတြင္းမိတ္ဖက္ျဖ စ္လာေလျဖစ္ၿပီး ယူေအအီးအေနျဖင့္ အနာဂတ္လက္နက္ေရာင္းခ်မႈမ်ားတြင္ အက်ိဳး႐ွိလာႏိုင္မည္ဟု ယူဆေၾကာင္းေျပာသည္။

ယခုသေဘာတူညီခ်က္သည္ ယူေအအီးအတြက္ ႏွစ္ဖက္အက်ိဳး႐ွိသေဘာတူညီခ်က္ျဖစ္သည္ဟု Washington Institute for Near East Policy အၾကံေပးအဖြဲ႔က အာရပ္-အစၥေရးဆက္ဆံေရးစီမံကိန္းၫႊန္ၾကားေရးမွဴး ေဒးဗစ္ မာေကာ့ဗ္စကီး ကေျပာသည္။

ေမလတြင္ မိုင္းဒဏ္ခံခ်ံဳခိုတိုက္ခိုက္မႈဒဏ္ခံယာဥ္အသံုးျပဳၿပီး ၄၅၆၉ စင္းကို ယူေအအီးႏိုင္ငံထံ ေဒၚလာ ၅၅၆ ဘီလီယံျဖင့္ ေရာင္းခ်ရန္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကသေဘာတူခဲ့သည္။

Ref : Israel-UAE deal could open up US weapons sales to Gulf kingdom, experts say

#PeopleMedia

(unicode)
အစ္စရေး-ယူအေအီးသံတမန်ဆက်သွယ်ရေးစတင်သဖြင့် အမေရိကန်လက် နက်များ ယူအေအီးရောက်လာနိုင်ဟုခန့်မှန်းနေ
…………………………………………………

ဝါရှင်တန်၊ ဩဂုတ် ၁၅

အစ္စရေးနှင့်အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)တို့ကြား သံတမန်ဆက်ဆံရေးပုံမှန်ပြုလုပ်ရန် သဘောတူလို က်ခြင်းသည် ပင်လယ်ကွေ့အာရပ်နိုင်ငံသို့ အမေရိကန်လက်နက်များရောင်းချနိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

ကြာသပတေးနေ့တွင် ပုံမှန်သံတမန်ဆက်သွယ်ရေးတည်ထောင်ပြီဟု အစ္စရေးနှင့် ယူအေအီးတို့ကကြေညာခဲ့သည်။

အီဂျစ်နှင့်ဂျော်ဒန်အပြီး ယူအေအီးသည် အမေရိကန်လက်နက်ရောင်းချမှုကို အထူးခံစားခွင့်ရထားသည့် အစ္စ ေရးနှင့်သံတမန်ဆက်ဆံရေးရှိလာသည့် တတိယမြောက်အာရပ်နိုင်ငံဖြစ်လာသည်။

National Public ရေဒီယိုနှင့်သောကြာနေ့ကတွေ့ဆုံမေးမြန်းမှုတွင် အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ဒေးဗစ် ဖရိုင်းမန်းက ယူအေအီးနှင့်အစ္စရေးကြားမိတ်ဖက်ဆက်ဆံရေးရှိလာလေလေ အမေရိကန်၏ဒေသတွင်းမိတ်ဖက်ဖြ စ်လာလေဖြစ်ပြီး ယူအေအီးအနေဖြင့် အနာဂတ်လက်နက်ရောင်းချမှုများတွင် အကျိုးရှိလာနိုင်မည်ဟု ယူဆကြောင်းပြောသည်။

ယခုသဘောတူညီချက်သည် ယူအေအီးအတွက် နှစ်ဖက်အကျိုးရှိသဘောတူညီချက်ဖြစ်သည်ဟု Washington Institute for Near East Policy အကြံပေးအဖွဲ့က အာရပ်-အစ္စရေးဆက်ဆံရေးစီမံကိန်းညွှန်ကြားရေးမှူး ဒေးဗစ် မာကော့ဗ်စကီး ကပြောသည်။

မေလတွင် မိုင်းဒဏ်ခံချုံခိုတိုက်ခိုက်မှုဒဏ်ခံယာဉ်အသုံးပြုပြီး ၄၅၆၉ စင်းကို ယူအေအီးနိုင်ငံထံ ဒေါ်လာ ၅၅၆ ဘီလီယံဖြင့် ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကသဘောတူခဲ့သည်။

Ref : Israel-UAE deal could open up US weapons sales to Gulf kingdom, experts say

#PeopleMedia


Share this post