• Follow Us on
Latest News

Home အဆင့်မီရော်ဘာစက်ရုံများပေါ်ပေါက်လာရေးအတွက်ဌာနဆိုင်ရာများမှဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပေါင်းစပ်ညှိနှိုင်းကူညီပံ့ပိုးပေးသွားရမည်ဟု နစကအဖွဲ့ဝင်မန်းငြိမ်းမောင် ပြောကြား

အဆင့်မီရော်ဘာစက်ရုံများပေါ်ပေါက်လာရေးအတွက်ဌာနဆိုင်ရာများမှဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပေါင်းစပ်ညှိနှိုင်းကူညီပံ့ပိုးပေးသွားရမည်ဟု နစကအဖွဲ့ဝင်မန်းငြိမ်းမောင် ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆

 

အဆင့်မီရော်ဘာ စက်ရုံများ ပေါ်ပေါက်လာရေးအတွက် ဌာနဆိုင်ရာများမှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ကူညီပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပြောသည်။

 

ရော်ဘာကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်၍ မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံရေရှည် တည်တံ့ သော သဘာဝရော်ဘာအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ရန်ကုန်တာယာစက်ရုံတို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင် များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် MSME Agency နာယကများ ဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ Agency ဥက္ကဋ္ဌများသည် Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက် သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံတကာ ဈေးကွက် ရရှိရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးစံသတ်မှတ်ချက် စနစ်တကျပေါ်ပေါက်၍ အာမခံ ချက်ရှိသည့် ရော်ဘာတင်ပို့နိုင်ရေးရှိမှသာ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ပေါက်ဈေးအတိုင်း ဈေးနှုန်းများရရှိမည် ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာကုန်ကြမ်းများ  တစ်ရက်လျှင် သန်း(၈၀၀၀) ပိုမိုရရှိရေးအတွက် နိုင်ငံတစ်ဝှမ်းတွင် အဆင့်မြင့်ရော်ဘာစက်ရုံများ ပေါ်ပေါက်ရေးဖြစ်ကြောင်း၊ အဆင့်မီရော်ဘာ စက်ရုံများရှိမှသာ အရည်အသွေး မီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ဘောင်တန်းနိုင် မည်ဖြစ်ကြောင်း၊ အဆင့်မီရော်ဘာ စက်ရုံများ ပေါ်ပေါက်လာရေးအတွက် ဌာနဆိုင်ရာများမှ ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းကူညီပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသို့ ပို့ကုန်မြင့်မားတိုးတက်ရေးအတွက် နိုင်ငံခြားသို့ တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်များကို ရယူ၍ ပို့ကုန်စာရွက်စာတမ်းများဖြင့် ဂုဏ်သရေရှိစွာ မြန်မာ့ရော်ဘာများကို တင်ပို့သွားရမည် ဖြစ်ကြောင်း၊ ပြောသည်။

 

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေရှည်တည်တံ့သော သဘာဝရော်ဘာအသင်း၊ ရန်ကုန် တာယာစက်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ National Enlightenment Institute နှင့် အမှတ် (၂)အကြီးစားစက်မှုလုပ်ငန်းတို့မှ တာတန်ရှိသူများက မြန်မာ့ရော်ဘာများအားစံချိန်စံညွှန်း သတ် မှတ်ရေး၊ ရော်ဘာဈေးကွက်အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၏ ကနဦး လေ့လာတွေ့ရှိချက်များအရ ရော်ဘစိုက်ဧက (၁.၆)သန်း ရှိသည် ဖြစ်၍ စာရင်းအင်းများအရ လက်ရှိမြေပြင် အခြေအနေ၊ လက်ရှိရော်ဘာခြံများ၏ ရော်ဘာ စိုက်ပျိုးမှု၊ ရော်ဘာထွက်ရှိမှုအခြေအနေ၊ ရော်ဘာစေးထုတ်ယူ နိုင်မှုအခြေအနေ၊ မြန်မာ့ရော်ဘာဈေးကွက်ဒိုင်ကြီး တစ်ခုပေါ်ပေါက်လာစေရေး ဆောင်ရွက်နိုင်မှုအခြေအနေ၊ အစိုးရ၊ ပုဂ္ဂလိကများအနေဖြင့် ဆောင်ရွက်ပေးနိုင်မှုအခြေအနေတို့ကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

 

#PeopleMedia


Share this post