• Follow Us on

Home အဆင့်မြင့်စစ်သည်စီမံချက်အရ လာမယ့်ဆယ်နှစ်အတွင်း လစ်သူယေးနီးယားက ဒေါ်လာ ၁.၃ ဘီလံျ သုံးစွဲမည်

အဆင့်မြင့်စစ်သည်စီမံချက်အရ လာမယ့်ဆယ်နှစ်အတွင်း လစ်သူယေးနီးယားက ဒေါ်လာ ၁.၃ ဘီလံျ သုံးစွဲမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

လာမယ့်ဆယ်နှစ်အတွင်း လစ်သူယေးနီးယား စစ်သည်တွေကို ခေတ်မီလက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ တပ် ဆင်ပေးဖို့အတွက် ယူရိုငွေ ၁.၂ ဘီလျံ (ဒေါ်လာ ၁.၃၃ ဘီလျံ) သုံးစွဲသွားဖို့ လစ်သူယေးနီးယားအစိုးရက စီစဉ် နေပါတယ်။

 

အဆင့်မြင့်စစ်သည်စီမံချက် (ခေတ်မီစစ်လက်နက်ပစ္စည်းတပ်ဆင်ရေးစီမံချက်) အရ လာမယ့် နှစ်နှစ်အတွင်းမှာ ယူရိုငွေသန်း ၃၀ (ဒေါ်လာ ၃၃ သန်း) သုံးစွဲသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လိုရီးနက်စ်ကက်ရှုးနပ်စ် က ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

 

“၂၀၂၅ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်း စစ်ဝတ်တန်ဆာနဲ့ လက်နက်တွေအတွက် ယူရိုငွေ သန်း ၃၀ နီးပါး သုံးစွဲသွားဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။” လို့ ကက်ရှှုးနပ်စ်စကားကို ကိုးကားပြီး လစ်သူယေးနီးယား ပြည် တွင်းရေဒီယိုနဲ့ ရုပ်သံသတင်းဌာနက ပြောပါတယ်။

 

“သုံးစွဲမှုပမာဏဟာ လာမယ့်ဆယ်နှစ်အတွင်း ယူရိုငွေ ၁.၂ ဘီလျံအထိ ရောက်ရှိလာမှာဖြစ်ပါတယ်။ ခေတ်မီ တပ်မတော်ဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဆန်းစစ်လေ့လာခြင်း၊ အားပေးမြှင့်တင်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အရှိန်မြှင့်ခြင်းတွေကို ကျွန်တော်တို့ တောက်လျှောက် ဆောင်ရွက်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လစ်သူယေးနီးယားအစိုးရဟာ လက်ရှိစီမံချက်အတွက် ယူရိုငွေ သန်း ၂၀ (ဒေါ်လာ ၂၂ သန်း) အပါအဝင် ကာ ကွယ်ရေးကဏ္ဍအတွက် နောက်ထပ် ယူရိုငွေ သန်း ၁၃၀ (ဒေါ်လာ ၁၄၄ သန်း) ကိုလည်း ထပ်မံ ခွဲဝေလျာထား ပြီးဖြစ်ပါတယ်။

 

ဒီအစီအစဉ်အရ FN MINIMI 7.62 MK3 စက်ကလေးတွေ၊ ညကြည့်ကိရိယာတွေနဲ့ လေဆာမှန်ပြောင်းတွေကို ဝယ်ယူသွားမှာဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

၂၀၂၅ ခုနှစ်မတိုင်ခင် စစ်သည်အင်အား ၃၀၀၀၀ ကို အဲဒီလက်နက်တွေ တပ်ဆင်ပေးသွားမှာဖြစ်သလို ၂၀၂၇ ခုနှစ်မတိုင်ခင် စစ်သည် ၇၀၀၀၀၊ ၂၀၃၀ ပြည်နှစ်မတိုင်ခင် စစ်သည် ၇၇၀၀၀ တို့ကို အလားတူလက်နက်တွေ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရိုင်းမန်ဒက်စ်ဗီးစ်နောရက်စ်က ပြောပါတယ်။

 

ဒီအစီအစဉ်ထဲမှာပါဝင်တဲ့ BROLIS LP5X အနီးကပ်တိုက်ပွဲဝင်လေဆာမှန်ပြောင်းတွေကိုလည်း ယူရိုငွေ ၂၂ သန်း (ဒေါ်လာ ၂၄ သန်း) ဝန်းကျင်ဖိုး ပြီးခဲ့တဲ့လက ဝယ်ယူခဲ့ရာ ၂၀၂၆ ခုနှစ်အတွင်း ရောက်ရှိလာမယ်လို့ ခန့် မှန်းထားပါတယ်။ အဆင့်မြင့်စစ်သည်စီမံချက်မှာ လက်နက်တပ်ဆင်ရေး၊ ချပ်ဝတ်တန်ဆာတပ်ဆင်ရေးနဲ့ စစ်ဝတ်စုံတပ်ဆင်ရေး ဆိုတဲ့ အစိတ်အပိုင်း သုံးပိုင်းပါဝင်ပါတယ်။

 

လက်နက်တပ်ဆင်ရေးမှာ ဆောင်ရွက်ရမယ့်စစ်ဆင်ရေးပေါ် မူတည်ပြီး မောင်းပြန်ရိုင်ဖယ်၊ စနိုက်ပါရိုင်ဖယ်နဲ့ လေဆာမှန်ပြောင်း၊ ညကြည့်မှန်ပြောင်းတွေ တပ်ဆင်ထားတဲ့ စက်သေနတ်တွေကို လိုအပ်သလို တပ်ဆင်သွား မှာဖြစ်ပါတယ်။

 

ချပ်ဝတ်တန်ဆာတပ်ဆင်ရေးမှာ ကျည်ကာအင်းကျီ၊ ကျည်ကာဦးထုပ်၊ ဓာတု/ဇီဝ/ရေဒီယိုသတ္တိကြွ/နျူကလီး ယားကာကွယ်ရေးဝတ်စုံ (CBRN – chemical, biological, radiological, and nuclear) ၊ မျက်စိကာ (အမြင် ကာကွယ်ရေး) ကိရိယာနဲ့ နားကာ (အကြားကာကွယ်ရေး) ကိရိယာတွေကို တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။

 

စစ်ဝတ်စုံတပ်ဆင်ရေးမှာ ရာသီဥတုအလိုက်အသုံးပြုနိုင်မယ့် စစ်မြေပြင်သုံးယူနီဖောင်းတွေနဲ့ အနွေးထည်တွေ၊ မတူညီတဲ့ရာသီဥတုပေါ်မူတည်ပြီးသုံးစွဲနိုင်မယ့် တောစီးဘိနပ်တွေနဲ့ အတွင်းခံအဝတ်အစားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ထပ်တိုးချပ်ဝတ်တန်ဆာတွေထဲမှာ ဂေါ်ပြား/ပေါက်ပြားတွေ၊ သံလိုက်အိမ်မြောင်တွေ၊ ဓာတ်မီးတွေ၊ ကျောပိုး အိတ်တွေ၊ အိပ်ရာခင်းတွေနဲ့ ယမ်းအိတ်/ခါးပတ်တွေ ပါဝင်ပါတယ်။

 

Ref: Lithuania to Spend $1.3B on Modern Soldier Program over Next Decade

 

#PeopleMedia


Share this post