အဆင့်မြင့်ပစ်မှတ်တွေအတွက် ရည်ရွယ်ထားတဲ့ မဟာလက်နက်ကြီးခေါ် အဆင့်မြင့်ဒုံးကျည်နဲ့ ယူကရိန်း ပစ်မှတ်ကို ရုရှားလေကြောင်းက တိုက်ခိုက်
PUBLISHED - December 21, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁
ရုရှား-ယူကရိန်းစစ်ပွဲ အရှိန်ပြင်းထန်နေတဲ့အချိန်မှာ ရုရှားစစ်တပ်က မကြာသေးခင်က “မဟာလက်နက်ကြီး” လို့ ခေါ်တဲ့ ဒုံးကျည်အကြီးစားတစ်စင်းနဲ့ ယူကရိန်းပစ်မှတ်တစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗြိတိန်စစ် ထောက်လှမ်းရေးရေးသတင်းရပ်ကွက်က ပြောပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က ယူကရိန်းနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စစ်ဘက်လေယာဉ်ကွင်းတစ်ခုကို ရုရှားနိုင်ငံက AS-24 Killjoy (အေအက်စ်-၂၄ ကေးလ်ဂျွိုင်း) ပဲ့ထိန်းဒုံးကျည်တစ်စင်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါ တယ်။
ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ အဲဒီပဲ့ထိန်းဒုံးကျည်ဟာ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခြင်းရှိမရှိနဲ့ ယူကရိန်းရဲ့ စစ် လေယာဉ်ကွင်း ပျက်စီးသွားခြင်းရှိမရှိကိုတော့ ကွဲကွဲပြားပြား မသိရပါဘူး။
မကြာသေးခင်က ပစ်ခတ်ခဲ့ဲတဲ့ အဲဒီတိုက်ခိုက်မှုဟာ ၂၀၂၃ ခုနှစ် သြဂုတ်လကစပြီး ရုရှားဘက်က ဟိုက်ပါဆော နစ်ဒုံးကျည်ကို စတင်အသုံးပြုခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ AS-24 Killjoy ပဲ့ထိန်းဒုံးကျည်ဟာ ၂၀၁၈ ခုနှစ်တုန်းက ရုရှားသမ္မတဗလာဒီမာပူတင်ထုတ်ဖော်ပြသခဲ့တဲ့ ဒုံး ကျည် ခြောက်မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။
AS-24 Killjoy ပဲ့ထိန်းဒုံးကျည်ဟာ အနာဂတ်စစ်ရေးမူဝါဒထဲမှာ အဓိကအခန်းကဏ္ဍကပါဝင်တဲ့အတွက် တန်ဖိုး ကြီးပစ်မှတ်တွေနဲ့ ကာကွယ်ရေးအစီအစဉ်စနစ်တကျဆောင်ရွက်ထားတဲ့ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ သီးသန့် ထားရှိတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။
ဝေဟင်-မြေပြင်ပစ် အဲဒီဒုံးကျည်ကို ဒီ့ထက် ပိုမိုကြီးမားတဲ့ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် နျူကလီးယား ထိပ်ဖူးတပ်ဆင်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။
AS-24 Killjoy ပဲ့ထိန်းဒုံးကျည်ဟာ ယူကရိန်းတွေအသုံးပြုနေတဲ့ အမေရိကန်ထုတ် HIMARS ဒုံးကျည်ထက် ပြေးနှုန်း ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။
AS-24 Killjoy ပဲ့ထိန်းဒုံးကျည်ကို ကြားဖြတ်ပစ်မချနိုင်ဘူးလို့ ရုရှားအစိုးရက ကြွေးကြော်ထားပေမဲ့ တချို့ AS-24 Killjoy ဒုံးကျည်တွေကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ကြောင်း ဗြိတိန်ထောက် လှမ်းရေးက ပြောပါတယ်။
Ref: Russia Used ‘Super Weapon’ Reserved for High-Value Targets in Ukraine: Intel
#PeopleMedia