အဆင့်မြင့် JDAM ဗုံးတွေထုတ်လုပ်ဖို့ အမေရိကန်လေတပ်က ဘိုးရင်းကုမ္ပဏီကို ဒေါ်လာ ၇.၅ ဘီလျံတန် ကန်ထရိုက်လုပ်ငန်းအပ်နှံ
PUBLISHED - May 30, 2024
နိုင်ငံတကာ၊ မေ ၃၀
အမေရိကန်လေတပ်က သမရိုးကျ JDAM ဗုံးတွေကို ပဲ့ထိန်းလမ်းညွှန်ဗုံးတွေအဖြစ် ပြောင်းလဲထုတ်လုပ်ဖို့ ဘိုးရင်းကုမ္ပဏီကို ဒေါ်လာ ၇.၅ ဘီလျံတန်ကြေးရှိ ကန်ထရိုက်လုပ်ငန်းတစ်ခု အပ်နှံလိုက်ပါတယ်။
ကန်ထရိုက်စာချုပ်အရ ဘိုးရင်းကုမ္ပဏီဟာ JDAM ဗုံးတွေကိုအဆင့်မြှင့်တင်ထုတ်လုပ်ပေးရမှာဖြစ်တဲ့အပြင် အပိုပစ္စည်းတွေ၊ ပြုပြင်ရေးတွေ၊ နည်းပညာပိုင်းထောက်ပံ့မှုတွေနဲ့ JDAM လေဆာဆင်ဆာ kit တွေကိုပါ ထောက်ပံ့ပေးသွားရမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ လုပ်ငန်းစဉ်တစ်ခုလုံးပြီးဆုံးမယ် လို့ ခန့်မှန်းထားပါတယ်။
ဒေါ်လာ ၂၂၈ သန်းတန်ကြေးရှိတဲ့ JDAM ဗုံးတချို့က ပြည်ပနိုင်ငံစစ်လက်နက်ပစ္စည်းရောင်းချမှုလမ်းကြောင်း ကတစ်ဆင့် နိုင်ငံတကာဖောက်သည်တွေဆီကို ရောက်ရှိသွားမှာဖြစ်ပြီး JDAM ဗုံးတချို့ကတော့ အမေရိကန် ရေတပ်ကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။
ဗုံးတစ်လုံးကို ဒေါ်လာ ၂၅,၀၀၀ ကနေ ၈၄,၀၀၀ အထိ တန်ကြေးရှိပြီး လွှဲပြောင်းပေးရမယ့် JDAM ဗုံး အရေ အတွက်ကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။
အခုအဆင့်မြှင့်တင်မယ့် JDAM ဗုံးမှာ GPS inertial navigation system ပါဝင်ပြီး ဆိုးရွားပြင်းထန်တဲ့ရာသီဥ တုမှာတောင် ပဲ့ထိန်းစနစ်နဲ့ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
သမရိုးကျ JDAM ဗုံးဟာ ၁၇ မိုင် (၂၈ ကီလိုမီတာ) အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး ပစ်ခတ်မှုအကွာအဝေး မြှင့်တင်ထားတဲ့ JDAM-Extra Range ကတော့ ၄၅ မိုင် (၇၂ ကီလိုမီတာ) အထိ ပစ်ခတ်နိုင်ပါတယ်။
JDAM ဗုံးတွေဟာ ပေါင် ၅၀၀ ဗုံးကနေ ပေါင် ၂၀၀၀ ဗုံးအထိ ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်မှာ အမေရိကန်ရဲ့ စစ်ရေးအကူအညီအဖြစ် အရေအတွက်မသိရတဲ့ JDAM-ER ဗုံးတွေကို ယူကရိန်း ကို ပေးပို့ခဲ့ပါတယ်။
JDAM-ER ဗုံးတွေဟာ HIMARS အတွဲလိုက်ဒုံးကျည်က ရော့ကက်တွေအပါအဝင် တခြားဝေဟင်-မြေပြင်ပစ် ဒုံး ကျည်တွေမရောက်နိုင်တဲ့အကွာအဝေးက ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပါ တယ်။
ဒါပေမဲ့ ရုရှားတွေရဲ့ GPS jamming စနစ်ကြောင့် အမေရိကန်စမတ်ဗုံးတွေဟာ ပစ်မှတ်လွဲချော်တာတွေဖြစ်ခဲ့ ရတယ်လို့ ဆိုပါတယ်။
“ရုရှားတွေက JDAM ဗုံးတွေကို လမ်းကြောင်းလွဲသွားအောင် လုပ်နိုင်တဲ့ jamming တွေ အသုံးပြုနေတယ်လို့ စိုးရိမ်နေကြတယ်ထင်ပါတယ်။ ဒါက ဒီလက်နက်တွေ မျှော်လင့်ထားသလောက် ဘာ့ကြောင့် မစွမ်းဆောင်နိုင် တာလဲဆိုတာနဲ့ တခြားစစ်ပွဲတွေမှာ ဘယ်လိုစွမ်းဆောင်သလဲဆိုတာကို အဖြေပေးသွားမှာဖြစ်ပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်နဲ့ စီအိုင်အေအရာရှိဟောင်း မိုက်မာရွိုင်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် electronic jamming ကို ခုခံကာကွယ်နိုင်တဲ့ စနစ်တစ်ခု ဖြစ်တဲ့ add-on seeker တွေကို အမေရိကန်လေတပ်က မှာယူထားပါတယ်။
Ref: US Air Force Orders Boeing JDAM Precision Kits for $7.5 Billion
#PeopleMedia