• Follow Us on

Home အဆင့်မြှင့်တင်ထားတဲ့ CH-47F Block II ချင်းနွတ်ရဟတ်ယာဉ် ပထမဦးဆုံးတစ်စင်း အမေရိကန်ကြည်းတပ် လက်ခံရရှိ

အဆင့်မြှင့်တင်ထားတဲ့ CH-47F Block II ချင်းနွတ်ရဟတ်ယာဉ် ပထမဦးဆုံးတစ်စင်း အမေရိကန်ကြည်းတပ် လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၄

 

အမေရိကန်ကြည်းတပ်ဟာ ၂၀၁၇ ခုနှစ်က ဘိုးရင်းကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ရဟတ်ယာဉ်အဆင့်မြှင့်တင် မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် အဆင့်မြှင့်တင်နေတဲ့ CH-47F Block II Chinook ရဟတ်ယာဉ် ၄၆၅ စင်းအနက် ပထမဦးဆုံးတစ်စင်းကို လက်ခံရရှိပြီဖြစ်ပါတယ်။

 

လက်ရှိဆောင်ရွက်နေတဲ့ CH-47F Block II ရဟတ်ယာဉ်အဆင့်မြှင့်တင်မှုမှာ စက်ပစ္စည်းအစိတ်အပိုင်းတွေအ ဆင့်မြှင့်တင်ခြင်း၊ ရဟတ်ယာဉ်ကိုယ်ထည်နဲ့ လောင်စာဆီစနစ် အဆင့်မြှင့်တင်ခြင်းနဲ့ အနာဂတ်စစ်ဆင်ရေး လို အပ်ချက်တွေအတွက် ဝန်သယ်ဆောင်နိုင်အား မြှင့်တင်ခြင်းတို့ပါဝင်ပါတယ်။

 

ဘိုးရင်းကုမ္ပဏီဟာ ပထမဦးဆုံး အဆင့်မြှင့်တင်ထားတဲ့ CH-47F Block II ရဟတ်ယာဉ်ရဲ့ လိုအပ်တဲ့တပ်ဆင် မှုတွေကို ၂၀၁၈ ခုနှစ်မှာ အပြီးဆောင်ရွက်ခဲ့ပါတယ်။

 

အဆင့်မြင့် CH-47F Block II ရဟတ်ယာဉ်ရဲ့ ပထမဦးဆုံးပျံသန်းမှုကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ဆောင်ရွက်ခဲ့ပါ တယ်။

 

“CH-47F Block II ရဟတ်ယာဉ်တွေကို အဆင့်မြှင့်တင်လိုက်တဲ့အတွက် အမေရိကန်ကြည်းတပ်အနေနဲ့ အဲဒီ ရဟတ်ယာဉ်တွေနဲ့ ဝန်အလေးချိန် ပိုမိုသယ်ဆောင်နိုင်သလို ခရီးအကွာအဝေးလည်း ပိုမိုပျံသန်းနိုင်မှာဖြစ်ပါ တယ်။ ဒါ့အပြင် ဒီရဟတ်ယာဉ်တွေကို အရင်ကရဟတ်ယာဉ်တွေထက် ပြုပြင်ထိန်းသိမ်းမှု ပိုမိုကောင်းမွန် အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။” လို့ ဘိုးရင်းကုန်တင်လေယာဉ်စီမံကိန်းမန်နေဂျာနဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟက်သာမက်ဘရိုင်ယန်က ပြောပါတယ်။

 

၅၁.၂ ပေ ရှည်လျားတဲ့ CH-47F Block II ရဟတ်ယာဉ်ရဲ့ ပန်ကာက ပေ ၆၀ အချင်းရှိပြီး လေယာဉ်ဆီ ၁၀၈၀ ဂါလံ သယ်ဆောင်နိုင်ပါတယ်။

 

CH-47F Block II ရဟတ်ယာဉ်မှာ Honeywell T55 အင်ဂျင်နှစ်လုံးတပ်ဆင်ထားပြီး အင်ဂျင်တစ်လုံးစီရဲ့ မြင်း ကောင်ရေက ၄,၈၀၀ ရှိပါတယ်။

 

အမြင့်ပေ ၂၀,၀၀၀ က ပျံသန်းပြီး တစ်နာရီကို ၁၈၇.၆ မိုင် မောင်းနှင်နိုင်တဲ့ ဒီရဟတ်ယာဉ်ဟာ ရေမိုင် ၁၆၅ မိုင် (၃၀၅.၅ ကီလိုမီတာ) အကွာအ ဝေးကို စစ်ဆင်ရေးသွားလာဆောင်ရွက်နိုင်ပါတယ်။

 

CH-47F Block II ရဟတ်ယာဉ်ရဲ့ အသားတင်အလေးချိန်ဟာ ပေါင် ၅၄,၀၀၀ ဖြစ်ပြီး အလေးချိန် ၂၇,၇၀၀ ကို သယ်ဆောင်ပျံသန်းနိုင်ပါတယ်။

 

Ref: US Army Accepts First Chinook Block II from Boeing

 

#PeopleMedia


Share this post