အဆင့်မြှင့်တင်ထားသော Tu-160 ဗုံးကြဲလေယာဉ်ကို ရုရှားတပ်မတော်က စမ်းသပ်မည်

PUBLISHED - December 1, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁ (People Media)
ရုရှားတပ်မတော်သည် အဆင့်မြှင့်တင်ထားသော Tupolev Tu-160 ဗုံးကြဲလေယာဉ်ကို ဒီဇင်ဘာလအတွင်း မြေပြင်စမ်းသပ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း TASS သတင်းဌာနကထုတ်ဖော်ပြောကြားလိုက်သည်။
မြေမြင်စမ်းသပ်မှုကို Kazan Aviation Enterprise ၏ လေယာဉ်ပြေးလမ်းတွင် ပထမဦးဆုံးအကြိမ်စမ်းသပ်ပြု လုပ်သွားမည်ဖြစ်ကြောင်း သတင်းဌာနကဖော်ပြခဲ့သည်။
United Aircraft Corporation က အဆင့်မြှင့်တင်ထားသော မဟာဗျူဟာမြောက်ဒုံးကျည်များသယ်ဆောင် ထားသည့် ဗုံးကြဲလေယာဉ်အား ရုရှားလေတပ်သို့ မတ်လအတွင်း ကနဦးစမ်းသပ်မှုများပြုလုပ်ရန် လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်သည်။
Tupolev Tu-160 ဗုံးကြဲလေယာဉ်ကို ရုရှားများက “ငန်းဖြူ” ဟု အမည်ပြောင်ပေးထားပြီး နေတိုးတပ်ဖွဲ့ဝင်များ က “ဘောလုံးမည်း” ဟု ခေါ်ဝေါ်ကြသည်။ Tu-160 ဗုံးကြဲလေယာဉ်ကို NK-32 series 2 အင်ဂျင်လေးလုံးတပ် ဆင်ထားပြီး onboard equipment များကိုလည်း အဆင့်မြှင့်တင်ထားသည်။
ရုရှားနိုင်ငံအနေဖြင့် Tu-160 ဗုံးကြဲလေယာဉ်ကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ အလုံးစုံအဆင့်မြှင့်တင်သွားမည်ဖြစ် ကြောင်း ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး ယူရီဘိုရီဆော့ဗ်က လွန်ခဲ့သည့်သုံးနှစ်က ထုတ်ဖော်ပြောကြားခဲ့ သည်။
“အဆင့်မြှင့်တင်ထားတဲ့ မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် ပုံစံသစ်တွေကို ကျွန်တော်တို့ ဝယ်ယူ သွားမှာဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်ကလွဲလို့ onboard radio-electronic equipment နဲ့ အင်ဂျင်အား လုံးကို အစားထိုးတပ်ဆင်ခြင်းအပါအဝင် လေယာဉ်တစ်စင်းလုံးကို အကြီးစားအဆင့်မြှင့်ပြုပြင်သွားမှာဖြစ်ပါ တယ်။” ဟု ယူရီဘိုရီဆော့ဗ်၏စကားကိုကိုးကား၍ TASS သတင်းဌာနက ပြောသည်။
အဆင့်မြှင့်တင်ထားသော Tu-160 ဗုံးကြဲလေယာဉ်သည် ၎င်းကိုအုပ်ထားသောအလွှာများကြောင့် ရေဒါဖမ်းရ ခက်ခဲကြောင်း၊ အကွာအဝေးပိုမိုပစ်ခတ်နိုင်သော ပိုမိုခေတ်မီသည့်လက်နက်များတပ်ဆင်ထားကြောင်း ယူရီဘို ရီဆော့ဗ်က ပြောသည်။
“ကျွန်တော်တို့ လေယာဉ်လက်နက်အသစ်တွေ ထုတ်လုပ်သွားမှာပါ။ Kh-55 ဒုံးကျည်တွေ၊ Kh-550 ဒုံးကျည် တွေ၊ Kh-101 ဒုံးကျည်တွေနဲ့ တွဲဖက်ထားတဲ့ Tu-160 ဗုံးကြဲလေယာဉ်ကို တခြားလေယာဉ်တွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် အတွဲလိုက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။
၁၉၈၁ ခုနှစ်က စတင်ပျံသန်းခဲ့သော အဆိုပါ ဆူပါဆောနစ် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်သည် ခြောက် နှစ်ကြာပြီးနောက် တပ်တော်ဝင်ခဲ့ကာ အမြန်နှုန်း Mach 2 ဖြင့် ကီလိုမီတာ ၇,၃၀၀ (၄၅၃၆ မိုင်) အထိ ပျံသန်း နိုင်သည်။
Tupolev Design Bureau က ပုံစံရေးဆွဲထုတ်လုပ်ထားသည့် ကမ္ဘာ့အကြီးဆုံးနှင့် အလေးလံဆုံး ဗုံးကြဲလေ ယာဉ်သည် နျူကလီးယားလက်နက်သယ်ဆောင်နိုင်သည့်လေယာဉ်ဖြစ်ပြီး လက်နက်အလေးချိန် ကီလိုဂရမ် ၄၀,၀၀၀ (၈၈,၀၀၀ ပေါင်) သယ်ဆောင်နိုင်ကြောင်းသိရသည်။
Ref: Russia to Test Upgraded Tu-160 Bomber in December
#PeopleMedia
(unicode)
…………………………………………………………..
Ref: Russia to Test Upgraded Tu-160 Bomber in December
#PeopleMedia