• Follow Us on
Latest News

Home အဆိုတော်ဗျူဟာအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်

အဆိုတော်ဗျူဟာအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်

Share this post

နေပြည်တော်၊ ဩဂုတ် ၂၄

 

လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သက်၍ ဝေဖန်ခဲ့သည့် အဆိုတော် ဗျူဟာ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံခဲ့ရကြောင်း ၎င်း၏ ဇနီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

တေးရေးဆရာနိုင်မြန်မာ၏ သားဖြစ်သူ အဆိုတော်ဗျူဟာသည် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က လျှပ်စစ်မီး ပြတ်တောက်မှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာက တဆင့်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့်အတွက် ယင်းည၌ပင် ဖမ်းဆီးခံခဲ့ရပြီး၊ မေလ ၂၉ ရက်နေ့တွင် မြောက်ဒဂုံတရားရုံးတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

 

၎င်းအား နိုင်ငံတော်အကြည်ညိုပျက်‌စေမှု ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲပြီး၊ သြဂုတ်လ ၂၃ ရက်နေ့တွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post