အဇာဘိုင်ဂျန်က ထိုးစစ်အသစ်တစ်ခုအတွက်ပြင်ဆင်နေကြောင်း အာမေးနီးယားစွပ်စွဲ

PUBLISHED - September 9, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၉
အဇာဘိုင်ဂျန်နိုင်ငံဟာ နာဂါနို-ကရာဘက်ဒေသနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသမှာ တပ်ဖွဲ့ဝင်တွေအလုံးအရင်းနဲ့ စု စည်းနေပြီး စစ်ရေးအရထိုးစစ်ဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ အာမေးနီးယားနိုင်ငံက ကြာသပတေးနေ့ (စက်တင် ဘာလ ၇ ရက်နေ့) က စွပ်စွဲလိုက်ပါတယ်။
အာမေးနီးယန်းလူမျိုးအများစုနေထိုင်တဲ့ နာဂါနို-ကရာဘက်ဒေသအရေးနဲ့ပတ်သက်ပြီး ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံ ဟောင်းနှစ်နိုင်ငံဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ဟာ ဆယ်စုနှစ်များစွာ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေဖြစ် ပါတယ်။
ခွဲထွက်ရေးဝါဒီတွေထိန်းချုပ်ထားတဲ့ ဂျန်နာဂါနို-ကရာဘက်ဟာ အဇာဘိုင်ဂျန်ပိုင်နက်ထဲမှာရှိနေတာဖြစ်ပါ တယ်။
နှစ်နိုင်ငံစလုံးဟာ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်တယ်လို့ အပြန်အလှန်စွပ်စွဲပြီး လတ်တ လောကာလတွေမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
“ကျွန်တော်တို့ဒေသထဲမှာရှိတဲ့ စစ်ဘက်ဆိုင်ရာနိုင်ငံရေးအခြေအနေကတော့ အတော့်ကို ဆိုးရွားလာခဲ့ပါပြီ။” လို့ အာမေးနီးယန်းဝန်ကြီးချုပ် နစ်ကိုးလ်ပက်ရှင်ယန်က ယီးရက်ဗ်ဗန်မြို့မှာကျင်းပတဲ့ အစိုးရအစည်းအဝေးမှာ ပြောပါတယ်။ အဇာဘိုင်ဂျန်အစိုးရဟာ နယ်စပ်ဒေသနဲ့ တောင်ထူထပ်တဲ့ကရာဘက်ဒေသအနီးမှာ တပ်တွေကို စုဖွဲ့နေ ကြောင်း ၎င်းက ပြောပါတယ်။
“အဇာဘိုင်ဂျန်ဟာ နာဂါနို-ကရာဘက်ဒေသနဲ့ အာမေးနီးယန်းကို ထိုးစစ်အသစ်ဆင်နွှဲဖို့အတွက် ရည်ရွယ်ချက် ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသနေတာဖြစ်ပါတယ်။” လို့ ပက်ရှင်ယန်က ပြောပါတယ်။
အဇာဘိုင်ဂျန်ဘက်ကတော့ အဲဒီစွပ်စွဲချက်ကို “နိုင်ငံရေးအရ လက်ဝါးကြီးအုပ်ချင်လို့ မှားယွင်းစာစွပ်စွဲထားတဲ့ နောက်ထပ်စွပ်စွဲမှုတစ်ခု” လို့ ပြောပါတယ်။
Ref: Armenia Says Azerbaijan Preparing Fresh ‘Military Provocation’
#PeopleMedia