• Follow Us on

Home အဇာဘိုင်ဂျန်က JF-17 တိုက်လေယာဉ်တွေမှာ တူရကီထုတ် ဒုံးကျည်တွေ တပ်ဆင်သွားမည်

အဇာဘိုင်ဂျန်က JF-17 တိုက်လေယာဉ်တွေမှာ တူရကီထုတ် ဒုံးကျည်တွေ တပ်ဆင်သွားမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၅

 

အဇာဘိုင်ဂျန်လေတပ်ဟာ မကြာခင်ရောက်ရှိလာတော့မယ့် JF-17 ဂျက်တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ဖို့အတွက် တူရကီနိုင်ငံက ဝယ်ယူထားတဲ့ ဘော့ဇ်ဒွမ်ဒုံးကျည် (Bozdoğan ) နဲ့ ဂေါ့ဒွမ်ဒုံး ကျည် (Gökdoğan ) တွေကို တပ်ဆင်သွားဖို့ စီစဉ်နေပါတယ်။

 

ဒုံးကျည်တွေဝယ်ယူတဲ့ကိစ္စကို တူရကီကာကွယ်ရေးမဂ္ဂဇင်း Turkish Century က X လူမှုကွန်ရက်ပေါ်မှာရေး သားခဲ့သလို အဲဒီဂျက်တိုက်လေယာဉ်တွေအတွက် အဆင့်မြင့်လေယာဉ်အီလက်ထရောနစ်စနစ်တစ်ခုကိုလည်း တူရကီနိုင်ငံထံက ရရှိသွားတော့မှာဖြစ်ကြောင်း ရေးသားထားပါတယ်။

 

တူရကီ TÜBİTAK SAGE ကုမ္ပဏီကထုတ်လုပ်တဲ့ ဘော့ဇ်ဒွမ်ဒုံးကျည်ဟာ ၂၅ ကီလိုမီတာ (၁၅ မိုင်) ဝန်းကျင်ရှိ ရန်သူ့ပစ်မှတ်တွေကို အနီးကပ်တိုက်ခိုက်ဖို့အတွက် တာတိုပစ်လက်နက်အဖြစ် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတဲ့ လက်နက်ဖြစ်ပါတယ်။

 

ဘော့ဇ်ဒွမ်ဒုံးကျည်မှာ ပေါက်ကွဲအားပြင်းထန်တဲ့ ထိပ်ဖူးတစ်ခုပါရှိပြီး ပစ်မှတ်ကို တိတိကျကျ တိုက်ခိုက်နိုင်ဖို့အ တွက် အနီအောက်ရောက်ခြည်လမ်းညွှန်စနစ်တစ်ခု တပ်ဆင်ထားပါတယ်။

 

ဂေါ့ဒွမ်ဒုံးကျည်ကတော့ ပိုမိုဝေးကွာတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် အဆင့်မြင့်လမ်းညွှန်စနစ်တစ်ခု နဲ့ active radar စနစ်ကို တပ်ဆင်ထားပါတယ်။

 

ဂေါ့ဒွမ်ဒုံးကျည်ဟာ ၆၅ ကီလိုမီတာ (မိုင် ၄၀) အကွာအဝေးက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် ဒီဇိုင်းရေး ဆွဲထုတ်လုပ်ထားတဲ့ တာလတ်ပစ် ဒုံးကျည်ဖြစ်ပါတယ်။

 

တူရကီထုတ် ဒုံးကျည်တွေကို အခုလို JF-17 ဂျက်တိုက်လေယာဉ်တွေနဲ့ ပေါင်းစပ်အသုံးပြုလိုက်တာဟာ ကြီး မားလှတဲ့ နည်းဗျူဟာ အားသာချက်တစ်ရပ် ရရှိလာတာဖြစ်တဲ့အတွက် အဲဒီ ဂျက်တိုက်လေယာဉ်တွေရဲ့ ဝေဟင်-ဝေဟင် တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

တိုက်လေယာဉ်တွေ ဖြည့်တင်းရမယ့် ကာလရှည်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် JF-17 Thunder ဂျက် တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူဖို့အတွက် ဒေါ်လာ ၁.၆ ဘီလျံတန်ကြေးရှိ စာချုပ်တစ်ရပ်ကို ပါကစ္စတန်အစိုးရ နဲ့ မကြာသေးခင်ပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ဝယ်ယူမယ့်လေယာဉ်တွေဟာ JF-17 Thunder နောက်ဆုံးပေါ် Block III ဂျက်တိုက်လေယာဉ်တွေဖြစ်ပြီး အ ဆင့်မြင့် လေကြောင်း အီလက်ထရောနစ်စနစ်တွေနဲ့ လက်နက်စနစ်တွေပါဝင်တယ်လု့ိ ဒေသတွင်း မီဒီယာတွေ မှာ ဖော်ပြထားပါတယ်။

 

ဂျက်တိုက်လေယာဉ် ပထမအသုတ်က လာမယ့်နှစ်မှာ စတင်ရောက်ရှိမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ မှာယူထားတဲ့ လေယာဉ်အားလုံး ရောက်ရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

အပေါ့စား ဘက်စုံသုံး ဂျက်တိုက်လေယာဉ်ဖြစ်တဲ့ JF-17 ဟာ ကင်းထောက်တာဝန်နဲ့ အနီးကပ်လေကြောင်း ပစ်ကူတာဝန်တွေအပါအဝင် စစ်ဆင်ရေးမျိုးစုံ ဆောင်ရွက်နိုင်စွမ်းရှိတယ်လု့ိ ဆိုပါတယ်။

 

JF-17 Thunder ဂျက်တိုက်လေယာဉ်တွေကို Pakistan Aeronautical Complex နဲ့ တရုတ်နို်င်ငံရဲ့ Chengdu Aircraft Industry Corp တို့ ပူးတွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

Ref: Azerbaijan to Equip JF-17 Fighter Squadron with Turkish Missiles

 

#PeopleMedia


Share this post