အတိုက်အခံအဖွဲ့နဲ့ ပူးပေါင်းရန် Move Forward ပါတီ အသင့်ရှိ

PUBLISHED - August 3, 2023
နိုင်ငံတကာ၊ သြဂုတ် ၃
Move Forward ပါတီက အစိုးရသစ်မဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ပါတီကိုထောက်ခံမဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူ တွေကို တောင်းပန်လိုက်ပြီးနောက် ပါတီအနေနဲ့ အတိုက်အခံပါတီတစ်ရပ်အနေနဲ့ ရပ်တည်သွားဖို့ အသင့်ရှိနေ ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ချိုင်သာဝတ်တူလာထုန်က သြဂုတ်လ ၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။
ဖီယူထိုင်းပါတီက အစိုးရသစ်ဖွဲ့စည်းနိုင်ရေးကြိုးပမ်းဖို့အတွက် Move Forward ပါတီက ဦးဆောင်ဖွဲ့စည်းထား တဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့က နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပြီးနောက် ချိုင်သာဝတ်က သတင်းစာရှင်း လင်းပွဲတစ်ခု ကျင်းပခဲ့တာဖြစ်ပါတယ်။
ဖီယူထိုင်းပါတီက Move Forward ပါတီကို “ဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ဥပဒေပြင်ဆင်ရေးကို စွန့် လွှတ်လိုက်ပြီး ၎င်းတို့ပါတီကတင်လာမယ့် ဝန်ကြီးချုပ်လောင်းကို မဲပေးထောက်ခံဖို့” ပြောဆိုခဲ့တယ်ဆိုတဲ့သ တင်းဟာ မဟုတ်မှန်ကြောင်း Move Forward ပါတီအထွေထွေအတွင်းရေးမှူးက ငြင်းဆိုခဲ့ပါတယ်။
သောကြာနေ့ (သြဂုတ်လ ၄ ရက်နေ့) မှာ ထိုင်းလွှတ်တော်ထဲမှာ ဝန်ကြီးချုပ်ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထား ပါတယ်။
Move Forward ပါတီနဲ့ ဖီယူထိုင်းပါတီတို့ ကျင်းပခဲ့တဲ့အစည်းအဝေးမှာ အစိုးရဖွဲ့စည်းနိုင်ရေးအတွက် ဖီယူထိုင်း ပါတီက အဓိကပါတီဝင်တွေက ရှစ်ပါတီစုပေါင်းလက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာထဲကနေ ၎င်း တို့ပါတီနုတ်ထွက်တော့မယ်ဆိုတဲ့အကြောင်းကို Move Forward ပါတီကို အကြောင်းကြားခဲ့ကြောင်း ချိုင်သာ ဝတ်က ပြောပါတယ်။
ဖီယူထိုင်းပါတီက ပြည်သူ့အကျိုးအတွက် ဥပဒေကြမ်းတွေ/ မူဝါဒတွေ တင်သွင်းလာခဲ့မယ်ဆိုရင် Move Forward ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက်မှာလားလို့ မေးမြန်းတဲ့အခါ “နားလည်မှုစာချွန်လွှာ (MoU) နှစ်ခု ဟာ ဆက်စပ်မှုမရှိပါဘူး။” လို့ ချိုင်သာဝတ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
Move Forward ပါတီအနေနဲ့ လွန်ခဲ့တဲ့လေးနှစ်လုံး အတိုက်အခံနေရာကနေရပ်တည်ခဲ့ပေမဲ့ လွှတ်တော်ထဲမှာ ဥပဒေကြမ်းလေးငါးခုတင်ပြရာမှာ အောင်မြင်မှုတွေရရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။
လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေဟာ လိုရာဆွဲပြီး မမှန်မကန်ပြောဆိုနေတဲ့အခြေအနေဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရေးရဲ့ တကယ့်ပြဿနာက အာဏာအစစ်အမှန်က ပြည်သူ့လက်ထဲမှာမရှိတာပဲဖြစ်ကြောင်း ဒေါက်တာချိုင်သာဝတ်က ပြောပါတယ်။
Ref: Move Forward party ready to join the opposition: Thai PBS
#PeopleMedia