
PUBLISHED - December 17, 2019
ရန်ကုန်၊ ဒီဇင်ဘာ – ၁၇
(Unicode)
အတိုင်ပင်ခံဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို NLD အမတ် တင်သွင်း သော်လည်း ရှမ်းလွှတ်တော်၌ ရှုံးနိမ့်
……………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ – ၁၇
ICJ တရားရုံး၌ အတိုင်ပင်ခံဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းချက်အပေါ် ထောက်ခံ ကြောင်း အရေးကြီးအဆိုကို ရှမ်းလွှတ်တော်၌ ရှုံးနိမ့်ခဲ့သည်။
အဆိုပါဖြစ်စဉ်အပေါ် NLD ပါတီအမတ် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်း က အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ(၆၈)မဲ၊ ထောက်ခံမဲ(၃၁)မဲဖြင့် ရှုံးနိမ့်ခဲ့ သည်။
ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို ICJ တရားရုံး၌ တရားစွဲဆိုမှုအပေါ် သွားရောက်ဖြေရှင်းသည့် အတိုင်ပင်ခံ ဦး ဆောင်သာ ကိုယ်စားလှယ်အဖွဲ့ကို တိုင်းဒေသကြီး/ပြည်နယ်များ၌ NLD ပါတီမှ ဦးဆောင်ပြီး ထောက်ခံပွဲများ ပြု့လုပ်ခဲ့သည်။
#PeopleMedia #Political