• Follow Us on
Latest News

Home အထက်တန်းပြ ဆရာမကြီးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သည့်အဖွဲ့သည် မြောက်ဥက္ကလာပရှိ PDF အဖွဲ့ Human Rights Defenders နှင့် GZ Defence Force မှ ၎င်းတို့အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ထား

အထက်တန်းပြ ဆရာမကြီးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သည့်အဖွဲ့သည် မြောက်ဥက္ကလာပရှိ PDF အဖွဲ့ Human Rights Defenders နှင့် GZ Defence Force မှ ၎င်းတို့အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ထား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၅ (People Media)

 

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အ-ထ-က(၂)ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၌ တာဝန်ထမ်းဆောင် နေသည့် အထက်တန်းပြဆရာမကြီးဖြစ်သူ ဒေါ်လှလှသန်းသည် နေအိမ်မှ ကျောင်းသို့ အဌားယာဉ်ဖြင့် အသွား မြောက်ဥက္ကလာပမီးပွိုင့်၌ အနီးကပ်သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံးသွားပါတယ်။ အဆိုပါ လုပ်ကြံသတ် ဖြတ်မှုသည် Human Rights Defenders နှင့် GZ Defence Force တို့ကြောင်း ၎င်းတို့အဖွဲ့၏ ထုတ်ပြန်စာအရ သိရပါတယ်။

 

နိုဝင်ဘာ ၄ ရက်နေ့၌ အဆိုပါ အဖွဲ့နှစ်ဖွဲ့ ဆရာမကြီးဒေါ်လှလှသန်းကို ဒလန်ဟု စွပ်စွဲထားပြီး ဒလန်ဆက်လုပ် ပါက အသက်ပျောက်အောင် ပြုလုပ်မယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

 

ဆရာမကြီးသေဆုံးမှုနှင့်ပတ်သက်ပြီး ”ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ဆရာ/ဆရာမကို ဒလန်လို့ စွပ်စွဲပြီး သတ်ကြတာတော်တော် စိတ်မကောင်းစရာပါ။ စာသင်ပေးနေတဲ့ ဆရာ/ဆရာမတွေကို ဘယ်လိုစိတ်နဲ့ သတ်ဖြတ်ဖို့ ကြိုးစားနေလည်းဆိုတာ နားလည်လို့မရဘူး။ ဒါပေမဲ့ သူတို့ ဆရာမကြီးကို သတ်တာ ဆရာမတို့ အနေနဲ့ သူတို့ကို ခွင့်လွတ်ပေးတယ်။ ကလေးတွေကို စာသင်ပေးလို့ ဆရာမတို့ကိုလည်း သူတို့ မလုပ်ကြံဘူးလို့ မပြောနိုင်ဘူး။ ဆရာမတို့ကို သူတို့ လုပ်ကြံရင်လည်း ခွင့်လွတ်ပါတယ်လို့” သေဆုံးသွားသည့် ဆရာမကြီးနှင့် နီးစပ်သည့် ဆရာမတစ်ဦးက ပြောပါတယ်။

 

န-စ-ကမှ နိုဝင်ဘာ (၁) ရက်နေ့မှ စတင်ပြီး ကျောင်းများဖွင့်လှစ်ပြီးနောက် စာသင်ကျောင်းအချို့၌ မိုင်းထောင် မိုင်းခွဲမှုခံနေရသလို လက်ရှိအချိန်၌ အထက်တန်းပြ ဆရာမကြီး လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

#PeopleMedia #ပညာရေး

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post