အထက်တန်းပြ ဆရာမကြီး ဒေါ်လှလှသန်း သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်း NLD ထုတ်ပြန်ချက်သည် ထုတ်ပြန်ချက်အတုသာဖြစ်ကြောင်း ကချင်ပြည်နယ် NLD ပါတီ ရှင်းလင်း

PUBLISHED - November 8, 2021
မြစ်ကြီးနား၊ နိုဝင်ဘာ ၈ (People Media)
ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၌ အထက်တန်းပြ ဆရာမကြီးဒေါ်လှလှသန်း သတ်ဖြတ်ခံရ မှုအပေါ် ဝမ်းနည်းကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်သည်အတုသာဖြစ်ကြောင်း ကချင်ပြည်နယ် NLD ပါတီ၏ ပြန်ကြားရေး Page က ထုတ်ပြန်ပေးထားပါတယ်။
အဆိုပါ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ချက်စာသည်အတု ဖြစ်တယ်လို့ ကချင်ပြည်နယ် NLD ပါတီ၏ ပြန်ကြားရေး Page က နိုဝင်ဘာ ၇ ရက်နေ့၌ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
အဆိုပါ ထုတ်ပြန်စာအတု၌ NLD ပါတီသည် စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်ရန် အားပေးထောက်ခံ ပါသော်လည်း မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား လိုက်လံသတ်ဖြတ်အကြမ်းဖက်နေသည့်လုပ်ရပ်များမှာ ပါတီ၏ လမ်းစဉ်နှင့် ဆန့်ကျင်လျက်ရှိသည့်အတွက် ဆန့်ကျင်ရှုတ်ချသည်ဟုဖော်ပြထားသည်။
အဆိုပါ ထွက်ပေါ်လာသော အထက်တန်းပြ ဆရာမကြီးဒေါ်လှလှသန်း သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်း ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်သည် အတုသာ ဖြစ်ကြောင်း People Media က ထပ်မံအတည်ပြု ထားပါသည်။
#PeopleMedia #သတင်းမှား
(unicode)
………………………………………………………